Powered by Blogger.

Popular Posts

RSS

Navigation လှလှလေး ဖန်တီးကြရအောင်

Photo: Navigation လှလှလေး ဖန်တီးကြရအောင်  (သင်ခန်းစာမစခင်မှာ ကြိုတင်ပြောထားချင်တာလေးရှိပါတယ်၊ ယခုလက်ရှိ facebook မှာ တင်ရတာဖြစ်တဲ့အတွက် ပုံနဲ့တကွ ဖော်ပြဖို့ အခက်အခဲရှိပါတယ်၊ note အနေနဲ့တင်ရင် ဖြစ်သော်လဲ note အနေနဲ့တင်ရင် စိတ်ဝင်စားမှု နည်းတဲ့အတွက် လက်ရှိသင်ခန်းစာတွေကို pdf file နဲ့ အောက်မှာ တင်ပေးထားမှာဖြစ်သလို ရေးပြီးသား ကုဒ်တွေကိုလဲ အလွယ်တကူ Download ရယူပြီး စမ်းသပ်ကြည့်နိုင်ပါတယ်၊ ဒါကိုမှ နားမလည်နိုင်သေးဘူးဆိုရင်တော့ comment ချန်၍သော်လည်းကောင်း၊ brightermyanmar@gmail.com သို့ email ပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ)  သင်ခန်းနှင့်ပါတ်သက်လို့ နည်းနည်းလေးပြောချင်ပါတယ်။ HTML ကို CSS နဲ့ အလှဆင်ရာမှာ Inline style, Internal style နှင့် External style ဟူ၍ (၃) မျိုး ရှိသော်လည်း External style ကိုပဲ အသုံးပြုသွားပါမယ်။  ပထမဆုံး HTML file ကို အောက်ပါအတိုင်းတည်ဆောက်ပါမယ်။ <!DOCTYPE HTML> <html lang="en-US"> <head>  <meta charset="UTF-8">  <title>Brighter Myanmar</title> </head> <body>  <nav>  <ul>  <li><a href="">Home</a></li>  <li><a href="">Home</a></li>  <li><a href="">Home</a></li>  <li><a href="">Home</a></li>  <li><a href="">Home</a></li>  </ul>  </nav> </body> </html>  အထက်ပါကုဒ်ကို မိမိနှစ်သက်ရာ file name ပေးပြီး .html  ဖြင့် save လိုက်ပါ။  နောက်တစ်ဆင့်အနေနဲ့ Css file ကို တည်ဆောက်ရပါမယ်။ file နာမည်ကို style.css လို့ နာမည်ပေးပါမယ်။ ၎င်း file ကို HTML file နဲ့ ချိပ်ဆက်အလုပ်လုပ်ရန် အောက်ပါအတိုင်း <header> tab အတွင်းမှ </title> အပိတ်အောက်မှာ ရေးပါမယ်။  <title>Brighter Myanmar</title>  <link rel="stylesheet" href="style.css" />  CSS file တည်ဆောက်ခြင်း စတင်ကြရအောင်။ ပထမဆုံး Css တည်ဆောက်တိုင်း အောက်ပါ code ကို ထည့်သင့်ပါတယ်။  *{  margin:0;  padding:0; }  select လုပ်ထားတဲ့ selector * လေးကတော့ body အတွင်းမှ tab တွေ အားလုံးကို select မှတ်တဲ့ အဓိပ္ပါယ်ပါပဲ။ ဘာလို့ margin:0; , padding:0; ထားတာလဲဆိုတော့ နဂိုမူလအတိုင်းဆို <html> နှင့် </html> အကြားက tab တွေ တစ်ခုနဲ့တစ်ခုကြား အလိုအလျှောက် 5- pixels(5px) ကွာဝေးနေမှာဖြစ်ပါတယ်။  နောက်ပိုင်း Website တစ်ခုလုံးတည်ဆောက်ရာမှာ tab တွေအားလုံးရဲ့ margin နှင့် padding တွေရဲ့တန်ဖိုးကို လိုအပ်သလို သတ်မှတ်ပေးမှာဖြစ်ပါတယ်။  လက်ရှိအချိန်မှာ run ကြည့်လိုက်ရင်တော့ အရင်ပုံစံနဲ့မတူဘဲ margin:0 ရဲ့ အဓိပ္ပါယ်ကို သိရမှာဖြစ်ပါတယ်။ maring ကို 0 ထားလိုက်တဲ့အတွက် အပေါ်ဘက်နဲ့ ဘယ်ဘက်မှာ ဘောင်ကပ်သွားတာကိုတွေ့ရပါတယ်။  နောက်တစ်ဆင့်အနေနဲ့ Navigation ရဲ့ အကျယ်နဲ့ နောက်ခံအရောင်ကို အောက်ပါအတိုင်း ပေးပါမယ်။  nav{  width:1000px;  background:skyblue;  margin:0 auto; }  အထက်ပါကုဒ်မှာ margin:0 auto; ဆိုတာကိုရှင်းပါမယ် ရှေ့က 0 က အထက်နဲ့အောက်ဘက်ရဲ့ margin ကို 0 ထားမယ်လို့ပြောပါတယ်၊ နောက်က auto ဆိုတာကတော့ ဘယ်ဘက်နဲ့ညာဘက်ကို အလိုလိုတစ်ဝက်ဆီခွဲလိုက်တာပါပဲ။  နောက်တစ်ဆင့်အနေနဲ့အောက်ပါ ကုဒ်ကိုရေးပါမယ်။   ul li{  width:200px;  background:chocolate;  line-height:35px;  text-align:center;  list-style:none; }  List item တစ်ခုချင်းဆီရဲ့ အကျယ်ကို ၂၀၀ ထားပါမယ်၊ ဘာလို့လဲဆိုတော့ nav ရဲ့ အကျယ်ကို ၁၀၀၀ ပေးခဲ့လို့ပါပဲ၊ list item က ၅ ခုယူထားတဲ့အတွက် တစ်ခုကို ၂၀၀ ပေးပါတယ်။   နောက်တစ်ခုက list ရဲ့ နောက်ခံအရောင်ကို chocolate ဆိုတဲ့အရောင်ပေးပါမယ်။ အရောင်စပ်တာ ညံ့သည့်အတွက် အရောင်တွေကို နာမည်တွေနဲ့ပဲ အများဆုံးအသုံးပြုသွားမှာပါ။ နောက်တစ်ကြောင်းဖြစ်တဲ့ line-height ဆိုတာကတော့ list ရဲ့ အထက်အောက် အကျယ်ပါပဲ၊ ဒီနေရာမှာ height ကိုသုံးရင် list ရဲ့အထဲက စာလုံးတွေ (Content)ဟာ အထက်အောက်အလယ်မှာနေရာယူမှာမဟုတ်ပါဘူး၊ ဒါကြောင့် line-height ကို သုံးရတာပါ။ နောက်တစ်ခု text-align:center; ဆိုတာကတော့ list item ရဲ့ width အကျယ် 200 pixel ရဲ့အလယ်မှာ နေရာယူမယ်လို့ ဆိုလိုပါတယ်။ နောက်တစ်ခု list-style:none; ဆိုတာကတော့ list တစ်ခုချင်းဆီရဲ့ရှေ့က အစက်အပျောက်လေးတွေကို ဖျောက်တာပါပဲ၊ ဒီနေရာမှာ မဖျောက်ချင်ဘဲ တခြား စတိုင်လေးတွေလဲသုံးလို့ရပါတယ်။ ဒါတွေကတော့ square, circle,disc စတာတွေလဲ အသုံးပြုနိုင်ပါတယ်။  နောက်တစ်ဆင့်အနေနဲ့ vertical လိုက်ဖြစ်နေတဲ့ list တွေကို horizontal အဖြစ်ပြောင်းလဲစေဖို့ အထက်ပါကုဒ် အောက်မှာပဲ float:left; ကိုသုံးရပါမယ်။   float:left;  List items တွေကို horizontal အဖြစ်ပြောင်းလဲပြီး ကျွန်တော်တို့လိုချင်တဲ့ စတိုင် လှလှလေးဖြစ်အောင် အောက်ပါကုဒ်တွေရေးရပါမယ်။   ul li{  width:200px;  background:chocolate;  line-height:35px;  text-align:center;  list-style:none;  float:left;  border-right:2px groove sienna;  -moz-box-sizing:border-box; } ul li:first-child{  border-left:2px groove sienna; } ul li a{  text-decoration:none; }  border-right:2px groove black; ဆိုတာကတော့ List တစ်ခုချင်းဆီရဲ့ ညာဘက်မှာ border ပေးမှာဖြစ်ပါတယ်၊ border အထူကို 2px ပေးပါတယ်။ groove ဆိုတာကတော့ border ရဲ့ style ပါပဲ။ များသောအားဖြင့် ဒီနေရာမှာ solid ကိုသုံးကြပါတယ်။ ကျွန်တော်ကတော့ ပိုလှအောင် groove ကိုသုံးလိုက်တာပါ။ sienna ဆိုတာကတော့ အရောင်နာမည်တစ်ခုပါ။ chocolate ထက်ပိုပြီးထင်တဲ့အရောင်ကိုရွေးထားတာဖြစ်ပါတယ်။  နောက်တစ်ခု -moz-box-sizing:border-box; ဆိုတာကိုသေချာရှင်းပြပါမယ်။ ပုံမှန်အတိုင်းဆို border 2px ထည့်လိုက်ရင် List တွေရဲ့ width ဟာ 2px ဆီ ထပ်ပြီးတော့ ကျယ်သွားပါတယ်၊ ကျွန်တော်တို့ nav ကို 1000px ယူခဲ့တဲ့အတွက် List ၅ ခုအတွက် 200px ဆီပဲရမှာပါ။ border အတွက် 2px ထပ်ပေါင်းထည့်လိုက်ရင် နောက်ဆုံး List ဟာ အောက်ကိုအလိုလိုရောက်သွားပါလိမ့်မယ်၊ ဒါကြောင့် box-sizing:border-box; ကိုသုံးရတာပါ။ဒီလိုသုံးလိုက်လို့ border တစ်ခုချင်းဆီအတွက် 2px နေရာမယူတော့ပါဘူး၊ ရှေ့ဆုံးက ရေးထားတဲ့ -moz- ဆိုတာကတော့ ဒီ box-sizing:border-box; ကုဒ်ကို Mozilla မှာ သုံးရင် Mozilla က မသိမှာမို့ Mozilla အတွက် -moz- ကိုရှေ့ဆုံးက ထည့်ပေးရတာပါ။ Google Chrome အတွက်ကတော့ -webkit- ကိုသုံးပါတယ်။ Internet Explorer အတွက် -ms- ကိုသုံးပါတယ် Opera အတွက် -o- ကို ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။  နောက်တစ်ခုအနေနဲ့ ul li:first-child{ border-left:2px groove sienna; } ဆိုတာကတော့ ပထမဆုံး List ရဲ့ ဘယ်ဘက်ကိုလဲ border 2px ပေးမယ်လို့ ဆိုလိုပါတယ်။   ul li a{ text-decoration:none;} ဆိုတာကတော့ Home ဆိုတဲ့ စာသားလေးတွေရဲ့အောက်က underline တွေကို ဖျောက်လိုက်တာဖြစ်ပါတယ်၊ ပြန်ထည့်ချင်တယ်ဆိုရင်တော့ text-decoration:underline; ကိုသုံးရမှာပါ။ underline အစား blink ဆိုတာကိုလဲ အသုံးပြုနိုင်ပါတယ်၊ blink ကိုသုံးလိုက်ရင်တော့ စာလုံးလေးတွေက ပေါ်လိုက် ပျောက်လိုက်ဖြစ်နေမှာ ဖြစ်ပါတယ်။  နောက်ဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း Navigation ဘေးဘက်တွေမှာ အချွန်လေးတွေထပ်ထည့်ပါမယ်။ ဒီအချွန်လေးတွေထည့်ဖို့ ရေးနည်းမျိုးစုံရှိတဲ့အထဲက အထက်မှာသတ်မှတ်ထားတဲ့ nav ရဲ့ width 1000 ကိုပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ လုပ်လို့ရတဲ့ နည်းလမ်းကိုသုံးသွားမှာပါ။ ဒီအတွက် အောက်ပါ ကုဒ်တွေလိုပါတယ်။   nav:before{  content:"";  font-size:0px;  border:17.5px solid chocolate;  position:absolute;  right:100%;  border-left-color:transparent; } nav:after{  content:"";  font-size:0px;  border:17.5px solid chocolate;  position:absolute;  left:100%;  border-right-color:transparent; }  အထက်ပါကုဒ်မှာ nav:before ဆိုတဲ့ selector ရဲ့အဓိပ္ပါယ်ကတော့ စောစောကရှိပြီးသား nav ရဲ့ရှေ့မှာ နေရာသတ်မှတ်လိုက်တာပါ။ နောက်ဆုံး result ပုံရဲ့ ရှေ့ဆုံးက တြိဂံအချွန်လေးရဖို့ပါပဲ။ content:””; ဆိုတာကတော့ ဘာမှရေးမထားတဲ့ content တစ်ခုကိုသတ်မှတ်တာပါ။ ဒီဘာမှမရှိတဲ့ content ကိုပဲ ကျွန်တော်တို့ Border ယူပြီး သုံးသွားမှာပါ။ font-size:0px; ဆိုတာကတော့ လက်ရှိ content မှာ ဘာမှမရေးဘဲ ဗလာဖြစ်နေပေမယ့် font-size ရဲ့ height ကို 16 pixel အလိုလိုယူထားခြင်းဖြစ်လို့ font-size ကို 0 သတ်မှတ်ပေးရတာပါ။ ဒီနေရာမှာ နားမလည်နိုင်တာ တစ်ခုရှိပါလိမ့်မယ်။ font-size ကလဲ 0 ပေးထားတယ်၊ content  မှာလဲ ဘာစာမှရေးမထားဘဲ ဘယ်လိုလုပ် Border ပေးလို့ရမလဲပေါ့၊ ဒါပေမယ့် ရပါတယ်၊ ဘာမှမရှိဘူးဆိုပေမယ့် အဲ့ဒီမရှိဘဲယူထားတဲ့ နေရာလေးကိုပဲ Border ယူသွားတာပါ။ border:17.5px solid chocolate; ဆိုတာကတော့ border အထူကို 17.5px ထားပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ List တွေရဲ့ height ကို 35px ထားခဲ့လို့ပါပဲ။ 17.5px ရှိတဲ့ border ၂ ခုပေါင်းလိုက်မှ 35px အမြင့်ရှိတဲ့ List ရဲ့ height ကို မီမှာဖြစ်လို့ပါ။ solid ဆိုတာကတော့ မျဉ်ကြောင်းလို့ တစ်ဆက်တည်းယူတာပါ၊ chocolate ဆိုတာကတော့ List ရဲ့ အရောင်နဲ့တူအောင် ယူလိုက်တာပါ။ ဆက်ပြီး position:absolute; ထားဖို့အတွက် nav မှာသွားပြီး position:relative; ထားရပါမယ်။ အောက်ပါကုဒ်ကိုကြည့်လိုက်ပါ။  position:relative;  selector တစ်ခုအတွင်းမှာ position ကို absolute ထားလိုက်ရင် page တစ်ခုလုံးမှာ ကြိုက်နှစ်သက်တဲ့နေရာကိုရွှေ့နိုင်ပါတယ်။ ဒါပေမယ့် nav မှာ position:relative; ထားခြင်းအားဖြင့် nav ကနေပဲ စမှတ်ယူပြီး ရွှေးလျှားမယ်လို့ ဆိုလိုပါတယ်။ ခု လက်ရှိ right:100%; ထားလိုက်ခြင်းဟာ nav ဆိုတဲ့ Element တစ်ခုလုံး ရဲ့ ညာဘက်ကနေ တစ်ရာ ရာခိုင်နှုန်းရွေ့မယ်လို့ဆိုလိုပါတယ်။ 100% ရွှေ့လိုက်ရင် 100% အကျော်ဖြစ်တဲ့ nav ရဲ့ ဘယ်ဘက်မှာ လာကပ်မှာဖြစ်ပါတယ်။ နောက်တစ်ကြောင်းအနေနဲ့ border-left-color:transparent; မှာ transparent ဆိုတာ ထိုးဖောက်မြင်နိုင်ခြင်း ဆိုတဲ့အဓိပ္ပါယ်အရ border ရဲ့ ဘယ်ဘက်က အရောင်ကို ဖျောက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့ အချွန်လေးရလာခြင်းဖြစ်ပါတယ်။   အောက်က nav:after ဆိုတဲ့အရာကလဲ nav:before နဲ့အတူတူပါပဲ။ ဘယ်ညာပဲကွာသွားတာပါ။ ဒါကြောင့် left ကို right ပြောင်း ၊ right ကို left ပြောင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒီသင်ခန်းစာကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ နောက်ဆုံးလုပ်သွားချင်တာက ကျွန်တော်တို့ရဲ့  Navigation လေးကို အပေါ်မှာ ကပ်မနေစေဘဲ အောက်ကို နည်းနည်းဆင်းသွားစေဖို့ nav ရဲ့ margin top ကို 50px ထားလိုက်ပါမယ်။  nav{  width:1000px;  background:skyblue;  margin:0 auto;  position:relative;  margin-top:50px;  }  အထက်ပါကုဒ်အတိုင်း margin-top:50px; ကိုမရေးဘဲ margin:0 auto; နေရာမှာ margin:50px auto 0px; လို့ပြင်လိုက်ရင်လဲ ရပါတယ်။ ဒါပေမယ့် အထက်မှာရေးထားတာကို မပြင်ချင်တဲ့အတွက် အောက်ကတစ်ကြောင်းသီးသန့်ရေးလိုက်တာပါ။ ခုလိုဖတ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်ရက်မှာ ဆက်လက်တင်ပြပါဦးမယ်။ နားမလည်တာများရှိခဲ့ရင် facebook မှာ comment ချန်ခဲ့ခြင်းဖြင့်လည်းကောင်း၊ brightermyanmar@gmail.com  သို့ စာရေးသားပေးပို့၍လည်းကောင်း မေးမြန်နိုင်ပါတယ်ခင်ဗျာ။  ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည် http://goo.gl/2sGPuy  ဒီ project code ကို အောက်ပါ လင့် မှာ ဒေါင်းပါ http://goo.gl/2IWOha  Brighter Myanmar  We Code the World


(သင်ခန်းစာမစခင်မှာ ကြိုတင်ပြောထားချင်တာလေးရှိပါတယ်၊ ယခုလက်ရှိ facebook မှာ တင်ရတာဖြစ်တဲ့အတွက် ပုံနဲ့တကွ ဖော်ပြဖို့ အခက်အခဲရှိပါတယ်၊ note အနေနဲ့တင်ရင် ဖြစ်သော်လဲ note အနေနဲ့တင်ရင် စိတ်ဝင်စားမှု နည်းတဲ့အတွက် လက်ရှိသင်ခန်းစာတွေကို pdf file နဲ့ အောက်မှာ တင်ပေးထားမှာဖြစ်သလို ရေးပြီးသား ကုဒ်တွေကိုလဲ အလွယ်တကူ Download ရယူပြီး စမ်းသပ်ကြည့်နိုင်ပါတယ်၊ ဒါကိုမှ နားမလည်နိုင်သေးဘူးဆိုရင်တော့ comment ချန်၍သော်လည်းကောင်း၊ brightermyanmar@gmail.com သို့ email ပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ)

သင်ခန်းနှင့်ပါတ်သက်လို့ နည်းနည်းလေးပြောချင်ပါတယ်။ HTML ကို CSS နဲ့ အလှဆင်ရာမှာ Inline style, Internal style နှင့် External style ဟူ၍ (၃) မျိုး ရှိသော်လည်း External style ကိုပဲ အသုံးပြုသွားပါမယ်။

ပထမဆုံး HTML file ကို အောက်ပါအတိုင်းတည်ဆောက်ပါမယ်။
<!DOCTYPE HTML>
<html lang="en-US">
<head>
<meta charset="UTF-8">
<title>Brighter Myanmar</title>
</head>
<body>
<nav>
<ul>
<li><a href="">Home</a></li>
<li><a href="">Home</a></li>
<li><a href="">Home</a></li>
<li><a href="">Home</a></li>
<li><a href="">Home</a></li>
</ul>
</nav>
</body>
</html>

အထက်ပါကုဒ်ကို မိမိနှစ်သက်ရာ file name ပေးပြီး .html ဖြင့် save လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ Css file ကို တည်ဆောက်ရပါမယ်။ file နာမည်ကို style.css လို့ နာမည်ပေးပါမယ်။ ၎င်း file ကို HTML file နဲ့ ချိပ်ဆက်အလုပ်လုပ်ရန် အောက်ပါအတိုင်း <header> tab အတွင်းမှ </title> အပိတ်အောက်မှာ ရေးပါမယ်။

<title>Brighter Myanmar</title>
<link rel="stylesheet" href="style.css" />

CSS file တည်ဆောက်ခြင်း စတင်ကြရအောင်။
ပထမဆုံး Css တည်ဆောက်တိုင်း အောက်ပါ code ကို ထည့်သင့်ပါတယ်။

*{
margin:0;
padding:0;
}

select လုပ်ထားတဲ့ selector * လေးကတော့ body အတွင်းမှ tab တွေ အားလုံးကို select မှတ်တဲ့ အဓိပ္ပါယ်ပါပဲ။ ဘာလို့ margin:0; , padding:0; ထားတာလဲဆိုတော့ နဂိုမူလအတိုင်းဆို <html> နှင့် </html> အကြားက tab တွေ တစ်ခုနဲ့တစ်ခုကြား အလိုအလျှောက် 5- pixels(5px) ကွာဝေးနေမှာဖြစ်ပါတယ်။

နောက်ပိုင်း Website တစ်ခုလုံးတည်ဆောက်ရာမှာ tab တွေအားလုံးရဲ့ margin နှင့် padding တွေရဲ့တန်ဖိုးကို လိုအပ်သလို သတ်မှတ်ပေးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ run ကြည့်လိုက်ရင်တော့ အရင်ပုံစံနဲ့မတူဘဲ margin:0 ရဲ့ အဓိပ္ပါယ်ကို သိရမှာဖြစ်ပါတယ်။ maring ကို 0 ထားလိုက်တဲ့အတွက် အပေါ်ဘက်နဲ့ ဘယ်ဘက်မှာ ဘောင်ကပ်သွားတာကိုတွေ့ရပါတယ်။

နောက်တစ်ဆင့်အနေနဲ့ Navigation ရဲ့ အကျယ်နဲ့ နောက်ခံအရောင်ကို အောက်ပါအတိုင်း ပေးပါမယ်။

nav{
width:1000px;
background:skyblue;
margin:0 auto;
}

အထက်ပါကုဒ်မှာ margin:0 auto; ဆိုတာကိုရှင်းပါမယ် ရှေ့က 0 က အထက်နဲ့အောက်ဘက်ရဲ့ margin ကို 0 ထားမယ်လို့ပြောပါတယ်၊ နောက်က auto ဆိုတာကတော့ ဘယ်ဘက်နဲ့ညာဘက်ကို အလိုလိုတစ်ဝက်ဆီခွဲလိုက်တာပါပဲ။

နောက်တစ်ဆင့်အနေနဲ့အောက်ပါ ကုဒ်ကိုရေးပါမယ်။

ul li{
width:200px;
background:chocolate;
line-height:35px;
text-align:center;
list-style:none;
}

List item တစ်ခုချင်းဆီရဲ့ အကျယ်ကို ၂၀၀ ထားပါမယ်၊ ဘာလို့လဲဆိုတော့ nav ရဲ့ အကျယ်ကို ၁၀၀၀ ပေးခဲ့လို့ပါပဲ၊ list item က ၅ ခုယူထားတဲ့အတွက် တစ်ခုကို ၂၀၀ ပေးပါတယ်။

နောက်တစ်ခုက list ရဲ့ နောက်ခံအရောင်ကို chocolate ဆိုတဲ့အရောင်ပေးပါမယ်။ အရောင်စပ်တာ ညံ့သည့်အတွက် အရောင်တွေကို နာမည်တွေနဲ့ပဲ အများဆုံးအသုံးပြုသွားမှာပါ။ နောက်တစ်ကြောင်းဖြစ်တဲ့ line-height ဆိုတာကတော့ list ရဲ့ အထက်အောက် အကျယ်ပါပဲ၊ ဒီနေရာမှာ height ကိုသုံးရင် list ရဲ့အထဲက စာလုံးတွေ (Content)ဟာ အထက်အောက်အလယ်မှာနေရာယူမှာမဟုတ်ပါဘူး၊ ဒါကြောင့် line-height ကို သုံးရတာပါ။ နောက်တစ်ခု text-align:center; ဆိုတာကတော့ list item ရဲ့ width အကျယ် 200 pixel ရဲ့အလယ်မှာ နေရာယူမယ်လို့ ဆိုလိုပါတယ်။ နောက်တစ်ခု list-style:none; ဆိုတာကတော့ list တစ်ခုချင်းဆီရဲ့ရှေ့က အစက်အပျောက်လေးတွေကို ဖျောက်တာပါပဲ၊ ဒီနေရာမှာ မဖျောက်ချင်ဘဲ တခြား စတိုင်လေးတွေလဲသုံးလို့ရပါတယ်။ ဒါတွေကတော့ square, circle,disc စတာတွေလဲ အသုံးပြုနိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ vertical လိုက်ဖြစ်နေတဲ့ list တွေကို horizontal အဖြစ်ပြောင်းလဲစေဖို့ အထက်ပါကုဒ် အောက်မှာပဲ float:left; ကိုသုံးရပါမယ်။

float:left;

List items တွေကို horizontal အဖြစ်ပြောင်းလဲပြီး ကျွန်တော်တို့လိုချင်တဲ့ စတိုင် လှလှလေးဖြစ်အောင် အောက်ပါကုဒ်တွေရေးရပါမယ်။

ul li{
width:200px;
background:chocolate;
line-height:35px;
text-align:center;
list-style:none;
float:left;
border-right:2px groove sienna;
-moz-box-sizing:border-box;
}
ul li:first-child{
border-left:2px groove sienna;
}
ul li a{
text-decoration:none;
}

border-right:2px groove black; ဆိုတာကတော့ List တစ်ခုချင်းဆီရဲ့ ညာဘက်မှာ border ပေးမှာဖြစ်ပါတယ်၊ border အထူကို 2px ပေးပါတယ်။ groove ဆိုတာကတော့ border ရဲ့ style ပါပဲ။ များသောအားဖြင့် ဒီနေရာမှာ solid ကိုသုံးကြပါတယ်။ ကျွန်တော်ကတော့ ပိုလှအောင် groove ကိုသုံးလိုက်တာပါ။ sienna ဆိုတာကတော့ အရောင်နာမည်တစ်ခုပါ။ chocolate ထက်ပိုပြီးထင်တဲ့အရောင်ကိုရွေးထားတာဖြစ်ပါတယ်။ နောက်တစ်ခု -moz-box-sizing:border-box; ဆိုတာကိုသေချာရှင်းပြပါမယ်။ ပုံမှန်အတိုင်းဆို border 2px ထည့်လိုက်ရင် List တွေရဲ့ width ဟာ 2px ဆီ ထပ်ပြီးတော့ ကျယ်သွားပါတယ်၊ ကျွန်တော်တို့ nav ကို 1000px ယူခဲ့တဲ့အတွက် List ၅ ခုအတွက် 200px ဆီပဲရမှာပါ။ border အတွက် 2px ထပ်ပေါင်းထည့်လိုက်ရင် နောက်ဆုံး List ဟာ အောက်ကိုအလိုလိုရောက်သွားပါလိမ့်မယ်၊ ဒါကြောင့် box-sizing:border-box; ကိုသုံးရတာပါ။ဒီလိုသုံးလိုက်လို့ border တစ်ခုချင်းဆီအတွက် 2px နေရာမယူတော့ပါဘူး၊ ရှေ့ဆုံးက ရေးထားတဲ့ -moz- ဆိုတာကတော့ ဒီ box-sizing:border-box; ကုဒ်ကို Mozilla မှာ သုံးရင် Mozilla က မသိမှာမို့ Mozilla အတွက် -moz- ကိုရှေ့ဆုံးက ထည့်ပေးရတာပါ။ Google Chrome အတွက်ကတော့ -webkit- ကိုသုံးပါတယ်။ Internet Explorer အတွက် -ms- ကိုသုံးပါတယ် Opera အတွက် -o- ကို ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ ul li:first-child{ border-left:2px groove sienna; } ဆိုတာကတော့ ပထမဆုံး List ရဲ့ ဘယ်ဘက်ကိုလဲ border 2px ပေးမယ်လို့ ဆိုလိုပါတယ်။

ul li a{ text-decoration:none;} ဆိုတာကတော့ Home ဆိုတဲ့ စာသားလေးတွေရဲ့အောက်က underline တွေကို ဖျောက်လိုက်တာဖြစ်ပါတယ်၊ ပြန်ထည့်ချင်တယ်ဆိုရင်တော့ text-decoration:underline; ကိုသုံးရမှာပါ။ underline အစား blink ဆိုတာကိုလဲ အသုံးပြုနိုင်ပါတယ်၊ blink ကိုသုံးလိုက်ရင်တော့ စာလုံးလေးတွေက ပေါ်လိုက် ပျောက်လိုက်ဖြစ်နေမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း Navigation ဘေးဘက်တွေမှာ အချွန်လေးတွေထပ်ထည့်ပါမယ်။ ဒီအချွန်လေးတွေထည့်ဖို့ ရေးနည်းမျိုးစုံရှိတဲ့အထဲက အထက်မှာသတ်မှတ်ထားတဲ့ nav ရဲ့ width 1000 ကိုပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ လုပ်လို့ရတဲ့ နည်းလမ်းကိုသုံးသွားမှာပါ။ ဒီအတွက် အောက်ပါ ကုဒ်တွေလိုပါတယ်။

nav:before{
content:"";
font-size:0px;
border:17.5px solid chocolate;
position:absolute;
right:100%;
border-left-color:transparent;
}
nav:after{
content:"";
font-size:0px;
border:17.5px solid chocolate;
position:absolute;
left:100%;
border-right-color:transparent;
}

အထက်ပါကုဒ်မှာ nav:before ဆိုတဲ့ selector ရဲ့အဓိပ္ပါယ်ကတော့ စောစောကရှိပြီးသား nav ရဲ့ရှေ့မှာ နေရာသတ်မှတ်လိုက်တာပါ။ နောက်ဆုံး result ပုံရဲ့ ရှေ့ဆုံးက တြိဂံအချွန်လေးရဖို့ပါပဲ။ content:””; ဆိုတာကတော့ ဘာမှရေးမထားတဲ့ content တစ်ခုကိုသတ်မှတ်တာပါ။ ဒီဘာမှမရှိတဲ့ content ကိုပဲ ကျွန်တော်တို့ Border ယူပြီး သုံးသွားမှာပါ။ font-size:0px; ဆိုတာကတော့ လက်ရှိ content မှာ ဘာမှမရေးဘဲ ဗလာဖြစ်နေပေမယ့် font-size ရဲ့ height ကို 16 pixel အလိုလိုယူထားခြင်းဖြစ်လို့ font-size ကို 0 သတ်မှတ်ပေးရတာပါ။ ဒီနေရာမှာ နားမလည်နိုင်တာ တစ်ခုရှိပါလိမ့်မယ်။ font-size ကလဲ 0 ပေးထားတယ်၊ content မှာလဲ ဘာစာမှရေးမထားဘဲ ဘယ်လိုလုပ် Border ပေးလို့ရမလဲပေါ့၊ ဒါပေမယ့် ရပါတယ်၊ ဘာမှမရှိဘူးဆိုပေမယ့် အဲ့ဒီမရှိဘဲယူထားတဲ့ နေရာလေးကိုပဲ Border ယူသွားတာပါ။ border:17.5px solid chocolate; ဆိုတာကတော့ border အထူကို 17.5px ထားပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ List တွေရဲ့ height ကို 35px ထားခဲ့လို့ပါပဲ။ 17.5px ရှိတဲ့ border ၂ ခုပေါင်းလိုက်မှ 35px အမြင့်ရှိတဲ့ List ရဲ့ height ကို မီမှာဖြစ်လို့ပါ။ solid ဆိုတာကတော့ မျဉ်ကြောင်းလို့ တစ်ဆက်တည်းယူတာပါ၊ chocolate ဆိုတာကတော့ List ရဲ့ အရောင်နဲ့တူအောင် ယူလိုက်တာပါ။
ဆက်ပြီး position:absolute; ထားဖို့အတွက် nav မှာသွားပြီး position:relative; ထားရပါမယ်။ အောက်ပါကုဒ်ကိုကြည့်လိုက်ပါ။

position:relative;

selector တစ်ခုအတွင်းမှာ position ကို absolute ထားလိုက်ရင် page တစ်ခုလုံးမှာ ကြိုက်နှစ်သက်တဲ့နေရာကိုရွှေ့နိုင်ပါတယ်။ ဒါပေမယ့် nav မှာ position:relative; ထားခြင်းအားဖြင့် nav ကနေပဲ စမှတ်ယူပြီး ရွှေးလျှားမယ်လို့ ဆိုလိုပါတယ်။ ခု လက်ရှိ right:100%; ထားလိုက်ခြင်းဟာ nav ဆိုတဲ့ Element တစ်ခုလုံး ရဲ့ ညာဘက်ကနေ တစ်ရာ ရာခိုင်နှုန်းရွေ့မယ်လို့ဆိုလိုပါတယ်။ 100% ရွှေ့လိုက်ရင် 100% အကျော်ဖြစ်တဲ့ nav ရဲ့ ဘယ်ဘက်မှာ လာကပ်မှာဖြစ်ပါတယ်။ နောက်တစ်ကြောင်းအနေနဲ့ border-left-color:transparent; မှာ transparent ဆိုတာ ထိုးဖောက်မြင်နိုင်ခြင်း ဆိုတဲ့အဓိပ္ပါယ်အရ border ရဲ့ ဘယ်ဘက်က အရောင်ကို ဖျောက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့ အချွန်လေးရလာခြင်းဖြစ်ပါတယ်။

အောက်က nav:after ဆိုတဲ့အရာကလဲ nav:before နဲ့အတူတူပါပဲ။ ဘယ်ညာပဲကွာသွားတာပါ။ ဒါကြောင့် left ကို right ပြောင်း ၊ right ကို left ပြောင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒီသင်ခန်းစာကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ နောက်ဆုံးလုပ်သွားချင်တာက ကျွန်တော်တို့ရဲ့ Navigation လေးကို အပေါ်မှာ ကပ်မနေစေဘဲ အောက်ကို နည်းနည်းဆင်းသွားစေဖို့ nav ရဲ့ margin top ကို 50px ထားလိုက်ပါမယ်။

nav{
width:1000px;
background:skyblue;
margin:0 auto;
position:relative;
margin-top:50px;
}

အထက်ပါကုဒ်အတိုင်း margin-top:50px; ကိုမရေးဘဲ margin:0 auto; နေရာမှာ margin:50px auto 0px; လို့ပြင်လိုက်ရင်လဲ ရပါတယ်။ ဒါပေမယ့် အထက်မှာရေးထားတာကို မပြင်ချင်တဲ့အတွက် အောက်ကတစ်ကြောင်းသီးသန့်ရေးလိုက်တာပါ။
ခုလိုဖတ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်ရက်မှာ ဆက်လက်တင်ပြပါဦးမယ်။ နားမလည်တာများရှိခဲ့ရင် facebook မှာ comment ချန်ခဲ့ခြင်းဖြင့်လည်းကောင်း၊ brightermyanmar@gmail.com သို့ စာရေးသားပေးပို့၍လည်းကောင်း မေးမြန်နိုင်ပါတယ်ခင်ဗျာ။

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/2sGPuy

ဒီ project code ကို အောက်ပါ လင့် မှာ ဒေါင်းပါ
http://goo.gl/2IWOha

Brighter Myanmar
We Code the World

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment