Powered by Blogger.

Popular Posts

RSS

လေ့လာစရာ CPU အကြောင်း

Core i series code name များမှာ

1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။

Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..
Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ

Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်

1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..

5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
Ads by PlusHD.1Ad Options

7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...

Nehalem microarchitecture based

Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Ads by PlusHD.1Ad Options

Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..

Sandy Bridge microarchitecture based

Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..


Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..

Ads by PlusHD.1Ad Options

Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..

 

 

Intel Core i family

Ads by PlusHD.1Ad Options
Intel Core i family တွေမှာ code name တွေအားဖြင့် Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Brand name အားဖြင့် Core i7, Core i5, Core i3 ဆိုပြီးရှိတယ်။ Xeon series တွေလည်းပါဝင်ပေမယ့် ကျွန်တော်တို့နဲ့အလှမ်းဝေးတဲ့အတွက် မဖော်ပြတော့ဘူး။ သူတို့မှာ desktop သုံးအတွက် LGA 1366 နဲ့ LGA 1156 socket နှစ်ခုရှိတယ်။ LGA 1366 သုံး CPU တွေက DDR3 ကို triple channel ထိအသုံးပြုနိုင်တယ်။ LGA 1156 သုံး CPU တွေက dual channel ပဲရတယ်။ Hyperthreading နည်းပညာကိုပြန်လည်အသုံးပြုလာတယ်။

 CPU speed ကိုမြှင့်တင်နိုင်ဖို့အတွက် Turbo boost ကို ထည့်သွင်းလာတယ်။ ဒါပေမယ့် Core i3 တွေမှာတော့ပါမလာဘူး။ Desktop version နဲ့ Mobile version ဆိုပြီးတော့လည်း ခွဲထားသေးတယ်။ Laptop, Notebook တွေမှာ core i5, i3 ဆိုတိုင်း desktop CPU တွေနဲ့အတူတူလို့မှတ်ယူလို့မရဘူး။ အရင်က FSB တွေအစား Quick Path Interface (QPI) နဲ့ Direct Media Interface (DMI) ကိုအစားထိုးသုံးစွဲလာတယ်။
Gulftown
Gulftown ဟာ Core i7 family ထဲမှာအမြင့်ဆုံးလို့ဆိုနိုင်တယ်။ စစဦးပိုင်းမှာ core i9 လို့ခေါ်တွင်ပေမယ့် နောက်ပိုင်းမှာ core i7 extreme edition အနေနဲ့ရောင်းချတယ်။ သူမှာ core 6 ခုပါဝင်ပြီး Hyperthreading နည်းပညာကိုထည့်သွင်းထားတယ်။ ဒါကြောင့် core တစ်ခုစီကို thread နှစ်ခုနှုန်းနဲ့ core 12 ခုစာအလုပ်လုပ်တယ်။ Nehalem Microarchitecture အစား Westmere Microarchitecture ကိုသုံးထားတယ်။ Process အားဖြင့် 32nm ဖြစ်တယ်။ သူ့ကိုအဓိကအားဖြင့် workstation တွေနဲ့ extreme desktop system တွေမှာသုံးတယ်။ socket က LGA 1366 ဖြစ်တယ်။ 

သူ့ကို Brand name အရ Core i7 9xx, Core i7 9xxX နဲ့ Xeon processor အတွက် Xeon 36xx, Xeon 56xx တို့ဖြစ်တယ် (xx သည် speed ပေါ်မှုတည်၍ နံပါတ်ပြောင်းသည်ကိုဆိုလိုသည်။ L3 Cache က 12 MB ရှိတယ်။ Thermal Design Power (TDP) က 130 Watt ရှိတယ်။ L2 cache က core တစ်ခုစီကို 256MB ရှိတယ်။


Bloomfield
Ads by PlusHD.1Ad Options
Bloomfield CPU တွေက High end desktop တွေအတွက်ရည်ရွယ်တယ်။ Core i7 CPU တွေဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx လို့ပေးထားတယ်။ သူက LGA 1366 socket MB တွေမှာတပ်ဆင်နိုင်တယ်။ သူ့မှာ core လေးခုပါဝင်တယ်။ On-die memory controller ပါဝင်လာပြီး memory က CPU နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်တယ်။ ကျွန်တော်တို့တွေ့နေကြ FSB အစား Intel QuickPath Interface ကိုသုံးထားတယ်။ L1 cache မှာ instruction နဲ့ data အတွက် core တစ်ခုကို 32KB စီပါဝင်တယ်။ L2 cache မှာ Instruction နဲ့ data အတွက် နှစ်ခုပေါင်း 256 KB ကို core တစ်ခုစီအတွက်ထည့်ပေးထားတယ်။ L3 cache က 8MB ပါဝင်ပြီး CPU တစ်ခုလုံးအတွက် ဖြစ်တယ်။ 

Single-die device ဖြစ်တယ်။ Core ၄ခု, Memory controller နဲ့ cache တွေအားလုံးကို die တစ်ခုထဲမှာပေါင်းထည့်ထားတယ်။ Turbo boost technology ပါဝင်လာပြီးသူက core တွေကို တစ်ဆင့်ကို 133MHz နှုန်းနဲ့ အပူချိန်နဲ့ voltage ကိုက်သည်အထိမြှင့်ပေးနိုင်တယ်။ ဟိုးအရင်က CPU တွေမှာအသုံးပြုခဲ့တဲ့ Hyper Threading ကိုပြန်လည်သုံးထားတယ်။ ဒါကြောင့် core တစ်ခုကို thread နှစ်ခုစီနဲ့ core 8 ခုပုံစံနဲ့အလုပ်လုပ်နိုင်တယ်။ ထုက်လုပ်မှုပုံစံမှာ 45nm process ဖြစ်တယ်။ transistor ပေါင်း 731 Million ပါဝင်ပြီး size က 263 mm2 ဖြစ်တယ်။

Lynnfield
Lynnfield အမျိုးအစားတွေမှာ Corei7 နဲ့ Core i5 တွေပါဝင်တယ်။ သူက Core ၄ ခုပါဝင်ပြီး LGA 1156 socket ကိုသုံးတယ်။ Brand name အရ Core i7 8xx, i7 8xxK, i7 8xxS , Core i5 7xx, i5 7xxS လို့သက်မှတ်ထားတယ်။ Xeon တွေအတွက် က 34xx ဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45 nm process နဲ့ထုက်လုပ်တယ်။ သူမှာတော့ core i7 အတွက် hyperthreading ပါဝင်ပြီး၊ Core i5 တွေအတွက်တော့ Hyperthreading ပါဝင်မလာဘူး။ Bloomfield i7 တွေနဲ့ကွာခြားချက်ကတော့ LGA 1156 သုံးထားပြီး Quick path အစား direct media interface ကိုသုံးထားတယ်။ Lynnfield တွေမှာ Direct Media Interface, Memory controller, PCI E links တွေပါဝင်တယ်။ L2 cache က core တစ်ခုစီအတွက် 256 KB နဲ့ L3 Cache က 8MB ပါဝင်တယ်။

Clarkfield
Clarkfield တွေက Lynnfield တွေရဲ့ mobile version တွေဖြစ်ပြီးသူတို့ကို laptop, notebook စတာတွေမှာသုံးတယ်။ Clarkfield တွေက mPGA 989 socket ကိုသုံးပါတယ်။ သူမှာတော့ core i7 ပဲရှိတယ်။ Brand name အရ Core i7 7xxQM, i7 8xxQM, i7 9xxXM Extreme Edition တွေဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45nm process နဲ့ထုက်လုပ်ထားတယ်။ L2 cache က core တစ်ခုစီအတွက် 256KB ဖြစ်ပြီး L3 cache က i7 9xxXM အတွက် 8MB နဲ့ 7xxQM, 8xxQM တွေအတွက် 6MB ဖြစ်တယ်။ သူ့မှာလည်း DMI, PCI E links, Memory controller စတာတွေထည့်သွင်းထားတယ်။

Clarkdale
Clarkdate အမျိုးအစားတွေက Core i5 နဲ့ core i3 CPU တွေဖြစ်တယ်။ သူတို့လည်းပဲ LGA 1156 ကိုသုံးတယ်။ Nahalem Microarchitecture ကိုအခြေခံပြီး 32 nm process နဲ့ထုက်လုပ်တယ်။ Core ကတော့ ၂ခုပဲပါဝင်တယ်။ Brand name အရ i3 5xx, i5 6xx တို့ဖြစ်တယ်။ Xeon အတွက်ကတော့ L340x ဖြစ်တယ်။ L2 cache က core တစ်ခုစီအတွက် 256KB ရှိပြီး၊ L3 cache က 4MB ရှိတယ်။ သူ့မှာလည်း Integrated graphic, memory controller, PCI Express links တွေကိုထည့်သွင်းပေးထားတယ်။

Arrandale
Arrandale တွေက Clarkdale တွေရဲ့ mobile version တွေဖြစ်တယ်။ သူ့မှာတော့ Core i7, Core i5, Core i3 တွေရှိတယ်။ သူကတော့ Westmere Microarchitecture ကိုအခြေခံပြီး 32nm process နဲ့ထုက်လုပ်တယ်။ socket က mPGA 989 ဖြစ်တယ်။ Brand name တွေအားဖြင့် i7 6xxUM, i7 6xxUE, i7 6xxLM, i7 6xxLE, i7 6xxM, i7 6xxE တွေ၊ i5 5xxUM, i5 4xxM, i5 5xxM, i5 5xxE တွေနဲ့ i3 3xxM တို့ရှိတယ်။ Core ၂ ခုပါဝင်ပြီး L2 cache က core တစ်ခုစီအတွက် 256 KB ရှိတယ်။ L3 cache က i5 တွေအတွက် 3MB နဲ့ i7 တွေအတွက် 4MB ဖြစ်တယ်။ သူဟာလည်း Integrated Graphic, DMI, PCI E links တွေပါဝင်ပါတယ်။


Core i family ကို code name တွေနဲ့ရှင်းပြပြီးပြီး။ သူတို့ကို Brand name တွေအရပြန်လည်ဖော်ပြပေးထားပါတယ်။
Credit : http://burmaitshare.blogspot.com
ဝင်းကမ္ဘာကျော်မှ ပြန်လည်ကူးယူတင်ပြလိုက်ပါသည်..




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Four in a Row Game.apk

ကိုင်းဒီနေ့တော့ Four in a Row Game.apk ဒီဂိမ်းကလေး တင်ပေးလိုက်ပါတယ် ကလေးလူကြီးဆော့လို့ရပါတယ် ဦးနှောက်ကလေးသုံးပြီးတော့ ကစားရတဲ့ ဂိမ်းလေးဆိုတော့ စိတ်ဝင်စားစရာလေးဗျာ အပိုထပ်ပြီးတော့ပြောတော့ဘူး လိုအပ်ရင် ဒေါင်းသွားလိုက်ကြဗျာ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပြူတာတိုင်းအသုံးပြု့ရန်ရှိထားသင့်တဲ့ TERACOPY PRO

ကွန်ပြူတာ အသုံးပြု့တဲ့ သူငယ်ချင်းတိုင်း ဒီ APP လေးကို ရှိထားသင့်ပါတယ်။

ဘာဖြစ်လို့ရှိထားသင့်လည်း ဆိုတော့ အချိန်ကုန် သက်သာပြီးဟန်မပျက် အလုပ်လုပ်လို့ရပါတယ်။

ကျနော် တို့ အသုံးပြု့တဲ့ WINDOWS မျာရော COPY လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်။

ဖိုင်ဆိုဒ်ကြီးကြီးတခု့ခု့ ကို အပြောင်းအရွေ လုပ်မယ်ဆိုရင် ဥပမာ  WINDOWS IMAGES ဖိုင်တခု့

4.36  GB လောက်ရှိမယ် ဆိုရင် ၂ မီးနစ်နဲ့ ၅၀ စက္ကန့်လောက်ကြာမယ် WINDOWS မှာပေါ့နော်။

TERACOPY ကိုသုံးမယ် ဆိုရင် ၂ မီးနစ်နဲ့ ၃၀ စက္ကန့်လောက်ကြမယ်။အချိန်အားဖြစ်တော့ သိပ်မကွာဘူး

ထူးခြားတာတခု့က ORIGINAL COPY ကိုသုံးမယ်ဆိုရင် COPY လုပ်နေတဲ့ အချိန်မှာ စက်က ဟန်းပြီး

တခြားအလုပ်တွေ လုပ်ဖို့ ခက်ခဲနေပါလိမ့်မယ်။စက်တိုင်းမဟုတ်တောင် ၈၀ ရာခိုင်နှုန်းလောက်တော့

အဲ့လိုပဲဖြစ်နေတက်ပါတယ်။တကယ်လို့ TERACOPY ကိုအသုံးပြု့မယ် ဆို၇င်တော့ မဟန်းပါဘူး

အခြားအလုပ်တွေကိုလည်း ဟန်မပျက် လုပ်နိုင်ပါတယ်။နောက်တခု့  PAUSE လုပ်ထားလို့ရတယ်။

ကိုယ်ပြန်ကူးချင်တဲ့အချိန်ကြမှ RESUME လုပ်လို့ရတယ်။
 PAUSE နဲ့ RESUME က ဘာကောင်းသလည်းဆိုတော မိမိ ကူးနေတဲ့ အချိန် ကူးပြောင်းနေတဲ့ DISK က

MEMORY မလောက်ဘူး ပြည့်ခါနီးနေပြီဆိုရင် PAUSE ကို နှိပ်ထားပြီး
 ပြည့်နေတဲ့ DISK ထဲ က ဖိုင်တွေကို

CLEAN လုပ်ပေးပြီးတော့ လုံလောက်တဲ့ ဖိုင် ရရှိပြီဆိုတဲ့အခါကြတော့မှ RESUME လုပ်လိုက်မယ်ဆိုရင်

COPY ၂ ခါလုပ်စရာမလိုတော့ပဲ ဒီတိုင်းဆက် RUN ပေးထားလိုက်ရုံနဲ့ အချိန်စား သက်သာသွားတာပေါ့။

အဓိက ကတော့ ရုံးသမားတွေနဲ့ သင့်လျော် ပါတယ်။သူရဲ့ FUNCTION တွေကတော့ အများကြီးပါ။

အသုံးပြု့မယ်ဆိုရင် အောက်မှာဝင်ဒေါင်းပြီး သုံးစွဲနိုင်ပါတယ်။KEY လည်းတခါတည်း ပါ ပါတယ်
DOWNLOAD

ကိုလတ်(ကျွဲဆင်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Facebook Photo Lock ဖြည် နည်း



ဗဟုသုတအနေနဲ့ဒီနေ့ ဖေးစ်ဘုတ်မှာ တွေ့လို့ တင်ပေးလိုက်တာပါ Hein Kyaw Swar တင်ပေးထားတဲ့ Video File လေးပါ ကြည့်ကြည့်ပါ ဗဟုသုတ-ပညာရတာပေါ့.
ပထမဆုံး Japan IP ရဖို့ ကြိုက်တဲ့ VPN သုံးပါ ကျွန်တော် Tunnel Bear နဲ့လုပ်ပြထားတယ်
ဒါက PC နဲ့ဖြည်တာပါ Ph နဲ့ဆိုလည်းရပါတယ် ဒါပေမဲ့ PC နဲ့ ကပိုအဆင်ပြေတယ် Tunnel Bear အကောင့် ရဖို့ ဖုန်းမှာ Tunnel Bear အရင်ထည့် ပြီးရင် တစ်ခြား VPN တစ်ခုသုံြး
ပီး အကောင့် ရအောင်လုပ်ပါ ရတာနဲ့ PC က Tunnel Bear မှာ ဖြည့်ပြီး Japan ပြောင်းပေးပါ ပြီးရင် Video တိုင်းပဲဆက်လုပ်ပါ www. မဟုတ်ဖူး m. နော် Mobile View မှရတယ် အဲ့တာမလုပ်ခင်မှာ ဖွင့်ထားတဲ့ Browser အကုန်ပိတ်ပြီး Cleaner နဲ့ Analyze လုပ်ပြီး Run Cleaner လုပ်ပေးပါ အဲ့မှာကံကောင်းချင်ရင် Security ဖြည့်ပြီးတာနဲ့ Video ကလိုတန်းပေါ်မယ်မပေါ်ရင်လည်း Mobile Mail ဖြည့်တဲ့အကွက်မှာကြိုက်တာလျှောက်ထည့်ပြီး Enter ခေါက် ခဏနေ အဲ့လိုမျိုး ဖုန်းဖြည့်တဲ့အကွက်ပေါ်လာလိမ့်မယ် ထည့်ရမဲ့ဖုန်းနံပါတ်ကတော့ Pinger ပေါ့ Pinger က Miss Call တစ်ခုအရင်လာမယ် ပြီးရင် Voice Mail လာမယ် နားထောင်လိုက် အားလုံး ၄ လုံးပြောလိမ့်မယ် အဆင်ပြေကြပါစေ (www.facebook.com/heinkyawswartun)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Myanmar Hot Sites.apk ရှယ်လေးနော် :D



 ဒီကောင်လေးကတော့ ကျားစာလေးပါ လိုအပ်ရင်တော့ ဒေါင်းသွားကြပေါ့. :D

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

TZ သတင်းစုံ.apk လေးပါ







TZ သတင်းစုံ.apk လေးနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ် ဘယ်သူထုတ်လုပ်တယ်ဆိုတာတော့ မသိဘူး တော်တော်လေးကို စုံစုံလင်လင်ဖြစ်တာတော့ တွေ့ရတယ် မုဘိုင်းနှင့် အပိုပစ္စည်းကဏ္ဍ
ပြည်တွင်းသတင်းကဏ္ဍ ဂျာနယ်များDownload ကဏ္ဍ၊ နည်းပညာကဏ္ဍ၊အားကစားကဏ္ဍ၊ရသ ကဏ္ဍ၊၁၈အောက်မကြည့်ရကဏ္ဍ၊စသည်ဖြင့် ကဏ္ဍပေါင်းများစွာဖြင့် တန်ဆာဆင်ပေးထားတာတွေရှိရပါတယ်........ကျနော့်ဆိုက်ဒ်လေးတောင် ဒီအထဲမှာပါဝင်နေတာတွေ့မြင်ကြပါမယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Samsung ဖုန်းတွေအတွက်လိုအပ်သည့် Update Firmware များကိုအတိအကျရှာပေးနိုင်သည့် ( Android Application )




Naung Yo Facebook စာမျက်နှာမှ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆရာကိုသူရိန်စိုးဖန်တီးထားသော All In One Huawei Root Tool ( 85 MB )

ဆရာကိုသူရိန်စိုးရဲ့All In One Huawei Root Tool ဖြစ်ပါတယ်.. Huawei တွေ အားလုံး Root နိုင်ဖို့ ဒေါင်းယူထားသင့်ပါတယ်.. ဆရာသူရိန်စိုးကို ကျေးဇူးတင်ပါတယ်..
 

Download => Solidfiles / Mediafire

Software ကို Run သည့်အခါ Passwords တောင်းနေလျှင် solar ဟုထည့်ပေးပါ 
http://www.mmithelper.com/မှကူးယူတင်ပြလိုက်ရပါသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Viber က ဖြေရှင်းပေးသော Viber ပြဿ နာ

ဒါကတော့ မှတ်သားထာားသင့်သော viber ရဲ့ ပြဿ   နာ နှင့် အဖြေများ Viber မှ ဖြေရှင်းပေးလိုက်သော Viber ပြဿ     နာများ ===============================  မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။ A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။ A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။  Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။ A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်  (၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။ (၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။ (၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။ (၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။ (၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။ (၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။ (၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။  Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင် ကောင်းမှာပဲနော်။ A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ ခေါ်ဆိုနိုင်ပါလိမ့်မယ်။  Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။ A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။ http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။  (၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။  (၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။  (၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။  Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။ A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။  Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။ A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။  Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။ A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။  Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။ A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။  Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။ A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။  -------------------------------------------------  May Thazin (TSJ Team)
-------------------------------------------------
မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး
တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့
ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။
A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။

ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။
A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။

Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။
A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်

(၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။
(၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။
(၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။
(၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။
(၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။
(၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။
(၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။

Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင်
ကောင်းမှာပဲနော်။
A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ
ခေါ်ဆိုနိုင်ပါလိမ့်မယ်။

Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။
A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။
http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message
တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။

(၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။

(၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။

(၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။

Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။
A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။

Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။
A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။

Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။
A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။

Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။
A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။

Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။
A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Viber ကို offline အသုံးပြုလိုသူတွေအတွက် Viber Offline For Android


 
ကျွန်တော်တို့ အင်တာနက်လိုင်း ဖွင့်လိုက်တာနဲ့ တပြိုင်နက် ဖုန်းမှာ ဗိုင်ဘာ ဆော့ဝဲလ် ရှိရင် အဲ့ ဗိုင်ဘာ က အော်တို အွန်လိုင်း ပေါ်မှာ ရှိနေကြောင်းပြပါတယ်။

ဖေ့ဘွတ် မှာ (သို့) ဂျီတော့မှာ Offline လုပ်ထားလည်း သင် ဖုန်းနဲ့ သုံးနေတာဆိုရင်တော့ ဗိုင်ဘာဆော့ဝဲလ်ကြောင့် သင် အွန်လိုင်းပေါ် မှာ ရှိကြောင်း တစ်ဖက်က သင့်သူငယ်ချင်းက သိမှာ ဖြစ်ပါတယ်။


Viber က ကြူကြူတွေ ရန်က ကင်းဝေးအောင် ဒီဆော့ဝဲလ်လေး ဆောင်ထားပေါ့ဗျာ

အသုံးပြုပုံက ဆော့ဝဲလ် ကို ဒေါင်းပြီး အင်စတောလုပ်၍ ဖွင့်လိုက်ပါ။

ပေါ်လာရင် အောက်နားမှာ Online လို့ ရေးထားတဲ့နေရာကို လက်နဲ့ ဖိပြီး Offline ပြောင်းပေးရုံပါ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 


အားလုံးအဆင်ပြေကြပါစေ..

Aung Ko Htet
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
Aung Ko Htet (www.itstudier.com)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပျူတာထဲက Password မှန်သမျှ ပြန်လိုချင်တယ်ဆိုရင် (Recover All Passwords in Windows OS)



ဒါလေးကတော့ Password တွေပေးပြီး မေ့တတ်တဲ့ သူငယ်ချင်းများအတွက်ပါ... ကွန်ပျူတာထဲမှာရှိသမျှ Password တွေကို အလွယ်တကူ ပြန်ယူပေးပါလိမ့်မယ်..  နောက်ဆုံး Update Version ပါ..။ သူ့ကို အသုံးပြုတော့မယ်ဆိုရင်တော့ မိမိတို့ စက်ထဲမှာ တင်ထားတဲ့ Antivirus ကို ခဏ Disable ပေးထားပြီးမှ Program ကို အသုံးပြုလို့ရစေမှာပါ...။ နောက်ဆုံးထွက် Windows 8,8.1 အထိ Compatible ဖြစ်ပါတယ်..။



Program ကို Run လိုက်လို့ အပေါ်ကပုံအတိုင်း တတ်လာရင် မိမိစက်ရဲ့ OS (32bit or 64bit)  ပေါ် မူတည်ပြီး A (သို့) B,C တခုခုကိုရေးပြီး Enter ခေါက်ပေးရုံပါပဲ ခဏနေရင် Notpad လေးနဲ့ အတူ Window Password , Email & Password , WiFi Password , Facebook Password စ တာတွေကို ပြန်ရပါလိမ့်မယ်..။


Easy solution to backup your passwords.


1 - Features:
* Backup your Passwords saved in web browsers (Firefox, Google Chrome, e more)
* Backup Product Keys saved in all Microsoft Windows Operating Systems
* Backup Product Keys for Microsoft Office
* Backup Wirelles their passwords (WEP/WAP)
* Backup different passwords logins
* Backup passwords in instant messengers on
* Backup passwords in customer's e-mail
* Backup passwords/data from your routers, your existing usb
* Compatible: Windows XP, Windows 7 , Windows 8, Windows 8.1
* Compatible: Windows X64, Windows X86
* It's safe and fast

 





ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android အတွက် Ebook များ ဒေါင်းရန်


အွန်လိုင်းမှာ ဟိုဝင်မွှေဒီမွှေနောက်ရင်း တွေ့ ခဲ့တဲ့ စက်ရုပ်အတွက် စာအုပ်တွေရပြီနော် :D အင်္ဂလိပ် စာအုပ်တွေ ကို 2011 ဘားကန့် ပွဲမှာ ဝေပေးခဲ့တဲ့ ကိုသီဟအေးကျော်(frozen keyboard ဖန်ဆင်းရှင်) ကိုလဲ ဒီနေရာလေးကနေ ကျေးဇူးအထူးတင်ရှီပါကြောင်း။ အွန်လိုင်းမှာ စာအုပ်တွေရှယ်းပေးခဲ့တဲ့ သူငယ်ချင်းတွေနဲ့ မူရင်းရေးသားသူများကိုလဲ ကျေးဇူးအထူးတင်ရှီပါတယ်။  ကဲ ဦးဦးတို့ ရေ ကြိတ်လိုက်ကြစို့ :D  https://www.mediafire.com/folder/n4d5bkndd91fq/
အွန်လိုင်းမှာ ဟိုဝင်မွှေဒီမွှေနောက်ရင်း တွေ့ ခဲ့တဲ့
စက်ရုပ်အတွက် စာအုပ်တွေရပြီနော်
အင်္ဂလိပ် စာအုပ်တွေ ကို 2011 ဘားကန့် ပွဲမှာ ဝေပေးခဲ့တဲ့ ကိုသီဟအေးကျော်(frozen keyboard ဖန်ဆင်းရှင်) ကိုလဲ ဒီနေရာလေးကနေ ကျေးဇူးအထူးတင်ရှီပါကြောင်း။
အွန်လိုင်းမှာ စာအုပ်တွေရှယ်းပေးခဲ့တဲ့ သူငယ်ချင်းတွေနဲ့ မူရင်းရေးသားသူများကိုလဲ ကျေးဇူးအထူးတင်ရှီပါတယ်။
ကဲ ဦးဦးတို့ ရေ ကြိတ်လိုက်ကြစို့ :D

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Photo Comment ပါ ပေးလို့ရတဲ့ နောက်ဆုံးထွက် Facebook 8.0.0.0.2 (For Android)

ဒါလေးကတော့ Android ဖုန်းတွေအတွက် Photo Comment ပါ ပေးလို့ရပြီ ဖြစ်တဲ့ နောက်ဆုံးထွက် Facebook 8.0.0.0.2 ပါ ..
အောက်မှာ ဒေါင်းယူနိုင်ကြပါပြီ...။

 ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Y320-C00 Network Service Tool

ကဲဗျာ ဒီနေ့ အခွင့်ကောင်းလေးတစ်ခုရလာလို့ တင်ပေးလိုက်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာစာက ရိုးရိုးမမှန်တာမဟုတ်ဘူး ၀လုံးကြီးမှ အပျောက်ကလေးတွေနဲ့ဖြစ်နေတာမျိုး ဒီနည်းအတိုင်ဖြေရှင်းပေးလိုက်

အထဲမှာ လုပ်နည်းရော လိုအပ်တဲ့ Softwareတွေရော ပါပြီးသားဗျာ လူကြီးမင်းတို့လဲ အဲလို အခက်ခဲလေးတွေ ရှိနေရင် အောက်မှာ ဒေါင်းသွားကြနော်..


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android Multi Tools v1.02b SD Card ကို Phone Storage လုပ်မယ် ( Root Need )



အချို့  Samsung phone တွေက Bluetooth ကူးတာ Dowload ဆွဲတာတို့ကို Phone Storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း Phone Storage ထဲသွားသိမ်းတာပဲ... Setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ SD Card ကို Phone Storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့....
လုပ်နည်းကတော့ လွယ်ပါတယ်.. Root Explorer နဲ့ System ထဲကို သွားပြင်ပေးရမှာပါ....( need root )

root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး Open in text editor နဲ့ ဖွင့်လိုက်ပါ....  r/o  ကို  r/w  ပြောင်းထားရမယ်နော်...
အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ.....

Text က Phone တခုနဲ့ တခု တူချင်မှတူမှာနော်...အခုဟာကတော့ Huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...

dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host

dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host 

အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း Change ပေးရမှာပါ...

" sdcard    ရဲ့ နောက်မှာ 2 ထည့်ပြီး
sdcard2 ကို နောက်က 2 ဇျက်ပေးလိုက်ပါ..."

ပြီးရင် menu > save လုပ်ပြီး Restart ချပေးလိုက်ပါ...Reboot တက်လာရင် Storage ထဲ သွားကြည့်လိုက်ပါ....SD က Phone Storage ပြောင်းနေမယ်နော်......

စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...တခုခုဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်....ပေးထားတဲ့ Guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ....

ကျွန်တော် လုပ်ကြည့်တာတော့ အဆင်ပြေပါတယ်.... ကျေးဇူးးးးးးးးးးးး
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android Multi Tools v1.02b


Android တစ်မားများအတွက် အသုံးတဲ့Tool လေးပါ 
Android ဖုန်းတွေ Pattorn lock တွေဖြုတ်လို့ရတယ် Logo ကမှာရက်နေတဲ့
ဖုန်းတွေ hard reset ချလိုရတယ် USB တော့ on ထားရမှာပေါ့ 
 ကျန်တော်တော့တစ်ရုတ် Tablet တစ်လုံး

စမ်းပြီးပါပြီ Logo ကနေကို တက်မလာတော့တာ
5.wipe Data လုပ်လိုက်တာ Tablet reset ကျပြီးပြန်တက်လာတော့
ကောင်းသွားတယ် Firmware တောင်တင်စရာမလိုဘူး Tablet တိုင်း ဖုန်းတိုင်း
ရတယ်လို့တော့ မဆိုဘူးနော် စမ်းကြည့်ချင်တယ်ဆိုရင် တော့ အောက်မှာဒေါ်င်းသွားလိုက်.။
 Credit To Mr.phyoနည်းပညာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

PC Tools Registry Mechanic + Key




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android 4.0 အထက်တွေမှာ Data သိပ်မသုံးရဘဲ Memory Full ဖြစ်ရင် ဖြေရှင်းနည်း တစ်ခု



 2.3 တွေတော့မမှတ်မိတော့ဘူးဗျ 4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download :  MB
Download Link 1
Download Link 2

Credit to : Ko Phan

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

computer မှwifi hotspot လွင့်နည်း(bat program)


PhotoPhoto

ဒီbat လေးကျတော့်တွက်တော့်တော်ခေါင်းစားသွားတယ်...hee hee
ဒါသုံးဖို့wireless adapter လိုသေးတယ်နော်
လက်တော့မှာတော့မလိုဘူးးး
desktop မှာတော့လိုဒယ် ချိတ်နည်းကတော့တားတားလည်းတိဝူးးလက်တော့ပဲကိုင်တာခိခိ

ကျတော်တို့ဖုန်းကနေwifi တွေအပြင်ကိုသူများသုံးနိုင်အောင် hotspot လေးတွေလွှင့်ကြတယ်နော်အခုက ကွန်ပျူတာကနေလွင့်မှာပါ
bat file လေးမသုံးခင် အဲ့ထဲမှာပါတဲ့ အဓိက အရေကြီးတဲ့command လေးကိုပြောပြပါမယ်
အရင်ဆုံးသူငယ်ချင်းက wifi hotsopt name နဲ့ password ကိုအရင်သတ်မှတ်ပေး၇ပါမယ်
cmd ကိုဖွင့်ပါ(press window key+R and then type cmd and press enter)
netsh wlan set hostednetwork mode=allow ssid=yourname key=password
အန်းတားခေါက်ပါ
your name ဆိုတဲ့နေရာမှာ hotspot နာမ်မည်ထည့်ပြီး password နေရာမှာ password ထည့်ပေးပါ(၈လုံးကျော်ပါစေနော်)
အဆို ယူစာနိမ်းနဲ့ပက်ဝက်သတ်မှတ်ပြီးပါပြီ
အပြင်ကိုထုတ်ဖို့ကအောက်ကကွန်မန်းလေးပါ
netsh wlan start hostednetwork
ရိုက်ပြီးအန်းတားခေါက်ပါ
ဒါကိုရပ်လိုက်ချင်ရင်တော့
netsh wlan stop hostednetwork
အန်းတားခေါက်ပါ

အဆိုအိုကေပါပြပြိခင်ဗျာ
[ပက်ဝက်မခံခြင်ရင် ဒုတိယcommandတန်းရိုက်လို့ရပါတယ်]
ကျတော်ရေးထားတဲ့ bat ကအထက်က သုံးခုကိုအခြေခံရေးထားတာပါခင်ဗျာ

အသုံးပြုနည်း
=======
အရင်ဆုံးwindow key+R တွဲနိပ်ပါ runbox ကျလာရင် notepad လို့ရိုက်ထည့်ပါ
ctrl +S>file name မှာ hotspot.bat လို့ပေးပါ
save as type မှာall file ကိုရွေးပေးပါ
desktop ပေါ်မှာပဲ Save ပေးပါ
run လိုက်ပါ

အရင်ဆုံးသူငယ်ချင်းက user naem နဲ့ password သတ်မှတ်ဖို့A လို့ရိုက်ပြီးအန်းတားခေါက်လိုက်ပါ(A အကြီးစာလုံးနော်)
password က အနည်းဆုံး၈လုံးမှရပါမယ်

ပြီးတာနဲ့ လွင့်သွားပါလိမ့်မယ်
ကျတော့်ဆိုဒ်လည်းကျလာပါမယ် message box တစ်ခုလည်းထွက်လာပါမယ်

တကယ်လို့သူငယ်ချင်းက B လို့ရိုက်ပြီးအန်းတားခေါက်ရင်
user name နဲ့ password သတ်မှတ်ပြီးသားလွင့်သွားမှာပါ
user name=myothantkyaw
password=myothantkyaw

လွင့်တာရပ်ချင်ရင်တော့
Cလိုရိုက်ပြီးအန်းတားခေါက်လိုက်ပါ
အဆို အိုကေပါပီ

ဥဥ ကိုကိုတို့ code တွေနားလည်ရင် ပြန်ပြင်ပြီးကြိုက်သလိုပြန်ရှဲနိုင်ပါတယ်ခင်ဗျာ

code ကူးတဲ့အခါသတိထားပါ ပုံမှာပြထားတဲ့အတိုင်းအစီအစဉ်ကျမှ
ဒီprogram အောင်မြင်မှာပါ

@echo off

title Wifi Hotspot tool for window(Yat Sauk Tar Lay)
set myothantkyaw=myothantkyaw
set myothantkyawpassword=myothantkyaw
:Ma
color 0a
echo !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
echo.
echo Wifi Hotspot tool For window(Yat Sauk Tar Lay)
echo ++++++++++++++++++++++++++++++
echo.
echo.
echo.
echo If you want to set hotspot name and password.
echo Type A and press enter.
echo.
echo.
echo.
echo IF you want to hotspot from your computer,Type B and press enter.
echo.
echo.
echo.


echo.
echo If you want to stop hotspot network,type C and press enter.
echo ==================================================

echo.
echo.
echo.
echo myothantkyaw20102@gmail.com
echo susushasha@blumail.org
echo.


:Myo

set /p YST=Type you want:
if %YST%==A goto :A
if %YST%==B goto :B
if %YST%==C goto :C
echo.
echo.
echo Please type A and press enter
:A
set /p myothantkyaw=Enter your hotspot name:
set /p myothantkyawPassword=Enter your hotspot password(more than 8 character):

:B
netsh wlan set hostednetwork mode=allow ssid=%myothantkyaw% key=%myothantkyawPassword%
netsh wlan start hostednetwork
msg * Host Name=%myothantkyaw% ,Password=%myothantkyawPassword%.Thank for using this
start http://yatsauktarlay.blogspot.com/?m=1
goto :Ma
:C
netsh wlan stop hostednetwork
start http://yatsauktarlay.blogspot.com/?m=1
goto :Ma

:C
netsh wlan stop hostednetwork
goto :Ma
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS