Powered by Blogger.

Popular Posts

RSS

မိုးတိမ်ဆိုက်ကို ဖုန်းနဲ့အလွယ်ကြည့်လို့ရတဲ့ ဆောဝဲ

မိုးတိမ် ဘလော့ကို ဖုန်းထဲဖွင့်ဖို့မှ andriod ဆေဲာ apk ဖိုင်ပြုလုပ်ထားပါတယ်
ဆောဝဲကို အင်စတောပြီး အင်တာနက်ချိတ်ထားရင် update တတ်ပြီး
ရင် လိုင်းမရှိလည်းဝင်ကြည့်လို့ရပါတယ်လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ....

Download  .apk
အားလုံးအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်....။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

WhatsApp Messagerနဲ့အပြန်အလှန် စာတွေ ၊ ပုံတွေ ၊ ဗီဒီယိုဖိုင်၊ သီချင်းဖိုင် ၊ အသံမက်ဆေ့ လုပ်ဖို့  အသံဖမ်းပြီး အသံဖိုင်လေးပို့မယ်

 ချစ်သူတွေအဖို့ များ ထွင်ထားသလား ထင်ရတဲ့ WhatsApp Messager

ဒီဆော့ဝဲလေးကတော့ ဖုန်းထဲမှာသုံးဖို့ ပါ ။ အပြန်အလှန် စာတွေ ၊ ပုံတွေ ၊ ဗီဒီယိုဖိုင်၊

သီချင်းဖိုင် ၊ အသံမက်ဆေ့ လုပ်ဖို့  အသံဖမ်းပြီး အသံဖိုင်လေးပို့ နိုင်ဖို့ အဆင်ပြေပြီး

လွယ်ကူစေတဲ့ ဆော့ဝဲပါ.။တဖက်လူက မအားတဲ့အခါ ကိုယ်ပြောချင်တဲ့ စကားလေး

ပို့ လိုက်လို့ ရတယ် ။ ကန်သတ်ချက်ကတော့ 5Mb ပါ ။ 5 မိနစ်စာ သီချင်းတစ်ပုဒ်စာ

လှမ်းပို့ လို့ ရပါတယ် ။ အသံမက်ဆေ့ ပို့ လို့ ရတာက သဘောကျဖို့ ကောင်းတယ်

ချက်တဲ့အခါသုံးတဲ့ ပုံလေးတွေက ဘဲလေးတွေ ၀က်ဝံလေးတွေ ကြောင်လေးတွေ

ပန်းလေးတွေဆိုတော့ ချစ်သူ2ဦး ဒီဆော့ဝဲလေးနဲ့  အပြန်အလှန် ချက်တင်လုပ်ဖို့ 

မအားတဲ့အခါ သတိရကြောင်း လွမ်းကြောင်း အသံလေးပို့ ထားဖို့  များ သီးသန့် 

လုပ်ထားသလား ထင်ရပါတယ် ။ ဆော့ဝဲတော့ ရှိပြီ ခက်တာက ချက်တင်လုပ်ပီး

အသံဖိုင်ပို့ ဖို့ က ရည်းစားမရှိပဲဖြစ်နေတယ် ။..ကဲ....ကဲ.... လိုတဲ့သူ စမ်းသုံးချင်သူ

Google play ကယူ ။ ဖုန်းထဲ တန်းထည့်လို့ ရပါတယ် ။ ဖုန်းမှာ သုံးတဲ့အကောင့်နဲ့ 

ကွန်ပျုတာမှာ သုံးတဲ့အကောင့် တူနေရင် ကတ်မဖြုတ်ပဲ ကွန်ပျုတာနဲ့  မချိတ်ပဲ

ချက်ချင်းဝင်ပါတယ် ။ဖုန်းမှာ အင်တာနက်သာ ဖွင့်ထားပြီး နှိပ်လိုက် ။ ဖုန်းထဲကို

ဝင်လာပါလိမ့်မယ် ။ အောက်ကလင့်မှာ ယူသုံးကြည့်ပါ
https://www.dropbox.com/s/vethw98lmren1b3/whatsapp.42680.apk 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ipa ဖိုင်ကို iFunbox နဲ့ Install လုပ်နည်း

   Apple Store ကနေ တိုက်ရိုက် install လုပ်တာမဟုတ်ဘဲ အင်တာနက်ကနေ ipa ဖိုင်များကို ဒေါင်းလွတ်လုပ်ပြီး မိမိရဲ့ PC ကနေ install လုပ်နည်းပါ။ လုပ်နည်းက အရမ်းကို လွယ်ပါတယ်။


၁။ ဒီနေရာကနေ ifunbox ကို Download လုပ်ပါ။

၂။ iDevice ကို USB နဲ့ PC ကို ချိတ်ပါ။

၃။ iFunbox ကို ဖွင့်လိုက်ပါ။ ifunbox ရဲ့ Menu bar မှာ သင့် iDevice နာမည်နဲ့ connected ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ 

၎။ iFunbox Classic အောက်တည့်တည့်က folder viewer ကို ကြည့်ပါ။ အောက်မှာ User Applications ကို ကလစ်ပေးပါ။ User Applications ကို ကလစ်ပေးလိုက်လို့ ဘေးနားဘောက်ထဲမှာပေါ်လာတဲ့ Icon များက သင် Download လုပ်ထားတဲ့ App များဖြစ်ပါတယ်။ အောက်ကပုံကို နမူနာကြည့်ပါ။
၅။ Icon များ အပေါ်မှ Install App ကို ကလစ်ပေးပါ။ ဘောက်တစ်ခု ကျလာပါမယ်။ အဲဒီဘောက်ထဲမှာ သင် Install လုပ်ချင်တဲ့ ipa ဖိုင်ကို ရွေးလိုက်ပါ ။ ခဏစောင့်ပါ Install လုပ်နေပါလိမ့်မယ်။ 
၆။ အောက်ပုံထဲကလို Result of the last app installation: 1 succeeded, 0 failed. ပြလာပြီဆိုရင်တော့ သင် install လုပ်တာ အောင်မြင်သွားပါပြီ။ Failed မှာ 1 လို့ ပြလာရင်တော့ install လုပ်တာ မအောင်မြင်သေးတာဖြစ်ပါတယ်။ 

၇။ တကယ်လို့ To install .ipa purchased with your own Apple ID for that device, the installation works even without Jailbreak. To install unsigned .ipa package, you may need to install AppSync from Cydia. Otherwise, the installation will fail. စာတန်းတက်လာရင် သင့်ဖုံး Cydia ထဲမှာ AppSync ကို ရှားပြီး Install လုပ်ပါ။ ဒီနည်းက Jailbreak လုပ်ပြီးသား iDevice များကို ရည်ရွယ်ပါတယ်။


                                                                               အဆင်ပြေပါစေ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Viber မြန်မာဗားရှင်း ထွက်ပါပြီ


 



ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ 

တစ်ချို့ကို Language Data အခက်အခဲကြောင့်   မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။ 

အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ 


Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။












ကျနော်  iPhone 4 နဲ့ 4S မှာပဲ စမ်းရပါသေးတယ်။ တခြား iOS များမှာလည်း သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ Download လုပ်ယူကြပါခင်ဗျားး။ IPA ဖိုင်ကို iPhone ထဲကို Install လုပ်နည်းကို ဒီနေရာမှာ ရေးပြီးခဲ့ပါပြီ။ 
IPA ကို Download လုပ်ရန် 
 mega | mediafire | zippyshare | box

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

FEB 21 က ထွက်တဲ့ နောက်ဆုံးထွက် Viber {Android}



UPDATED: February 21, 2013
CURRENT VERSION: 2.3.5.329
REQUIRES ANDROID: 2.0 and up
CATEGORY: Communication
INSTALLS: 50,000,000 – 100,000,000
SIZE: 8.9M
PRICE: Free

အထူးပြောစရာပင်မလိုတော့ပါဘူး နောက်ဆုံးထွက်လေးကို တွေ့လို့တင်ပေးလိုက်ပါတယ်
ဒေါင်း၇န် 
ကြာတယ် အောက်ကနေသွားလိုက်
http://www9.zippyshare.com/v/71143709/file.html 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Sanity v2.12 for Android



                              




Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Sanity ဆော့ဝဲလေးကိုမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ဒီဆော့ဝဲလေးတစ်မျိုးထဲနဲ့ ဖုန်းကို ကိုယ်မကိုင်ဖြစ်ရင် auto ဖြေပေးမယ့် Auto Answer, ကိုယ်မကိုင်ချင်တဲ့ ဖုန်းအ၀င် call တွေကို block ထားနိုင်မယ့် Call BlackList, ဖုန်းခေါ်ထားရင်းနဲ့ တစ်ဖက်လူက ဖုန်းကိုင်လိုက်တာနဲ့ ကိုယ့်ဖုန်းဘက်မှာ vibrate တုန်ခါသွားစေမယ့် Urgent Call , ဖုန်းပြောနေစဉ် နားနားကနေခွာလိုက်တာနဲ့ ဖုန်း speaker ကို auto ဖွင့်ပေးမယ့် automatic speakerphone, ကိုယ်ပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်နဲ့ record လုပ်ထားနိုင်မယ့် call record , နားနဲ့ကပ်ပြီးဖုန်းပြောနေစဉ် ကိုယ့်ဦးနှောက်ကို ဖုန်းကထုတ်လွှတ်တဲ့ bluetooth , 3G Internet စတဲ့လိုင်းတွေကြောင့်မထိခိုက်အောင် ခဏတာ auto ပိတ်ပေးထားမယ့် reduce electromagnetic waves စတဲ့ features အလန်းပေါင်းများစွာပါဝင်ပါတယ်။ Sanity v2.12 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Sanity v2.12 for Android အားရယူရန်





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကိုယ်ကြိုက်တဲ့Website တွေကို apkပြောင်းမယ်..

အရင်ဆုံး ဒီဆိုက်လေး ကိုသွားလိုက်ပါ.
CREATE APP NOW! ကိုနှိပ်ပါ.

WEBSITE ကိုနှိပ်ပါ.
Website URL: ဆိုတဲ့နေရာမှာ မိမိဖန်တီးလိုတဲ့ဆိုက်လိပ်စာထည့်ပေးပါ.
ဥပမာ http://koaungmyohtun.ning.com ပေါ့. http:// ဆိုတာကျန်လို့မရပါဘူး.
App name: ဆိုတဲ့နေရာမှာတော့ ကိုယ်ကြိုက်တဲ့နာမည်ထည့်ပါ.
Discription: နေရာမှာဘာမှမပေးလဲရပါတယ်.
Icon: ဆိုတဲ့နေရာမှာ Default ကိုရွေးပါ.ဒါမှမဟုတ် Custom icon ကိုရွေးမယ်ဆိုရင်တော့
jpeg ပုံကို upload တင်ခိုင်းမှာပါ.
screen Orientation: ကို Auto ပဲထားပါ.
Cetagory: နေရာမှာကြိုက်ရာရွေးလို့ရပါတယ်.
အားလုံးပြီးသွားပြီဆိုရင်တော့ CREATE APP ကိုနှိပ်ပါ.
First Name,Last Name,Email...တွေဖြည့်ပြီးသွားရင် I agree ကိုအမှန်ခြစ်ပေးပြီး SIGN UP ကိုနှိပ်ပါ.
အောက်ကစာမျက်နှာလေးပေါ်လာရင်တော့ ကျွန်တော်ပြထားတဲ့လင့်လေးကိုနှိပ်လိုက်ပါ.
အောက်ကစာမျက်နှာလေးရောက်ရင်တော့ DOWNLOAD APP လေးကိုနှိပ်ပြီး ကျွန်တော်တို့လိုချင်တဲ့
Andriod Apk File လေးဒေါင်းလို့ရပါပြီ.

အောက်ကဆိုက်ကလေးကိုအရင်လုပ်ကြည့်ပါလား
http://www.mrtv4.tv/#
အဆင်ပြေပါစေ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ် သုံးနေရပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မ ယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ် သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ 
ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ 
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ 
ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။ ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ 
မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ 
သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။ သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ 
သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။ ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။
 သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။ ဒီနေရာမှ တစ်ခု ထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြေ့တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာေ တာ့မဟုတ်ပါဘူး.. သူမေးထားတဲ့ ပုံနဲ့ လူငါယောက်ကို မှန်အောင် ဖြေ့ရပါတယ်… အချိန်အကြာကြီးယူဖြေ့လို့မရပါဘူး. အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့်  log ပွင့်မှာမဟုတ်ပါဘူး.။ 
အားလုံး အဆင်ပြေကြပါစေဗျား !!!

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလန်းစား 3D Music Playerလေး

iSense Music – 3D Music Player v1.008 Android Applications

အလန်းစား 3D Music Playerလေးပါ။ lock screenမှာ Play/Pause တွေNext/Previous တွေကို သီချင်းနားထောင်ရင်းလုပ်ဆောင်နိုင်ပါတယ် ခင်မျာ.. Download ရယူနိုင်ကြပါပြီ...
Download=> Solidfiles / Mediafire

iSense Music - 3D Music Player apk

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Microsoft Office 2013 New Features

       Microsoft Office 2013 New Features


နောက်ထပ်ထွက်လာတဲ့ MS Office 2013 New Features ဖြစ်ပါတယ်.. လိုချင်သူများ ဒေါင်းနိုင်ပါတယ်.. ဖိုင်ဆိုဒ်က 905.3 MB ရှိတဲ့အတွက် ဒေါင်းပြီး စမ်းပေးဖို့ အဆင်မပြေလို့ပါ.. Download Speed ကောင်းတဲ့သူများအတွက် အဆင်ပြေမှာ တစ်ဖိုင်တည်းတင်ထားပါတယ်..

အဆင်ပြေပါစေ.               
                                           .Download Here Now !

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android ဖုန်းတွေအတွက် Root လုပ်နည်း

iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ၊ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် Root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Root လုပ်နည်းအမျိုးမျိုးရှိပါတယ်။


ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့လုပ်လို့မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။

Samsung Galaxy S (All variants) Backflip Sony Xperia X10 Sony Xperia Mini Drod 2 Galaxy Tab Galaxy I5700 Galaxy 3 I5800 Droid X Samsung Acclaim Cricket Huawei Ascend Motorola Cliq Huawei 8120 Hero Optimus T Droid 1 (z4root 1.2.1) Garmin Asus A50 Motorola Defy LG Ally

အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့ root လုပ်လို့ ရပါတယ်။

1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။ (Download - z4root 3.0.1)

2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါမယ်... မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ အဲဒီမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။


3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ...




4. ဒီအဆင့်မှာ Root လုပ်ဖို့ အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။ Permanent root ကိုပဲရွေးပေးလိုက်ပါ။ Temporary Root ကိုရွေးပေးမယ်ဆိုရင် ဖုန်းကို Power ပိတ်ပြီး ပြန်ဖွင့်ခဲ့ပါက root လုပ်ထားတာတွေအကုန်ပျက်သွားပါလိမ့်မယ်။

5. Permanent root ကိုရွေးပေးပြီး ဖုန်း root လုပ်နေချိန်ကိုခဏစောင့်ပါ။ ခဏနေရင် restart ဖြစ်သွားပါလိမ့်မယ်။ Power ပြန်ပွင့်လာလို့ရှိရင် မိမိရဲ့ဖုန်းထဲမှာ Super User ဆိုတဲ့ App လေးတစ်ခုတိုးလာလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ root လုပ်ပြီး သားဖုန်းဖြစ်သွားပါပြီ။



Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။

Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ် အတားအဆီး မရှိ ကလိလို့ ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူနှင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ :)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Full Screen Caller ID For Android




Full Screen Caller ID ဆိုတာကတော့ Android ဖုန်းတွေရဲ့ မူရင်းပါတဲ့ Caller Screen နေရာမှာအစားထိုးမယ့် app လေးပါ။ ဒီဆော့ဝဲကိုသုံးထားရင် ဖုန်းလာတဲ့အခါ ဖုန်း contact ထဲမှာရှိနေတဲ့သူတွေရဲ့ ဓာတ်ပုံအပြည့်နဲ့ပေါ်မှာဖြစ်ပြီး အခြား incoming & outgoing calls, sms, emails and missed calls တွေကိုလည်းစိတ်ကြိုက်ပြင်ဆင်နိုင်ဦးမှာပါ။ Video ဖိုင်ကိုလည်း ဖုန်းလာတဲ့အခါပေါ်ဖို့ video caller id အနေနဲ့ထားနိုင်ပါသေးတယ်။
FullScreen Caller ID မှာပါဝင်တဲ့ Features အပြည့်အစုံကတော့-
-== Basic features ==–
- Full screen notification for incoming calls
- Full screen notification for outgoing calls
- Full screen notification for missed calls
- Full screen notification for incoming SMS
- Assign picture to groups of contacts (family, coworkers…)
- All buttons and texts are customizable
- Use pictures from sd card, internal camera, online gallery or facebook
- Customize caller design : pick colors, text size of the notifications
- Text-to-speech : the full screen caller id can read out loud your incoming calls, sms and mails
- Facebook integration : pick pictures from facebook or link your contacts with your facebook friends to update all profil pictures with one click
–== Advanced features ==–
- Android integration : share pictures from any Android application to set pictures for your contacts
- Theme support
- Answer by buttons : no more slider to move to pick up the phone
- Answer by sliding the screen.
- Landscape support : high resolutions pictures can be set for both portrait and landscape mode.
- Backup and restore all settings and pictures.
- Video caller Id (beta)
- Block annoying contacts
Full Screen Caller ID PRO v9.4.5 for Android ကို Google Play ၁ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး MM Android မှာတောာ့ freedownload ရယူနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းေ

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
 
ဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi  Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

android Device ပေါ်ကနေ blog ရေးလို့ရမယ့် Blogger 1.2.7.apk

android Device ပေါ်ကနေ blog ရေးလို့ရမယ့် Blogger 1.2.7.apk



android Device ပေါ်ကနေ blog ရေးလို့ရမယ့် Blogger 1.2.7.apk ဖြစ်ပါတယ်....

Download Here !

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

BusinessCards တွေလုပ်တဲ့ Software ပါ.

                              Mojosoft BusinessCards MX 4.81 Portable(86.4MB)



BusinessCards တွေလုပ်တဲ့ Software ပါ.. Portable ဆိုတော့ သွားလေရာဆောင်သွားလို့ရတာပေါ့.. Portable ဆိုပြီး အထင်မသေးနဲ့နှော်...သိပ်မိုက်တဲ့ ဒီဇိုင်းတွေလုပ်လို့ရတယ်..

This program will help to design and print a professional business card. The interface of the program has been designed in such a way that even a beginning user will not have problems with using the program. The process of designing is based on inserting ready for use elements accessible in the program such as figures, images and the background, and freely shifting them on the prepared project. Another advantage of the program is the possibility of saving data about a company or people so that it can be used later while designing a business card. The program uses templates which you can prepare on your own, or you can use ready models , templates of business cards accessible in it. There are 400 examples of business card templates in the program.

Features
Operating jpg, bmp, wmf , png ,tiff and more graphic formats
A dozen or so effects which can be used while working on all objects (text , image , backgrounds) for example: shadows, textures, sepia, gradients and others
Export to high resolution (300 DPI , 600 DPI) pdf,jpg,tiff,bmp graphics file
The size of designed business cards: min 70x40 max 105x65
The appearance of the interface can be changed
Convert and export to CMYK ( with ICC profiles )
Support right to left languages (like arabic,hebrew)
Support unicode
Print on both sides of the paper (duplex printing)
Multilanguage support
400 supported business card paper for ink jet and laser printers, from Avery, APLI, Hisago, Sigel, A-One, Printec and other manufacturers

အဆင်ပြေပါစေ...

Download Links:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပြူတာဆိုင်ရာဝေါဟာရတွေကို အလွယ်တကူသိနိုင်မယ့် Dictionary ဆော့ဝဲ


 
ကျွန်တော်တို့ဟာ ကွန်ပျူတာကို နေ့စဉ်အသုံးပြုနေရင်း ကွန်ပျူတာသုံး စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေထဲက တစ်ချို့သော စကားလုံးတွေရဲ့အဓိပ္ပါယ်ကို မဖြစ်မနေသိဖို့ လိုအပ်လာတာမျိုးတွေ ကြုံရတတ်ပါတယ် ..  သာမာန် အဘိဓာန်တွေထဲမှာ လှန်လှောရှာဖွေကြည့်ပေမယ့် Field မတူတဲ့အတွက်
ရှာတွေ့ဖို့မလွယ်ပါဘူး ..
အဲဒီတော့ ရမ်းသမ်းပြီး နှိပ်ချင်တာနှိပ်ထည့်တာ ပေါ်ချင်တာတွေ ပေါ်သွားပါလေရော .. :D
ဒီနေ့မျှဝေပေးမယ် ပရိုဂရမ်လေးကတော့ အဲဒီလို အခက်အခဲမျိုးနဲ့ ကြုံလာတဲ့အခါမှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် ပရိုဂရမ်လေးတစ်ခုပါ
ကွန်ပျူတာဆိုင်ရာ စကားလုံးတွေအတွက် သီးသန့်ရေးသားထားတဲ့ ကွန်ပျူတာအဘိဓာန်ပေါ့ ..
ဒီဆော့ဝဲလေးက Install လုပ်စရာလည်းမလိုသလို အသုံးပြုရတာလည်း သိပ်ကို လွယ်ကူရိုးရှင်းပါတယ် ..
ဆော့ဝဲလေးကို Double Click နှိပ်ပြီး Run ..
အဘီဓာန်ဝင်းဒိုးလေး ပွင့်လာပြီဆိုရင် ကိုယ်သိချင်တဲ့စာလုံးကို ရိုက်ထည့် .. အဲဒီလို စာလုံးတွေကို ရိုက်ထည့်နေတုန်းမှာပဲ အောက်မှာ သက်ဆိုင်ရာစာလုံးတွေတက်လာမယ် ..
အဲဒီတက်လာတဲ့စာလုံးတွေထဲက ကိုယ့်စာလုံးကို ကလစ်လိုက်တာနဲ့ ညာဖက်က အကွက်ထဲမှာ အဲဒီစာလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလာမှာ ဖြစ်ပါတယ် ..
အဲ .. အသံထွက်ပါသိချင်သေးတယ်ဆိုရင်လည်း အသံထွက်ပြောပြမယ့် Tool လေးပါ ထည့်သွင်းထားပါတယ် ...


ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါဗျာ
 ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2013 တစ်နှစ်စာလုံးအတွက် တသသအမှတ်ရနေစေမယ့် Facebook လှည့်ကွက် (၃) မျိုး


ဒီရက်ပိုင်းတော့ .. ကွန်နက်ရှင်လည်း လုံးဝမကောင်းတဲ့အတွက်
ဆော့ဝဲတွေမတင်သေးပဲ .. နည်းပညာပိုင်းတွေကိုပဲ ဆက်တိုက်
ရေးဖြစ်နေပါဦးမယ် ..
နောက်ပြီး .. ကျွန်တော့်ဘလော့ကို ပုံမှန်လာပြီး အားပေးနေကြတဲ့
သူငယ်ချင်းတွေကိုလည်း တစ်ခုလောက် တောင်းပန်ချင်ပါတယ် ..
ကျွန်တော့်ဘလော့ထဲမှာ တင်ထားတဲ့ ဆော့ဝဲ တစ်ချို့ ( တော်တော်များများပါလေ)
ဒေါင်းလို့မရတာမျိုးတွေ ရှိနေပါတယ် .. ဘာကြောင့်လဲဆိုတော့
ကျွန်တော် .. အင်တာနက်ဗိုင်းရပ်လေးတစ်ခုတွေ့လို့ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရင်း
သူ့လမ်းကြောင်းကို သိဖို့ Run ကြည့်လိုက်တာ အချိန်မှီမသတ်လိုက်နိုင်ပဲ .. Auto Request
ဖြစ်သွားတာနဲ့ Mediafire က သူ့ကို Attack လုပ်တယ်လို့ သတ်မှတ်လိုက်တယ်ထင်ပါရဲ့
ကျွန်တော့်ဖိုင်တွေကို ဖျက်ပစ်လိုက်တဲ့အပြင်
ကျွန်တော့်ရဲ့ အကောင့်ကိုပါ .. Lock လုပ်ပစ်လိုက်ပါတယ် ..
ဒါကြောင့် .. ကျွန်တော့်ဘလော့မှာတင်ထားတဲ့ ဆော့ဝဲအတွက် Download Link တွေ
အလုပ်မလုပ်တော့တာကို သည်းခံပေးကြပါဦး .. တဖြည်းဖြည်းချင်းတော့
အသစ်ပြန်တင်ပြီး လင့်တွေကို ပြန်ချိတ်ပေးပါ့မယ် ..

Facebook က ကျွန်တော့်ရဲ့ .. ညီအစ်ကို တစ်ယောက်ဖြစ်တဲ့ Ye Nayzaraung ကလည်း
သူ့ရဲ့ Mediafire အကောင့်ရော Password ရော ယုံယုံကြည်ကြည်နဲ့ ပေးထားပါတယ် .
ဖွင့်လို့မရလောက်အောင်ကို ကွန်တွေပိန်းနေသေးလို့ လင့်တွေ ပြန်မချိတ်ပေးနိုင်သေးတာပါ
Ye Nayzarnaung ကိုလည်း ကျေးဇူးအကြီးကြီးတင်တဲ့အကြောင်း ဒီပို့စ်လေးကနေပဲ ..
မှတ်တမ်းတင်လိုက်ပါတယ် ..
ဒီနေ့မျှဝေပေးမှာကတော့ .. နည်းပညာပိုင်းလို့ ပြောလို့လည်း ရသလို အပျော်အပျက်သဘောလို့ သတ်မှတ်မယ်ဆိုရင်လည်း ရပါတယ် .. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ဒီပို့စ်လေးကို ဖတ်လို့ပြီးသွားတာနဲ့ သူငယ်ချင်းတို့အနေနဲ့ ဟောဒီ 2013 တစ်နှစ်လုံးနီးပါး .. ဒီပို့စ်လေးကို သတိတရဖြစ်နေလိမ့်မယ် ဆိုတာကိုတော့ ထင်ကြေးပေးလိုက်ပါတယ် ..
ကဲ .. စလိုက်ကြစို့ Facebook Fake လေးတွေ ...

(၁) မကြောက်မလန့်တတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေကို ဒီလင့်လေးပေးလိုက်ပါ

ဟုတ်ကဲ့ .. ကျွန်တော်ကိုယ်တိုင်လည်း အကြောက်အလန့်နည်းတဲ့ လူတစ်ယောက်ပါ ..
ဒါပေမယ့် .. အခုကျွန်တော်ပေးတဲ့လင့်ကို သွားလိုက်တာ ခေါင်းပေါ်က ဆံပင်မွှေးတွေတောင် ထောင်တက်သွားသလား ထင်ရပါတယ် ..
သိပ်ပြီးထူးဆန်းတဲ့ လင့်တော့လည်း မဟုတ်ပါဘူး ..
Facebook User တစ်ယောက်ရဲ့ Profile လင့်လေးပါ ..
သူ့ရဲ့ Profile ကိုရောက်တာနဲ့ ခံစားချက်တစ်မျိုးကို သေချာပေါက်ခံစားရပါလိမ့်မယ် ..
အဲ .. တစ်ခုမှာထားချင်တာကတော့ သူငယ်ချင်းအနေနဲ့ ကြောက်လန့်သွားတဲ့ ခံစားချက်မျိုးကို မခံစားရသေးဘူးဆိုရင် အဲဒီ Profile မှာ ထည့်သွင်းထားတဲ့ အဆင့်မြင်နည်းပညာကို မတွေ့သေးလို့ပါ (ကွန်နက်ရှင်ပေါ်မူတည်ပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်အထိတော့ အဲဒီ Profile ထဲက Profile ပုံမှာပါတဲ့ ကလေးလေးရဲ့မျက်လုံးတွေကို သေသေချာချာ လေ့လာကြည့်နေပါ .. နောက်ကွယ်မှာ ကုဒ်တွေအလုပ်လုပ်နေပါ .. ဒါကြောင့် စောင့်ကြည့်နေလိုက်ပါ .. တစ်ခုခုကို မသိမချင်းပေါ့ .. )
နောက်ပြီး တစ်ခုတောင်းပန်ချင်တာက အဲဒီလင့်ကို နှလုံးရောဂါသည် သူငယ်ချင်းတွေကိုတော့ လုံးဝမပေးမိစေချင်ပါဘူး .. သူငယ်ချင်းကိုယ်တိုင် နှလုံးမခိုင်ရင်လည်း အဲဒီလင့်ကို ၀င်မကြည့်စေချင်ပါဘူး
ကိုယ်စူးစမ်းမှုကို ကိုယ်တိုင်သာ တာဝန်ယူကြဖို့နဲ့ ကျွန်တော်ပေးတဲ့လင့်ကြောင့် ဒီလိုဖြစ်သွားတာ ဆိုတဲ့ အပြစ်တင်မှုမျိုးကိုတော့ မဖြစ်လာအောင် ကူညီပေးကြပါလို့ ..
ကဲ ..  ဆုံးဖြတ်လိုက်ပါ .. သေချာပေါက် စိတ်ခိုင်တယ်ဆိုရင် ....

ဒီလင့် ကိုသွားပြီး ၁၀မိနစ်လောက် လေ့လာကြည့်လိုက်ပါ ...



(၂) Facebook က သူငယ်ချင်းတွေ ဇဝေဇ၀ါဖြစ်သွားစေမယ် ..


ဒီနည်းကလည်း တစ်မျိုးလေးပါ .. အောက်ကပုံကို တစ်ချက်ကြည့်ပါ


အဲဒီလို Newfeed လေး သူငယ်ချင်းတို့ရဲ့ Timeline ပေါ်မှာ မကြာခဏ မြင်ဖူးကြမှာပေါ့ ..
ဒါပေမယ့် .. ဒီပုံရဲ့ထူးခြားချက်က .. အဲဒီထဲမှာ ပါဝင်ပြီး Status လှမ်းပို့ပေးတဲ့လူ .. အောက်ကနေ Comment ၀င်ရေးထားတဲ့ လူတွေဟာ တစ်ကယ် .. Facebook အကောင့်ပိုင်ရှင်တွေကိုယ်တိုင်က လုပ်လိုက်တာမဟုတ်ပဲ .. Application လေးတစ်ခုနဲ့ ဖန်တီးပြီး ကိုယ့်ရဲ့ Timeline ကို ပို့ပေးလိုက်တာပါ
ဒီနည်းကိုသုံးပြီး ပြဿနာတောင်ဖြစ်အောင် ဖန်တီးလို့ရတာကြောင့် ဒီနည်းကို မတင်ချင်ပေမယ့် .. အလားတူပြဿနာမျိုးကြုံလာခဲ့ရင် ဒီလိုလုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆင်ခြင်နိုင်အောင် ရည်ရွယ်ပြီး ဒီနည်းလေးကို မျှဝေပေးလိုက်တာပါ .. (စကားမစပ် .. Ye Nayzaraung နဲ့  သစ်သီးရေ နင်တို့ကို ထည့်သုံးထားမိတယ် .. စိတ်မဆိုးနဲ့နော် .. )
ဒီနည်းလေးကိုသုံးပြီး .. ကိုယ်ကြိုက်တဲ့ Status မျိုး ( ကိုယ်က ရေးတင်တာ . .ကိုယ့် Timeline ပေါ်ကို အခြားတစ်ယောက်က လှမ်းပို့ခဲ့တာ .. ) အဲဒီလိုဖန်တီးလို့ရပြီး အောက်က Comment တွေကိုလည်း ကိုယ်ထည့်ချင်တဲ့လူကို သူကိုယ်တိုင် ၀င်ရေးထားသယောင် ဖန်တီးလို့ရပါတယ် ..

ကဲ .. လုပ်ကြည့်ချင်ရင် ဒီလင့် ကိုသွားလိုက်ပါ ..




 အောက်ကပုံအတိုင်းပွင့်လာမယ် ..


အဲဒီထဲက ပုံတွေ comment တွေရှိတဲ့နေရာလေး ပေါ်လာတဲ့အခါ
 အဲဒီပုံပေါ်မှာ ကလစ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပြောင်းသွားပါမယ်


အဲဒီထဲက Create Your Wall ကိုနှိပ်လိုက်ပါ ..
နောက်အဆင်တွေကတော့ Facebook Application တွေကို သုံးနေကျအတိုင်းပဲ .. Allow ပေးတာတွေဘာတွေတော့ မပြောတော့ဘူးနော် အဆင့်ဆင့်သွားပြီးရင် အောက်ကပုံကိုရောက်မယ်



အဲဒီထဲမှာရှိတဲ့ ပုံတွေကအစ Like တွေ Comment တွေအဆုံး အားလုံးကို ပြင်လို့ရပါတယ် ..
ပုံကိုပြင်ချင်ရင် ပုံပေါ်မှာ ကလစ်ပေးလိုက် .. ကိုယ် ပုံချင်တဲ့ပုံကို ဘယ်ကယူမယ်ဆိုတာ ပြန်ညွန်းခိုင်းလိမ့်မယ် .. Facebook က သူငယ်ချင်းတွေရဲ့ပုံတွေကို ယူသုံးချင်ရင်လည်း ရတယ် ..Google ကပုံတွေ အပြင်ကပုံတွေ တင်မယ်ဆိုရင်တော့ ကျွန်တော်တို့ Profile တွေတင်သလိုပဲ ပုံကို အဆင်ပြေအောင် ကိုယ်လိုသလို ဖျတ် ( Crop ) လုပ်ပေးရမယ် .. အဆင်သင့်ဖြစ်သွားရင် Save ကိုနှိပ်လိုက်ရုံပဲ .. မကြိုက်ရင်လည်း ပြန်ပြောင်းလို့ရသေးတယ်
Like ကိုလည်း ဘယ်သူက Like လုပ်သွားတယ်ဆိုတာကအစ ပြင်လို့ရတယ် .. ပြင်ချင်တဲ့ စာပေါ်မှာ ကလစ်ပေးပြီး ကလစ်ဝင်သွားပြီဆိုရင် Select ပေးပြီး ပြောင်းလိုက်ရုံပဲ ..
သူငယ်ချင်းတွေရဲ့ နံမည်ကို ယူသုံးမယ်ဆိုရင်လည်း တစ်လုံးနှစ်လုံးရေးလိုက်တာနဲ့ လင့်ဝင်လာမှာပဲ ..
ကျန်တဲ့အဆင့်တွေကတော့ .. ဘာမှ သိပ်မခက်ခဲတော့လို့ ဆက်လုပ်လိုက်တော့နော် ..
ကိုယ်လုပ်လိုက်လို့ ကိုယ့် Timeline ပေါ်ရောက်လာတဲ့အခါ .. နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာရင် ကျွန်တော့်တာဝန် ဟုတ်ဘူးနော် .. ( သစ်သီးတို့ ... ရဲနေဇာအောင်တို့လို လူပျိုသိုးကြီးတွေ .. February 14 ရက်နေ့မှာ သက်မွန်မြင့်ဆီကနေ ချောကလက်ပုံလေးလှမ်းပို့သလိုမျိုး လုပ်ကြံဖန်တီးလို့ ရသွားတာပေါ့ .. :P )

(၃) သူငယ်ချင်းတစ်ယောက်ကို ချောက်ချရအောင် ..

ဒီနေ့တင်လိုက်သမျှတော့ .. ကောင်းတာကို တစ်ခုမှ မပါဘူးလို့များ ထင်တော့မလားမသိဘူး ..
ဒီနည်းလေးအတွက် အောက်ကပုံကို ကြည့်လိုက်ပါဦး



အဲဒီထဲကပုံလိုမျိုး ကိုယ့်ရဲ့ Timeline မှာ ကိုယ်ရဲ့ ပုံနဲ့အတူ ကမ္ဘာကျော်သတင်းစာကြီးတွေကနေ ကိုယ့်ရဲ့ သတင်းကို ထုတ်ပြန်လိုက်တာမျိုးများ တွေ့ရရင် အံ့သြသွားမယ်ထင်တယ်နော် ..
အဲဒါဆိုရင် ကိုယ့်နံမည်နဲ့ ကိုယ့် Profile ပုံမဟုတ်ပဲ .. ကိုယ်ချောက်ချချင်တဲ့သူငယ်ချင်းတစ်ယောက်ကို သူဟာ ကမ္ဘာပေါ်မှာ အယုတ်မာဆုံးရာဇ၀တ်ကောင်တစ်ယောက်ဖြစ်တဲ့အကြောင်း Facebook က သတင်းထုတ်ပြန်ပေးအောင် လုပ်လိုက်မယ်ဆိုရင် .. ခံရတဲ့လူတော့ တော်တော်ခွီးသွားမယ် ထင်ပါရဲ့ ..
ဘယ်သူက ပို့လိုက်လို့ပို့လိုက်မှန်းလဲ မသိရဘူး .. ကိုယ်က တစ်ဆင့် ပြန် Share တက်ပုံမျိုး သူငယ်ချင်းတွေ အဆင့်ဆင့်များ လက်ဆင့်ကမ်းပြီး Share လိုက်ရင် နိုင်ငံခြားက Facebook User တွေတောင် ချမ်းဖျားတွေတက်ကုန်မယ်ထင်တယ် ..

ကဲ .. စမ်းကြည့်ချင်ရင်တော့ ကိုယ်ချောက်ချချင်တဲ့ သူငယ်ချင်းရဲ့ နံမည်ကိုနှိပ်ပြီး Address bar မှာ တက်လာတဲ့ သူ့ရဲ့ လင့် .. ( သူ့ရဲ့ ID လို့ ခေါ်ပါတယ် ) ကိုကော်ပီကူးယူပြီး

ဒီလင့် ကိုသွားလိုက်ပါ ..


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ထဲက အပေါ်ဆုံးက Select the topic မှာ ဘယ်လို ခေါင်စဉ်မျိုးနဲ့ သတင်းကို သုံးမယ်ဆိုတာကိုရွေးပေးပါ ..
First name နေရာမှာ ကိုယ်ချောက်ချချင်တဲ့လူရဲ့ နံမည် ရှေ့တစ်ဖြတ် Last name နေရာမှာ သူ့ရဲ့ နံမည်နောက်တစ်ဖြတ် ကိုထည့်ပါ ..
ID ဆိုတဲ့အကွက်မှာ စောနက ကူးယူလာတဲ့လူရဲ့ လင့် ( ID ) ကိုထည့်ပါ ..
Location မှာ သူ့ရဲ့တိုင်းပြည် ( ကိုယ်ကြိုက်ရာ) ကိုထည့်ပေးပါ ..
ပြန်စစ်ချင်သေးရင် Preview ကိုနှိပ်ပြီး ကြည့်လို့ရပါတယ် ..
ကျေနပ်ပြီဆိုရင် အောက်နားက Share နေရာလေးကို Mouse တင်လိုက်ရင် Share လို့ရတဲ့ media တွေ တက်လာမယ် .. Facebook ကိုရွေးပေးလိုက်တာပေါ့ ..
ပြီးသွားပြီ .. နောက်ပြဿနာတော့ ကြည့်ကျက်သာ ရှင်းကြပေတော့ ..
ကဲ .. Facebook ပေါ်မှာ ပျောက်ရွှင်နိုင်ကြပါစေဗျာ ..                                       အိုင်တီမုဆိုးလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS