Android App စတင်ရေးသားခြင်း
Posted by
တော်ဝင်မင်းသားလေး
|
Labels:
knowledge For Android apk
Android applicationကို စတင် ရေးသားတော့မယ်ဆိုရင် IDEတခု လိုမှာ ဖြစ်ပါတယ်။ IDEဆိုတာကတော့ ကျွန်တော်တို့ codingရေးသားဖို့ အတွက် လိုတဲ့ toolတစ်ခုပေါ့။ IDEတော်တော်များများ ရှိမေပဲ့လည်း Googleကိုယ်တိုင် recommandပေးတဲ့ IDEက Eclipseပါ။ တကယ်လို့ ကွန်ပျူတာမှာ Eclipse IDEရှိပြီးသားဆိုရင်တော့ >>>>>> android sdk extension သွင်းဖို့လိုပါလိမ့်မယ်။ Eclipseရှိပြီးသားဆိုရင် andoird sdkကို downloadဆွဲပြီး eclipseရဲ့ Help > Install New Software ဆိုတာကို ရွေးပေးပြီး addကို clickလုပ်၊ Add Dialog boxပေါ်လာတဲ့အခါ Nameကို ADT Plugin Link URL ကျတော့ ဒါကို (https://dl-ssl.google.com/android/eclipse/) ထည့်ပါ။ ပြီးရင် nextတွေ clickလုပ်၊ နောက်ဆုံး agreeပြီး finish။ ပြီး eclipseကို restartလုပ်၊ use existing sdkဆိုတာကို dialogတက်လာရင် ရွေးပေးလိုက်ပြီး downloadလုပ်ထားတဲ့ sdkရဲ့ loactionကို ရွေးပေးပြီးရင် သုံးလို့ ရပါပြီ။ >>>>> အဲ့IDE မရှိဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ googleက ထုတ်ပေးတဲ့ Android Developer Toolကို သုံးပါ။ ADTကို သုံးချင်ရင်တော့ ဒီကနေ သက်ဆိုင်ရာ OSအလိုက် downloadဆွဲနိုင်ပါတယ်။ ဟုတ်ကဲ့ ADTကို downloadဆွဲပြီးရင် လုပ်ရမှာကတော့ zip fileဖြည်ပြီး သုံးရုံပါပဲ။ ADTဟာ portableဖြစ်ပါတယ်။ zipဖြည်လိုက်ရင် eclipseဆိုတဲ့ folderရယ်၊ sdkဆိုတဲ့ folderရယ် နှစ်ခု ပေါ်လာပါလိမ့်မယ်။ eclipseဆိုတဲ့ folderထဲက eclipse.exeဆိုတာလေးကို ဖွင့်လိုက်ပါ။အာ့ဆို အောက်ကလို Android Developer Toolsဆိုပြီး တက်လာပါလိမ့်မယ်။
http://poepoemyintswe.wordpress.com/2
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment