Powered by Blogger.

Popular Posts

RSS

Windows 8 နဲ့ Windows Server 2012မှာ .Net Framework 3.5 နဲ့ 4.0 Install မရခြင်းပြဿနာဖြေရှင်းနည်း



shwe yee: ကိုပေါက်ရေ အမ computer ကို window 8 တင်ထားပါတယ် net frame 3.5 နှင့် 4.0 ကို install လုပ်တော့မရဘူးဖြစ်နေတယ်.net frame ကိုဘယ်လိုသွင်းရလဲပြောပေးပါနော် ကျေးဇူးပြဲုပီး..

ဒီအမေးက (၃)ယောက်ရှိပါပြီ. ကျွန်တော် မတင်အားတာနဲ့မတင်ဖြစ်တာပါ.. တကယ်တော့ Windows Version အလိုက် .Net Framework တွေဟာ တစ်ပါတည်း Build in ပါလာပြီးသားဖြစ်ပါတယ်.. သူ့ Operation နဲ့ကိုက်ညီတဲ့ .Net တွေကို Microsoft က တစ်ပါတည်းထည့်ပေးလိုက်ပေမယ့် အသုံးပြုတဲ့ Software တစ်ချို့ကတော့ .Net Framework ကို ဗားရှင်းအမြင့်မှ လက်ခံတတ်ပါတယ်.. အခု မရွှေရီ ရဲ့ Windows 8 နဲ့ Windows Server 2012 မှာ .Net Framework 3.5 ရော. 4.0 ပါ.. အဆင်သင့်ပါလာပြီးသားပါ.. ကျွန်တော်တို့ သုံးနေတဲ့ Windows က Pirate Windows ဖြစ်တဲ့အတွက် Setting တစ်ချို့ မှားနေတာပါ..
Windows 8 နဲ့ Windows Server 2012 မှာ Setting မှားနေတာကိုမပြင်မိဘဲ .Net Frame ထပ်ထည့်ခဲ့ရင် အောက်ကပုံမှာလို. Error တက်မှာဖြစ်ပါတယ်..


အဲဒီ Error ကို Setting ထဲမှာ ပြင်ကြည့်ရအောင်..
Winodws 8 အတွက် 
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
2. ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
3. နောက်ထပ် Turn Windows Features on or off ဆိုတာကို ကလစ်တစ်ချက်နှိပ်လိုက်ပါ..
(ဒါမှမဟုတ်)
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
2. Run Box ထဲမှာ OptionalFeatures.exe လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ဒါဆိုရင် Turn Windows Features on or off ဆိုတဲ့ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်..
3. အဲဒီဘောက်ထဲမှာ .Net Framework ဆိုတဲ့ Folder တွေကိုလိုက်ရှာပါ.. .Net Framework 3.5, 4.0, 4.5 ဘာပဲရှိရှိ .. ရှိတဲ့ .Net Framework ဆိုတဲ့ Folder တွေရဲ့ဘေးမှာ အမှန်ခြစ်တွေခြစ်ပေးလိုက်ပါ.. (တကယ်လို့များ .Net Framework တွေမရှိခဲ့ရင် Install လုပ်ဖို့ အောက်မှာလင့်ပေးထားပါတယ်.. အဲဒီ .Net Framework တွေမရှိရင်တော့ ပထမအစမှာဖေါ်ပြခဲ့တဲ့ Error တက်မှာမဟုတ်ပါဘူး.. )


4. .Net Framework Folder တွေရဲ့ ဘေးမှာ အမှန်ခြစ်ပြီးရင်တော့ OK ကိုနှိပ်လိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ.. ဒါဆိုရင် မိမိကွန်ပျူတာထဲက .Net Framework တွေ ကောင်းကောင်း အလုပ်လုပ်ပါပြီ... ဗားရှင်းနိမ့်လို့ မြင့်တာထည့်မယ်ဆိုရင်လည်း ထည့်လို့ရပါပြီ.. တူတာတော့ထည့်လို့မရပါ..
****************************************************

Windows Server 2012 အတွက်
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
2. ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
3. နောက်ထပ် Turn Windows Features on or off ဆိုတာကို ကလစ်တစ်ချက်နှိပ်လိုက်ပါ..
(ဒါမှမဟုတ်)
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
2. Run Box ထဲမှာ ServerManager လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ဒါဆိုရင် Add Roles and Features Wizard ဆိုတဲ့ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်..


3. အဲဒီဘောက်ထဲမှာ ဘယ်ဘက်အခြမ်းက Features ကိုတစ်ချက်နှိပ်လိုက်ပါ.. ညာဘက်မှာ.Net Framework ဆိုတဲ့ Folder တွေကိုတွေ့ရမှာဖြစ်ပါတယ်.... .Net Framework 3.5, 4.0, 4.5 ဘာပဲရှိရှိ .. ရှိတဲ့ .Net Framework ဆိုတဲ့ Folder တွေရဲ့ဘေးမှာ အမှန်ခြစ်တွေခြစ်ပေးလိုက်ပါ..
4. အမှန်ခြစ်ပေးပြီးရင်တော့ Nexo> OK ကိုနှိပ်လိုက်ပြီးပါ.. (တကယ်လို့များ .Net Framework ထည့်ချင်တယ်ဆိုရင်တော့ Install ကိုနှိပ်ရမှာဖြစ်ပါတယ်..)
5.ကွန်ပျူတာကို Restart ချပေးလိုက်ပါ.. ဒါဆိုရင် မိမိကွန်ပျူတာထဲက .Net Framework တွေ ကောင်းကောင်း အလုပ်လုပ်ပါပြီ... ဗားရှင်းနိမ့်လို့ မြင့်တာထည့်မယ်ဆိုရင်လည်း ထည့်လို့ရပါပြီ.. တူတာတော့ထည့်လို့မရပါ..

ကိုပေါက်ဆီကနေ လိုချင်နေတာလေးရလာလို့ ပြန်လည်တင်ပြပေးလိုက်တာပါ

အဆင်ပြေပါစေ..




.Net Frame Download Links: 

  1.  .Net Framework 4.0 Download Here ! 
  2. .Net Framework 4.5 Download Here ! 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment