Powered by Blogger.

Popular Posts

RSS

ကိုယ်ပိုင် ကွန်ပြူတာ Boot Loader ဘယ်လို Develop လုပ်မလဲ


Photo: ကိုယ်ပိုင် ကွန်ပြူတာ Boot Loader ဘယ်လို Develop လုပ်မလဲ   ဒီပို့စ်က အခက်ကြီးမဟုတ်ပေမယ့် C++ နဲ့ Assemby ဘာသာရပ်တွေကို အခြေခံအဆင့်လောက် မတတ်ထားသေးရင်တော့ ဖက်ဖို့ခက်ခဲနေပါမယ်၊ ပို့စ် ကရှည်တော့ တစ်ရက်ထဲရေးလို့မရဘူး၊ သုံးရက်လောက်ရေးရမယ်၊ ဒီပို့စ် အားလုံးပီးရင် Project တစ်ခုလုံးကို zip ဖိုင်နဲ့ မျှဝေသွားပါမယ်၊   Brighter Myanmar က တင်တဲ့ ပို့စ်တွေမှာ သာမာန်ထက်ပိုပီးစိတ်ဝင်စားစရာကောင်းတဲ့ Data Processing နဲ့ Hardware Components တွေအကြောင်းပါပါတယ်၊ အခုရေးမယ့် ကွန်ပြူတာ Bootloader Development က High-level နဲ့ low-level ပေါင်းပီး Bootloader Develop လုပ်မယ့် Project အကြောင်းပါ၊ ပုံမှန်တော့ Desktop Application တို့ Phone Application တို့ တည်ဆောက် ဖို့ အတွက် Hight-level programming တွေဖြစ်တဲ့ C, C++ နဲ့ ဖုန်း application အတွက် Java ကိုအသုံးပြုကြပါတယ်၊ ဒါပေမယ့် လိုအပ်လို့ low-level Programming နဲ့ ပတ်သတ်တဲ့ System ၀င်တင်တဲ့ အလုပ်မျိုး ကို လုပ်လာရပီဆိုရင် low-level programming ဖြစ်တဲ့ Assembly ကိုသုံးရပါလိမ့်မယ်၊ ဒီပို့စ် မှာ ကွန်ပြူတာ စဖွင့်တာနဲ့ ဘယ်လို အဆင့်ဆင့်အလုပ်လုပ်သွားလဲ နဲ့ System တစ်ခုလုံး ဘယ်လို ၀န်တင်လဲဆိုတာကိုပြောသွားမယ်၊ ပီးတော့ ကွန်ပြူတာ System Booting ရဲ့ ပထမဆုံး အစိတ်အပိုင်း ဖြစ်တဲ့ ကိုယ်ပိုင် boot loader တစ်ခု ဘယ်လို Develop လုပ်မလဲဆိုတာ ကို Project တစ်ခု အနေနဲ့ ရှင်းသွားမယ်၊ Bootloader ဆိုတာဘာလဲ   ပထမဆုံးပြောချင်တာကတော့ ဒီပို့စ်မှာရေးမယ့် Bootloader က အရင်ရေးခဲ့ဖူးတဲ့ Android Bootloader မဟုတ်ဘူးဆိုတာပဲ၊ ခု ပြောမယ့် Bootloader က ကွန်ပြူတာ Bootlaoder ပါ၊   Bootloader က ကွန်ပြူတာ Hard drive ရဲ့ ပထမဆုံး အစိတ်အပိုင်း မှာတည်ရှိတယ်၊ အဲ့ဒီ့ bootloader အစိတ်အပိုင်းကပဲ ကွန်ပြူတာ တွေ boot စလုပ်တယ်၊ BIOS (Basic Input Output) က ကွန်ပြူတာ Power စဖွင့်တာနဲ့ ကွန်ပြူတာ ရဲ့ Hard drive ပထမဆုံး အစိတ်အပိုင်းမှာ ရှိတဲ့ ကုတ်တွေကို စဖတ်ပါတယ်၊ အဲ့ဒီ့ ပထမဆုံး အစိတ်အပိုင်းကို Master Boot Record လို့ခေါ်ပါတယ်၊  လက်တွေ့လုပ်မယ်  ကိုယ်ပိုင် Bootloader တစ်ခု တည်ဆောက်ဖို့ အတွက် လိုအပ်တဲ့ ကွန်ပြူတာ ဘာသာရပ်နဲ့ အသုံးပြုမယ့် IDE တွေအကြောင်းကိုပြောမယ်၊ှSystem Boot အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုလဲ ထည့်ပြောသွားမယ်၊  Bootloader တစ်ခုတည်ဆောက်ဖို့ ဘယ်လို ကွန်ပြူတာ ဘာသာရပ်တွေ တတ်ထားရမလဲ   ကွန်ပြူတာ Power စဖွင့်တာနဲ့ interrupts လို့ခေါ်တဲ့ BIOS function က စတင်အလုပ်လုပ်ပါမယ်၊ BIOS function ဖြစ်တဲ့ Interrupts ရဲ့ အဓီက အလုပ်ကတော့ ကွန်ပြူတာကိုထိန်ချုပ်မယ့် Hardware တွေကို စတင် အသက်သွင်း မောင်းနှင်ခြင်းပါ၊ ဒီတော့ စဉ်းစားရတာ လွယ်တယ်၊ အခြား ဘယ် Program မှ အလုပ်လုပ်ခွင့်မရခင် interrupts က အလုပ်စလုပ်မယ်ဆိုတော့ အဲ့ဒီ့ interrupts function ကို ရေးမယ့် ကုတ်က C နဲ့ C++ မဖြစ်နိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ C နဲ့ C++ က Compiler တွေလိုတယ်၊ အဲ့ဒီ့လိုပဲ mid-level ဘာသာရပ်ဖြစ်တဲ့ Java က လဲ JVM ရှိမှ အလုပ်လုပ်မှာဖြစ်လို့ သုံးလို့မရဘူးလေ၊ ဒီတော့ Hardware တွေကို တိုက်ရိုက် အလုပ်ခိုင်းနိုင်မယ့် low-level ဘာသာရပ်ဖြစ်တဲ့ Assambly ကိုပဲသုံးဖို့ရှိတော့တာပေါ့၊ ဒါ့ကြောင့် ကိုယ်ပိုင် Bootlaoder Develop လုပ်လိုတဲ့ သူအတွက် Assambly ဘာသာရပ်ကို အသင့်အသင့်တော့ တတ်ထားဖို့လိုအပ်ပါတယ်၊ ဒါပေမယ့် အသဲ အသန် ကျွမ်းကျင်ဖို့ တော့လဲ မလိုလှပါဘူး၊ အကြောင်းက Brighter Myanmar ရဲ့ Bootloader Project မှာ High-level ဘာသာရပ်နဲ့ တည်ဆောက်ထားတဲ့ ကုတ်တွေကို low-level နဲ့ အမိန့်ပေး အလုပ်လုပ်ခိုင်းတဲ့ "mixed-code" နည်းပညာကိုသုံးသွားမှာမို့ပါ၊ ဒီလို "mixed-code" နည်းပညာကို အသုံးပြုခြင်းဟာ Bootloader Develop လုပ်ခြင်းကို ပိုမိုချောမွေ့စေမှာဖြစ်ပါတယ်၊ ခုအဓီက သုံးသွားမှာက Hight-level ဘာသာရပ်ဖြစ်တဲ့ C++ ကို အဓိက သုံးမယ်၊ C ကို ကျွမ်းကျင်ထားရင် ခု သုံးမယ့် C++ ကိုလေ့လာရတာလွယ်ပါတယ်၊ ဒါပေမယ့် ရေးထားတဲ့ ကုတ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း အဆင့်မြင့်ဖို့အတွက်တော့ C++ က ပိုပီး အဆင်ပြေပါတယ်၊ Java နဲ့ C# ကတော့ Virtual Machine တွေကြားခံပီး Compile လုပ်ရတဲ့ အတွက် processor insturctions လုပ်မယ့် ဒီ Project အတွက် လုံးဝကို သုံးမရပါဘူး (Java အတွက် ကြားခံ compiler က Java Virtual Machine ဖြစ်ပီး C# အတွက်တော့ .NET ဖြစ်ပါတယ်)၊ ဒီတော့ C++ နဲ့ Assambler ကိုသုံးသွားကြမယ်၊   ဘယ်လို compiler အမျိုးအစားသုံးသွားမလည်း   ကျွန်တော်တို့က mixed-code နည်းကိုသုံးသွားမှာ ဆိုတော့ ဘာသာရပ်နှစ်ခုကိုရောမယ်ပေါ့၊ ဘာသာရပ်နှစ်ခုဆိုတော့ compiler နှစ်ခုလိုပီ၊ ပီးတော့ .obj ဖိုင်တွေအဖြစ် object ဖိုင်တွေကို ချိတ်ဆက်ပေးမယ့် linker လဲလိုတယ်၊   processor function တွေမှာ  mode နှစ်မျိုးရှိတယ်၊ real mode နဲ့ protected mode တို့ပါ၊ real mode က 16-bit ဖြစ်ပီး ကန့်သတ်ချက် တစ်ချို့ရှိပါတယ်၊ Protected mode ကတော့ 32-bit ဖြစ်ပီး Operation System တွေအလုပ်လုပ်ရာမှာ အပြည့် အ၀ ထောက်ပံ့ပေးထားပါတယ်၊ processor တွေ စတင်အလုပ်လုပ်တဲ့ အခါ မှာ 16 bit mode နဲ့ လုပ်ပါတယ်၊ ဒီတော့ 16-bit mode အတွက် အလုပ်လုပ်နိုင်မယ့် Program တစ်ခုကိုတည်ဆောက်ပီး အလုပ်လုပ်မယ့် ဖိုင်တွေ  Run ပေးရမယ်၊ Assembler ဖိုင်တွေကို compile လုပ်ပီး ချိတ်ဆက်ပေးဖို့ compiler တစ်ခုနဲ့ linker တစ်ခုလိုမယ်၊ modern compilers တွေကတော့ 32-bit applications တွေမှာသာလျှင် အလုပ်လုပ်တဲ့ အတွက် 16-bit mode အတွက်သုံးလို့မရဘူး၊ C++ အတွက် Compiler ကတော့ Microsoft Virsual Studio 1.52 ကိုသုံးသွားမယ်၊ အောက်က Compiler စာရင်းကို ကြည့်ပါ၊   ML 6.15 – Assembler compiler by Microsoft for 16-bit mode;  LINK 5.16 – the linker that can create .com files for 16-bit mode;        CL – С, С++ compiler for 16-bit mode.  အခြား Compiler အမျိုး အစားတွေကိုလဲ အသုံးပြုနိုင်ပါတယ်၊ DMC – free compile for Assembler, C, C++ for 16 and 32-bit mode by Digital Mars; LINK – free linker for DMC compiler;      နောက်ထပ်ရွေးချယ်နိုင်တဲ့ Compilers တွေလဲရှိပါသေးတယ်၊  BCC 3.5 – С, С++ compiler that can create files for 16-bit mode; TASM - Assembler compiler for 16-bit mode; TLINK – linker that can create .com files for 16-bit mode.  အောက်မှာပါဝင်တဲ့ ကုတ်တွေအားလုံးကို Microsoft က Compiler ကို သုံးပီးတည်ဆောက်ထားတာပါ၊  System တွေ ဘယ်လို Boot လုပ်သလဲ   ဒီ Project နဲ့ ပက်သက်ပီး အဓိက နားလည်ထားရမယ့် System Booting အကြောင်းကို အကျည်းချုပ် ပြောပါမယ်၊ အထက်က ပုံကိုတော့ သေချာကြည့်ထားပါ၊ RAM ရဲ့ Address 0000:7C00 ကိုစပီး control ကို ပို့ပေးတာနဲ့ MBR (Master Boot Record) က Operation System boot ကို စတင်ခေါ်ပါတယ်၊ (MBR- Master Boot Record ရဲ့ အဆင့်ဆင့် အလုပ်လုပ်ပုံနဲ့ တည်ဆောက်ပုံကို အခြား ပို့စ် တစ်ခု အနေနဲ့ ရှင်းပြပေးပါမယ်)၊ ကုတ်အစီအစဉ်   နောက်တစ်ပိုက်ရောက်ရင် low-level programming သုံးပီး ကုတ်စရေးမယ်၊ ခုတော့ တဆင့်စီ လုပ်သွားမယ့် Plan ကိုရှင်းပြမယ်၊ ခုတည်ဆောက်သွားမယ့် Bootloader က အောက်က အလုပ်တွေအားလုံးကို လုပ်နိုင်စွမ်းရှိမယ်၊    Memory ရဲ့ 0000:7C00 address ကို မှန်ကန်စွာ ၀န်တင်နိုင်ရမယ်၊   high-level language နဲ့ Develop လုပ်ထားတဲ့ BootMain Function ကိုခေါ်နိုင်ရမယ်၊   Hello World ဆိုတဲ့ စာလုံးကို low-level သုံး message တစ်ခု အနေနဲ့ ဖော်ပြနိုင်ရမယ်၊    Program architecture   ပထမဆုံး High-level ဘာသာရပ်တွေ နဲ့ အလုပ်မလုပ်နိုင်ခင် StartPoint အလုပ်(entity) ကို Assamby ဘာသာသီးသန့် သုံးပီး Develop လုပ်မယ်၊ StartPoint အလုပ်(entity) က ဘယ် Compiler ကိုသုံးမလဲဆိုတာကို ရွှေးချယ်ပေးရမယ့် တာဝန်ရယ် disk ကို ဖတ်ပီးသွားရင် Memory ရဲ့ ဘယ် address မှာ ၀န်တင်ရမယ်ဆိုတာကို ညွန်းမယ့် အလုပ် ရယ် processor တွေရဲ့ register လုပ်မူကို မှန်အောင်လုပ်ရမယ့် အလုပ်ရယ် High-level ဘာသာရပ်နဲ့ ရေးထားတဲ့ BootMain ကို ဘယ်လို ထိန်းချုပ်မူတွေလှမ်းပိုရ ရမယ်ဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ်၊    BootMain ကတော့ Program တစ်ခုလုံးရဲ့ အလုပ်လုပ်ဆောင်မူတွေအားလုံးကို ရေးထားတဲ့ အစိတ်အပိုင်းဖြစ်မယ်၊ CDisplay နဲ့  CString Classes တွေက screen ပေါ်မှာ message တွေကိုဖော်ပြမယ့် အစိတ်အပိုင်းကိုတာဝန်ယူရမယ်၊ CD display Class uက အလုပ်လုပ်တဲ့ အခါမှာ CStringclass ကို ခေါ်သုံးသွားမယ်၊ ဒီပို့စ်မှာတော့ Microsoft Visual Studio 2005 (သို့) 2008 တို့ ကိုသုံးပီးလုပ်သွားတယ်၊    အရင်ဆုံး အဓိက အလုပ်ကိုလုပ်မယ့် Makefile Project တစ်ခုကိုတည်ဆောက်လိုက်ပါ၊   Screen ပေါ်မှာ message ကိုဖော်ပြမှာ ဖြစ်တဲ့ အတွက် အရင်ဆုံး Screen ကိုရှင်းထားရပါမယ်၊ ဒီ့အတွက် BIOS interrupt ကိုသုံးသွားမယ်၊ BIOS မှာ Video adapter, keyboard, disk system တို့လို ကွန်ပြူတာ Hardware တွေနဲ့ တွဲပီး အလုပ်လုပ်ဖို့ အတွက် interrupts တွေ ရှိပါတယ်၊ interrupt တစ်ခုစီမှာ အောက်ပါပုံစံ တည်ဆောက်ပုံတွေပါပါတယ်၊   int [number_of_interrupt];    number_of_interrupt က inturrupt နံပါတ်တွေကိုညွန်းပါတယ်၊ interrupt တစ်ခုစီအတွက် သက်ဆိုင်ရာ Parameters တွေရှိပါတယ်၊ အဲ့ဒီ့ parameters တွေကို interrupt ကိုခေါ်မသုံးခင်ဖြည့်ထားရပါမယ်၊   "ah" processor register က လက်ရှိအသုံးပြုနေတဲ့ interrupt ရဲ့ function တွေရဲ့ အလုပ်တာဝန်ပါ၊ အခြား registers တွေကတော့ current operation အတွက် အခြား parameters တွေကိုညွန်းပါတယ်၊ ခု "int 10h" interrupt က Assembler မှာ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကိုကြည့်ပါမယ်၊ ဗွီဒီယို mode နဲ့ Screen ကို ရှင်းနိုင်တဲ့ 00 function ကိုသုံးကြည့်မယ်၊   mov al, 02h ; (graphical mode ကို 80x25 ချိန်ရန်) mov ah, 00h ; (video mode ကို ပြောင်းတဲ့ function) int 10h ; (interruption ကိုစခေါ်ပီ)    ခု Application မှာသုံးမယ့် interrupts နဲ့ functions တွေကို ပြင်ဆင်သွားမယ်၊   int 10h, function 00h; (video mode ကိုပြောင်းပီး Screen သန်ရရှင်းရေးလုပ်တယ်)၊ int 10h, function 01h – (cursor မှတ်တယ်)၊ int 10h, function 13h – (Screen ပေါ်မှာ စာသားဖော်ပြတယ်)၊   Mixed code   C++ compiler က Assembler ကို Buildin အဖြစ်ထောက်ပံ့ပေးထားတဲ့ အတွက် High-level ဘာသာနဲ့ ကုတ်ရေးနေတဲ့ အခါ low-level ကိုလဲသုံးသွားနိုင်ပါတယ်၊ ဒီလို high-level မှာသုံးတဲ့ Assembler ကုတ် ညွန်ကြားချက်တွေကို asm insertions လို့လဲခေါ်ပါတယ်၊ သူတို့မှာ _asm ဆိုတဲ့ keyword တွေကို တွန့်ကွင်းထဲမှာ ကုတ်အစိတ်အပိုင်းတွေအနေနဲ့ထည့်ထားရပါတယ်၊ key word တွေစတင်တဲ့အခါ _asm ဆိုပီးရေးသားပီးစတင်ရပါတယ်၊ အောက်က ဥပမာကိုကြည့်ပါ၊    { ; ကုတ်စတင်မှူ  … ; ကုတ်များ  } ; ကုတ်အဆုံး    mixed code တွဲသုံး လက်တွေ့သိသွားအောင် အထက်က Screen သန့်ရှင်းရေးလုပ်တဲ့ Assembler ကုတ်နဲ့ C++ ကုတ်တို့ကို တွဲသုံးကြည့်ပါမယ်၊ ဒီ့အတွက် အရင်ဆုံး return type "void" သုံးပီး ClearScreen() function ကိုတည်ဆောက်ပါ၊  ပီးရင် _asm ဆိုပီး Assembler ကုတ်စရေးပါ၊ အထက်က ပြောခဲ့တဲ့ အတိုင်း တွန့်ကွင်းထဲမှာရေးပါ၊    void ClearScreen()  {  __asm  {  mov al, 02h ;  mov ah, 00h ;  int 10h ;  }   CString ထည့်သွင်းခြင်း CString class ကို စာသားတန်ဖိုးတွေနဲ့ တွဲပီး အလုပ်လုပ်လို့ရအောင် ဒီဇိုင်းစင်ထားတယ်၊ string တွေကို parameter အဖြစ် ညွန်းနိုင်ပီး သင်္ကေသတွေကို စာသားတန်ဖိုး အနေနဲ့ return လုပ်ပေးနိုင်တဲ့ pointer ပါတဲ့ Strlen() method ကို include လုပ်ထားဖို့လိုမယ်၊    // CString.h ; CString ရဲ့ Header ဖိုင်ကို ထည့်တယ်၊ #ifndef __CSTRING__  //CSTRING ကို ------########## လုပ်တယ်၊ #define __CSTRING__  //CSTRING ကို Define လုပ်တယ်၊ #include "Types.h" //Types header ဖိုင်ကို Include လုပ်တယ်၊ class CString  // CString class တည်ဆောက်တယ်၊ { public:   // access modifier ကို public ထားတယ်၊ static byte Strlen( //တခြား class ကခေါ်သုံးနိုင်အောင် static ထားတယ် return ပေးမှာက byte code တွေဖြစ်လြို့ byte သုံးတယ်။ Method က Strlen; const char far* inStrSource //const သုံးပီး charater datatype နဲ့ pointer ဖြစ်တဲ့ inStrSource တည်ဆောက်တယ်၊ ); }; #endif // __CSTRING__ // CString.cpp   // C++ ဖိုင်တည်ဆောက်တယ်၊ #include "CString.h"  // CString ရဲ့ Header ဖိုင်ကို Include လုပ်တယ်၊ byte CString::Strlen(   //byte CString ဆိုပီး Strlen consturctor တည်ဆောက်တယ်၊ const char far* inStrSource   // ) { byte lenghtOfString = 0;  // String အရေအတွက် varaible တည်ဆောက် while(*inStrSource++ != '\0') //instrSource ကို looping လုပ်၊  { ++lenghtOfString; //တန်ဖိုးက စတင်မှတ်ကနေ စပေါင်း } return lenghtOfString;// String စာလုံးအရေးအတွက်ကို return လုပ်ပေး၊ }  CDisplay ထည့်သွင်းခြင်း  CDisplay Class က Screen မှာ စာသားဖော်ပြဖို့ အတွက် ဒီဇိုင်းဖော်ဖို့ပါ၊  CDisplay Class မှာ Method သုံးခုပါမယ်၊    TextOut() // TextOut Method က Screen ပေါ်မှာ စာသားတွေ ဖော်ပြမယ်၊  ShowCursor() – //ShowCursor() Method က Screen ပေါ်မှာ ရှိမယ့် cursor ရဲ့ show, hide ကိုဖမ်းမယ်၊  ClearScreen() – // ClearScreen() က Video mode ကိုပြောင်းပီး Screen ကိုရှင်းမယ်၊     // CDisplay.h CDisplay ရဲ့ header ဖိုင်၊  #ifndef __CDISPLAY__  #define __CDISPLAY__ // အရောင်နာမည်တွေခေါ်မပြတော့ဘူး ၊ ဘေးက တော့ Assembler ဘာသာရပ်ရဲ့ အရောင်တန်ဖိုးသတ်မှတ်မူပါ၊  #define BLACK 0x0   #define BLUE 0x1 #define GREEN 0x2 #define CYAN 0x3 #define RED 0x4 #define MAGENTA 0x5 #define BROWN 0x6 #define GREY 0x7 #define DARK_GREY 0x8 #define LIGHT_BLUE 0x9 #define LIGHT_GREEN 0xA #define LIGHT_CYAN 0xB #define LIGHT_RED 0xC #define LIGHT_MAGENTA 0xD #define LIGHT_BROWN 0xE     နောက်ရက်ဆက်ရန်  ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည် http://goo.gl/DBIHIA  ကျေးဇူးပြု၍  ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊


ဒီပို့စ်က အခက်ကြီးမဟုတ်ပေမယ့် C++ နဲ့ Assemby ဘာသာရပ်တွေကို အခြေခံအဆင့်လောက် မတတ်ထားသေးရင်တော့ ဖက်ဖို့ခက်ခဲနေပါမယ်၊ ပို့စ် ကရှည်တော့ တစ်ရက်ထဲရေးလို့မရဘူး၊ သုံးရက်လောက်ရေးရမယ်၊ ဒီပို့စ် အားလုံးပီးရင် Project တစ်ခုလုံးကို zip ဖိုင်နဲ့ မျှဝေသွားပါမယ်၊

Brighter Myanmar က တင်တဲ့ ပို့စ်တွေမှာ သာမာန်ထက်ပိုပီးစိတ်ဝင်စားစရာကောင်းတဲ့ Data Processing နဲ့ Hardware Components တွေအကြောင်းပါပါတယ်၊ အခုရေးမယ့် ကွန်ပြူတာ Bootloader Development က High-level နဲ့ low-level ပေါင်းပီး Bootloader Develop လုပ်မယ့် Project အကြောင်းပါ၊ ပုံမှန်တော့ Desktop Application တို့ Phone Application တို့ တည်ဆောက် ဖို့ အတွက် Hight-level programming တွေဖြစ်တဲ့ C, C++ နဲ့ ဖုန်း application အတွက် Java ကိုအသုံးပြုကြပါတယ်၊ ဒါပေမယ့် လိုအပ်လို့ low-level Programming နဲ့ ပတ်သတ်တဲ့ System ၀င်တင်တဲ့ အလုပ်မျိုး ကို လုပ်လာရပီဆိုရင် low-level programming ဖြစ်တဲ့ Assembly ကိုသုံးရပါလိမ့်မယ်၊ ဒီပို့စ် မှာ ကွန်ပြူတာ စဖွင့်တာနဲ့ ဘယ်လို အဆင့်ဆင့်အလုပ်လုပ်သွားလဲ နဲ့ System တစ်ခုလုံး ဘယ်လို ၀န်တင်လဲဆိုတာကိုပြောသွားမယ်၊ ပီးတော့ ကွန်ပြူတာ System Booting ရဲ့ ပထမဆုံး အစိတ်အပိုင်း ဖြစ်တဲ့ ကိုယ်ပိုင် boot loader တစ်ခု ဘယ်လို Develop လုပ်မလဲဆိုတာ ကို Project တစ်ခု အနေနဲ့ ရှင်းသွားမယ်၊
Bootloader ဆိုတာဘာလဲ

ပထမဆုံးပြောချင်တာကတော့ ဒီပို့စ်မှာရေးမယ့် Bootloader က အရင်ရေးခဲ့ဖူးတဲ့ Android Bootloader မဟုတ်ဘူးဆိုတာပဲ၊ ခု ပြောမယ့် Bootloader က ကွန်ပြူတာ Bootlaoder ပါ၊

Bootloader က ကွန်ပြူတာ Hard drive ရဲ့ ပထမဆုံး အစိတ်အပိုင်း မှာတည်ရှိတယ်၊ အဲ့ဒီ့ bootloader အစိတ်အပိုင်းကပဲ ကွန်ပြူတာ တွေ boot စလုပ်တယ်၊ BIOS (Basic Input Output) က ကွန်ပြူတာ Power စဖွင့်တာနဲ့ ကွန်ပြူတာ ရဲ့ Hard drive ပထမဆုံး အစိတ်အပိုင်းမှာ ရှိတဲ့ ကုတ်တွေကို စဖတ်ပါတယ်၊ အဲ့ဒီ့ ပထမဆုံး အစိတ်အပိုင်းကို Master Boot Record လို့ခေါ်ပါတယ်၊
လက်တွေ့လုပ်မယ်
ကိုယ်ပိုင် Bootloader တစ်ခု တည်ဆောက်ဖို့ အတွက် လိုအပ်တဲ့ ကွန်ပြူတာ ဘာသာရပ်နဲ့ အသုံးပြုမယ့် IDE တွေအကြောင်းကိုပြောမယ်၊ှSystem Boot အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုလဲ ထည့်ပြောသွားမယ်၊

Bootloader တစ်ခုတည်ဆောက်ဖို့ ဘယ်လို ကွန်ပြူတာ ဘာသာရပ်တွေ တတ်ထားရမလဲ

ကွန်ပြူတာ Power စဖွင့်တာနဲ့ interrupts လို့ခေါ်တဲ့ BIOS function က စတင်အလုပ်လုပ်ပါမယ်၊ BIOS function ဖြစ်တဲ့ Interrupts ရဲ့ အဓီက အလုပ်ကတော့ ကွန်ပြူတာကိုထိန်ချုပ်မယ့် Hardware တွေကို စတင် အသက်သွင်း မောင်းနှင်ခြင်းပါ၊ ဒီတော့ စဉ်းစားရတာ လွယ်တယ်၊ အခြား ဘယ် Program မှ အလုပ်လုပ်ခွင့်မရခင် interrupts က အလုပ်စလုပ်မယ်ဆိုတော့ အဲ့ဒီ့ interrupts function ကို ရေးမယ့် ကုတ်က C နဲ့ C++ မဖြစ်နိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ C နဲ့ C++ က Compiler တွေလိုတယ်၊ အဲ့ဒီ့လိုပဲ mid-level ဘာသာရပ်ဖြစ်တဲ့ Java က လဲ JVM ရှိမှ အလုပ်လုပ်မှာဖြစ်လို့ သုံးလို့မရဘူးလေ၊ ဒီတော့ Hardware တွေကို တိုက်ရိုက် အလုပ်ခိုင်းနိုင်မယ့် low-level ဘာသာရပ်ဖြစ်တဲ့ Assambly ကိုပဲသုံးဖို့ရှိတော့တာပေါ့၊ ဒါ့ကြောင့် ကိုယ်ပိုင် Bootlaoder Develop လုပ်လိုတဲ့ သူအတွက် Assambly ဘာသာရပ်ကို အသင့်အသင့်တော့ တတ်ထားဖို့လိုအပ်ပါတယ်၊ ဒါပေမယ့် အသဲ အသန် ကျွမ်းကျင်ဖို့ တော့လဲ မလိုလှပါဘူး၊ အကြောင်းက Brighter Myanmar ရဲ့ Bootloader Project မှာ High-level ဘာသာရပ်နဲ့ တည်ဆောက်ထားတဲ့ ကုတ်တွေကို low-level နဲ့ အမိန့်ပေး အလုပ်လုပ်ခိုင်းတဲ့ "mixed-code" နည်းပညာကိုသုံးသွားမှာမို့ပါ၊ ဒီလို "mixed-code" နည်းပညာကို အသုံးပြုခြင်းဟာ Bootloader Develop လုပ်ခြင်းကို ပိုမိုချောမွေ့စေမှာဖြစ်ပါတယ်၊ ခုအဓီက သုံးသွားမှာက Hight-level ဘာသာရပ်ဖြစ်တဲ့ C++ ကို အဓိက သုံးမယ်၊ C ကို ကျွမ်းကျင်ထားရင် ခု သုံးမယ့် C++ ကိုလေ့လာရတာလွယ်ပါတယ်၊ ဒါပေမယ့် ရေးထားတဲ့ ကုတ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း အဆင့်မြင့်ဖို့အတွက်တော့ C++ က ပိုပီး အဆင်ပြေပါတယ်၊ Java နဲ့ C# ကတော့ Virtual Machine တွေကြားခံပီး Compile လုပ်ရတဲ့ အတွက် processor insturctions လုပ်မယ့် ဒီ Project အတွက် လုံးဝကို သုံးမရပါဘူး (Java အတွက် ကြားခံ compiler က Java Virtual Machine ဖြစ်ပီး C# အတွက်တော့ .NET ဖြစ်ပါတယ်)၊ ဒီတော့ C++ နဲ့ Assambler ကိုသုံးသွားကြမယ်၊

ဘယ်လို compiler အမျိုးအစားသုံးသွားမလည်း

ကျွန်တော်တို့က mixed-code နည်းကိုသုံးသွားမှာ ဆိုတော့ ဘာသာရပ်နှစ်ခုကိုရောမယ်ပေါ့၊ ဘာသာရပ်နှစ်ခုဆိုတော့ compiler နှစ်ခုလိုပီ၊ ပီးတော့ .obj ဖိုင်တွေအဖြစ် object ဖိုင်တွေကို ချိတ်ဆက်ပေးမယ့် linker လဲလိုတယ်၊

processor function တွေမှာ mode နှစ်မျိုးရှိတယ်၊ real mode နဲ့ protected mode တို့ပါ၊ real mode က 16-bit ဖြစ်ပီး ကန့်သတ်ချက် တစ်ချို့ရှိပါတယ်၊ Protected mode ကတော့ 32-bit ဖြစ်ပီး Operation System တွေအလုပ်လုပ်ရာမှာ အပြည့် အ၀ ထောက်ပံ့ပေးထားပါတယ်၊ processor တွေ စတင်အလုပ်လုပ်တဲ့ အခါ မှာ 16 bit mode နဲ့ လုပ်ပါတယ်၊ ဒီတော့ 16-bit mode အတွက် အလုပ်လုပ်နိုင်မယ့် Program တစ်ခုကိုတည်ဆောက်ပီး အလုပ်လုပ်မယ့် ဖိုင်တွေ Run ပေးရမယ်၊ Assembler ဖိုင်တွေကို compile လုပ်ပီး ချိတ်ဆက်ပေးဖို့ compiler တစ်ခုနဲ့ linker တစ်ခုလိုမယ်၊ modern compilers တွေကတော့ 32-bit applications တွေမှာသာလျှင် အလုပ်လုပ်တဲ့ အတွက် 16-bit mode အတွက်သုံးလို့မရဘူး၊ C++ အတွက် Compiler ကတော့ Microsoft Virsual Studio 1.52 ကိုသုံးသွားမယ်၊ အောက်က Compiler စာရင်းကို ကြည့်ပါ၊

ML 6.15 – Assembler compiler by Microsoft for 16-bit mode;
LINK 5.16 – the linker that can create .com files for 16-bit mode;

CL – С, С++ compiler for 16-bit mode.

အခြား Compiler အမျိုး အစားတွေကိုလဲ အသုံးပြုနိုင်ပါတယ်၊
DMC – free compile for Assembler, C, C++ for 16 and 32-bit mode by Digital Mars;
LINK – free linker for DMC compiler;

နောက်ထပ်ရွေးချယ်နိုင်တဲ့ Compilers တွေလဲရှိပါသေးတယ်၊

BCC 3.5 – С, С++ compiler that can create files for 16-bit mode;
TASM - Assembler compiler for 16-bit mode;
TLINK – linker that can create .com files for 16-bit mode.

အောက်မှာပါဝင်တဲ့ ကုတ်တွေအားလုံးကို Microsoft က Compiler ကို သုံးပီးတည်ဆောက်ထားတာပါ၊

System တွေ ဘယ်လို Boot လုပ်သလဲ

ဒီ Project နဲ့ ပက်သက်ပီး အဓိက နားလည်ထားရမယ့် System Booting အကြောင်းကို အကျည်းချုပ် ပြောပါမယ်၊ အထက်က ပုံကိုတော့ သေချာကြည့်ထားပါ၊ RAM ရဲ့ Address 0000:7C00 ကိုစပီး control ကို ပို့ပေးတာနဲ့ MBR (Master Boot Record) က Operation System boot ကို စတင်ခေါ်ပါတယ်၊ (MBR- Master Boot Record ရဲ့ အဆင့်ဆင့် အလုပ်လုပ်ပုံနဲ့ တည်ဆောက်ပုံကို အခြား ပို့စ် တစ်ခု အနေနဲ့ ရှင်းပြပေးပါမယ်)၊
ကုတ်အစီအစဉ်

နောက်တစ်ပိုက်ရောက်ရင် low-level programming သုံးပီး ကုတ်စရေးမယ်၊ ခုတော့ တဆင့်စီ လုပ်သွားမယ့် Plan ကိုရှင်းပြမယ်၊ ခုတည်ဆောက်သွားမယ့် Bootloader က အောက်က အလုပ်တွေအားလုံးကို လုပ်နိုင်စွမ်းရှိမယ်၊

Memory ရဲ့ 0000:7C00 address ကို မှန်ကန်စွာ ၀န်တင်နိုင်ရမယ်၊

high-level language နဲ့ Develop လုပ်ထားတဲ့ BootMain Function ကိုခေါ်နိုင်ရမယ်၊

Hello World ဆိုတဲ့ စာလုံးကို low-level သုံး message တစ်ခု အနေနဲ့ ဖော်ပြနိုင်ရမယ်၊

Program architecture

ပထမဆုံး High-level ဘာသာရပ်တွေ နဲ့ အလုပ်မလုပ်နိုင်ခင် StartPoint အလုပ်(entity) ကို Assamby ဘာသာသီးသန့် သုံးပီး Develop လုပ်မယ်၊ StartPoint အလုပ်(entity) က ဘယ် Compiler ကိုသုံးမလဲဆိုတာကို ရွှေးချယ်ပေးရမယ့် တာဝန်ရယ် disk ကို ဖတ်ပီးသွားရင် Memory ရဲ့ ဘယ် address မှာ ၀န်တင်ရမယ်ဆိုတာကို ညွန်းမယ့် အလုပ် ရယ် processor တွေရဲ့ register လုပ်မူကို မှန်အောင်လုပ်ရမယ့် အလုပ်ရယ် High-level ဘာသာရပ်နဲ့ ရေးထားတဲ့ BootMain ကို ဘယ်လို ထိန်းချုပ်မူတွေလှမ်းပိုရ ရမယ်ဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ်၊

BootMain ကတော့ Program တစ်ခုလုံးရဲ့ အလုပ်လုပ်ဆောင်မူတွေအားလုံးကို ရေးထားတဲ့ အစိတ်အပိုင်းဖြစ်မယ်၊ CDisplay နဲ့ CString Classes တွေက screen ပေါ်မှာ message တွေကိုဖော်ပြမယ့် အစိတ်အပိုင်းကိုတာဝန်ယူရမယ်၊ CD display Class uက အလုပ်လုပ်တဲ့ အခါမှာ CStringclass ကို ခေါ်သုံးသွားမယ်၊ ဒီပို့စ်မှာတော့ Microsoft Visual Studio 2005 (သို့) 2008 တို့ ကိုသုံးပီးလုပ်သွားတယ်၊

အရင်ဆုံး အဓိက အလုပ်ကိုလုပ်မယ့် Makefile Project တစ်ခုကိုတည်ဆောက်လိုက်ပါ၊

Screen ပေါ်မှာ message ကိုဖော်ပြမှာ ဖြစ်တဲ့ အတွက် အရင်ဆုံး Screen ကိုရှင်းထားရပါမယ်၊ ဒီ့အတွက် BIOS interrupt ကိုသုံးသွားမယ်၊ BIOS မှာ Video adapter, keyboard, disk system တို့လို ကွန်ပြူတာ Hardware တွေနဲ့ တွဲပီး အလုပ်လုပ်ဖို့ အတွက် interrupts တွေ ရှိပါတယ်၊ interrupt တစ်ခုစီမှာ အောက်ပါပုံစံ တည်ဆောက်ပုံတွေပါပါတယ်၊

int [number_of_interrupt];

number_of_interrupt က inturrupt နံပါတ်တွေကိုညွန်းပါတယ်၊ interrupt တစ်ခုစီအတွက် သက်ဆိုင်ရာ Parameters တွေရှိပါတယ်၊ အဲ့ဒီ့ parameters တွေကို interrupt ကိုခေါ်မသုံးခင်ဖြည့်ထားရပါမယ်၊

"ah" processor register က လက်ရှိအသုံးပြုနေတဲ့ interrupt ရဲ့ function တွေရဲ့ အလုပ်တာဝန်ပါ၊ အခြား registers တွေကတော့ current operation အတွက် အခြား parameters တွေကိုညွန်းပါတယ်၊ ခု "int 10h" interrupt က Assembler မှာ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကိုကြည့်ပါမယ်၊ ဗွီဒီယို mode နဲ့ Screen ကို ရှင်းနိုင်တဲ့ 00 function ကိုသုံးကြည့်မယ်၊

mov al, 02h ; (graphical mode ကို 80x25 ချိန်ရန်)
mov ah, 00h ; (video mode ကို ပြောင်းတဲ့ function)
int 10h ; (interruption ကိုစခေါ်ပီ)

ခု Application မှာသုံးမယ့် interrupts နဲ့ functions တွေကို ပြင်ဆင်သွားမယ်၊

int 10h, function 00h; (video mode ကိုပြောင်းပီး Screen သန်ရရှင်းရေးလုပ်တယ်)၊
int 10h, function 01h – (cursor မှတ်တယ်)၊
int 10h, function 13h – (Screen ပေါ်မှာ စာသားဖော်ပြတယ်)၊

Mixed code

C++ compiler က Assembler ကို Buildin အဖြစ်ထောက်ပံ့ပေးထားတဲ့ အတွက် High-level ဘာသာနဲ့ ကုတ်ရေးနေတဲ့ အခါ low-level ကိုလဲသုံးသွားနိုင်ပါတယ်၊ ဒီလို high-level မှာသုံးတဲ့ Assembler ကုတ် ညွန်ကြားချက်တွေကို asm insertions လို့လဲခေါ်ပါတယ်၊ သူတို့မှာ _asm ဆိုတဲ့ keyword တွေကို တွန့်ကွင်းထဲမှာ ကုတ်အစိတ်အပိုင်းတွေအနေနဲ့ထည့်ထားရပါတယ်၊ key word တွေစတင်တဲ့အခါ _asm ဆိုပီးရေးသားပီးစတင်ရပါတယ်၊ အောက်က ဥပမာကိုကြည့်ပါ၊

{ ; ကုတ်စတင်မှူ
… ; ကုတ်များ
} ; ကုတ်အဆုံး

mixed code တွဲသုံး လက်တွေ့သိသွားအောင် အထက်က Screen သန့်ရှင်းရေးလုပ်တဲ့ Assembler ကုတ်နဲ့ C++ ကုတ်တို့ကို တွဲသုံးကြည့်ပါမယ်၊ ဒီ့အတွက် အရင်ဆုံး return type "void" သုံးပီး ClearScreen() function ကိုတည်ဆောက်ပါ၊ ပီးရင် _asm ဆိုပီး Assembler ကုတ်စရေးပါ၊ အထက်က ပြောခဲ့တဲ့ အတိုင်း တွန့်ကွင်းထဲမှာရေးပါ၊

void ClearScreen()
{
__asm
{
mov al, 02h ;
mov ah, 00h ;
int 10h ;
}

CString ထည့်သွင်းခြင်း
CString class ကို စာသားတန်ဖိုးတွေနဲ့ တွဲပီး အလုပ်လုပ်လို့ရအောင် ဒီဇိုင်းစင်ထားတယ်၊ string တွေကို parameter အဖြစ် ညွန်းနိုင်ပီး သင်္ကေသတွေကို စာသားတန်ဖိုး အနေနဲ့ return လုပ်ပေးနိုင်တဲ့ pointer ပါတဲ့ Strlen() method ကို include လုပ်ထားဖို့လိုမယ်၊

// CString.h ; CString ရဲ့ Header ဖိုင်ကို ထည့်တယ်၊
#ifndef __CSTRING__ //CSTRING ကို ------########## လုပ်တယ်၊
#define __CSTRING__ //CSTRING ကို Define လုပ်တယ်၊
#include "Types.h" //Types header ဖိုင်ကို Include လုပ်တယ်၊
class CString // CString class တည်ဆောက်တယ်၊
{ public: // access modifier ကို public ထားတယ်၊
static byte Strlen( //တခြား class ကခေါ်သုံးနိုင်အောင် static ထားတယ် return ပေးမှာက byte code တွေဖြစ်လြို့ byte သုံးတယ်။ Method က Strlen;
const char far* inStrSource //const သုံးပီး charater datatype နဲ့ pointer ဖြစ်တဲ့ inStrSource တည်ဆောက်တယ်၊
);
};
#endif // __CSTRING__
// CString.cpp // C++ ဖိုင်တည်ဆောက်တယ်၊
#include "CString.h" // CString ရဲ့ Header ဖိုင်ကို Include လုပ်တယ်၊
byte CString::Strlen( //byte CString ဆိုပီး Strlen consturctor တည်ဆောက်တယ်၊
const char far* inStrSource //
)
{
byte lenghtOfString = 0; // String အရေအတွက် varaible တည်ဆောက်
while(*inStrSource++ != '\0') //instrSource ကို looping လုပ်၊
{
++lenghtOfString; //တန်ဖိုးက စတင်မှတ်ကနေ စပေါင်း
}
return lenghtOfString;// String စာလုံးအရေးအတွက်ကို return လုပ်ပေး၊
}

CDisplay ထည့်သွင်းခြင်း
CDisplay Class က Screen မှာ စာသားဖော်ပြဖို့ အတွက် ဒီဇိုင်းဖော်ဖို့ပါ၊ CDisplay Class မှာ Method သုံးခုပါမယ်၊

TextOut() // TextOut Method က Screen ပေါ်မှာ စာသားတွေ ဖော်ပြမယ်၊
ShowCursor() – //ShowCursor() Method က Screen ပေါ်မှာ ရှိမယ့် cursor ရဲ့ show, hide ကိုဖမ်းမယ်၊
ClearScreen() – // ClearScreen() က Video mode ကိုပြောင်းပီး Screen ကိုရှင်းမယ်၊


// CDisplay.h CDisplay ရဲ့ header ဖိုင်၊
#ifndef __CDISPLAY__
#define __CDISPLAY__
// အရောင်နာမည်တွေခေါ်မပြတော့ဘူး ၊ ဘေးက တော့ Assembler ဘာသာရပ်ရဲ့ အရောင်တန်ဖိုးသတ်မှတ်မူပါ၊

#define BLACK 0x0
#define BLUE 0x1
#define GREEN 0x2
#define CYAN 0x3
#define RED 0x4
#define MAGENTA 0x5
#define BROWN 0x6
#define GREY 0x7
#define DARK_GREY 0x8
#define LIGHT_BLUE 0x9
#define LIGHT_GREEN 0xA
#define LIGHT_CYAN 0xB
#define LIGHT_RED 0xC
#define LIGHT_MAGENTA 0xD
#define LIGHT_BROWN 0xE


နောက်ရက်ဆက်ရန်

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/DBIHIA

ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊
https://www.facebook.com/brighter.myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

mdy nnl said...

thanks for translating http://www.codeproject.com/Articles/36907/How-to-develop-your-own-Boot-Loader but where to get these tools, I mean ML 6.15, etc. I just google and can't find yet. Could you give me download link please.

mdy nnl said...

look like you use msvs 2005 or 2008
wew!!!

mdy nnl said...

you don't even give credit to codeproject.
look like you write it all on your own.
What a shame.

mdy nnl said...

please give credit to codeproject.com

mdy nnl said...

don't act like you write it
we are myanmar
we should not do this
at least use your brain a little
thank you for writing for people with bad english. they may understand it.

Post a Comment