Powered by Blogger.

Popular Posts

RSS

အမေးအဖြေ ရှင်းလင်းချက် -> CWM နှင့် Custom Rom ဆိုတာဘာလဲ?


ဒီညီလေး မေးသွားတာက တော်တော်များများ Mobile User များ
နားလည်ရခက်တဲ့ ပုံစံပါ ကျနော်လဲ နားလည်သလောက်လေး တဆင့်ခြင်း
ရှင်းပြပေးကြည့်ပါမယ်...
Stock Recovery
===========
Stock Recovery ဆိုတာ Android ဖုန်းတစ်လုံးမှာ မူလ အတိုင်း ပါဝင်လာတဲ့ Recovery တစ်ခုပါ
အောက်က ပုံမှာ ပြသထားပါတယ် မူလ Recovery ကို Stock Recovery လို့ခေါ်ပါတယ်။
ဘာတွေ ပါဝင်မလဲဆိုတာကလဲ ရှင်းရှင်းလေးပါ
Reboot System Now
Apply Update From SD Card
Wipe Data/Factory Reset
Wipe Cache Partition 
ဒါတွေပါပဲ ထူးထူးခြားခြား အသုံးဝင်တာ နှစ်ခုပဲရှိတယ်
Official Update.zip ဖိုင် ဒေါင်းပြီးရင် SD Card ထဲထည့်
Apply Update From SD Card ကနေတဆင့်
Version မြင့်နိုင်ပါတယ်...။
Password တွေ ချမိရင်တော့ Wipe Data/Factory Reset ကိုဝင်ပြီး
Yes To All လုပ်ယုံနဲ့ ဖုန်းက အသစ်တိုင်းပြန်ဖြစ်သွားမှာပါ။
Stock Recovery လို့ခေါ်တဲ့ မူလ Recovery ကိုသိပြီဆိုရင်
ပြန်လည် အသစ်ထည့်သွင်းတဲ့ CWM Recovery အကြောင်းကို ရှင်းပြပါမယ်။
-----------------------------------------------------------------------------------
CWM ( Clock Work Mod ) Recovery
=====================
Clock Work Mod Recovery ကို အများအားဖြင့်
CWM လို့ပဲ ခေါ်ဝေါ်ကြပါတယ်...။
အောက်ပါပုံကတော့ CWM Recovery ဖြစ်ပါတယ်။
မူလ Stock recovery ကို အုပ်ပြီး အသစ်ထည့်သွင်းလိုက်တဲ့ CWM Recovery ရဲ့
လုပ်နိုင်စွမ်းကတော့ အများကြီးပါပဲ...။
Reboot System Now
Apply Update From SD Card
Wipe Data/Factory Reset
Wipe Cache Partition
Install Zip From SD Card
Backup And Restore
Advanced
ဒီမှာ ထူးခြားစွာ ပါဝင်နေတာလေးတွေကို ကျနော် အနီရောင်တားပေးထားပါတယ်။
Install Zip From SD Card ကတော့
ကျနော်တို့ Root ချင်တယ်ဆိုရင် အဲ့ဒီကနေ
Root.zip ဖိုင်တွေကို Install လုပ်ပေးယုံဖြင့်
Super User ရရှိနိုင်သလို
MM Font.zip ဖိုင်တွေကို လဲ Install Zip From SD Card ကနေ
Install လုပ်ရုံဖြင့် မြန်မာစာကို မ Root ပဲ မြင်နိုင်ရေးနိုင်ပါတယ်။
နောက်ထူးခြားချက်တစ်ခုကတော့ Backup and Restore ဖြစ်ပြီး
မိမိ တစ်ခုခု မစမ်းသက်ခင် မိမိရဲ့ Firmware ခေါ် Rom ကို
သိမ်းဆည်းပေးထားမှာဖြစ်ပြီး မိမိစမ်းသက်လိုက်လို့
Firmware ပျက်သွားပြီး Logo မှာ ရပ်နေသည့်အခါမျိုးတွင်
Backup မှ သိမ်းထားသော Firmware သို့မဟုတ် Rom အား
Restore ပြန်လုပ်ပေးခြင်းဖြင့် မိမိသိမ်းဆည်းသည့်အချိန်က
မူလ အတိုင်းကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
အမေးအဖြေကဏ္ဍ မှာ မေးထားတဲ့ ညီလေး သိချင်တဲ့
CWM Recovery တွေ ဘယ်မှာ ရှာလို့ရမလဲဆိုတော့
အစုံလင်ဆုံးဖြစ်တဲ့...
http://www.clockworkmod.com/rommanager
မှာ Download ဆွဲပြီး ရယူနိုင်ပါတယ်....
-------------------------------------------------------------------------------
Stock Rom
=========
Stock Rom ဆိုတာကတော့ မူလ ဖုန်းရဲ့ ပင်ရင်း Firmware ကိုခေါ်တာဖြစ်ပါတယ်
Firmware လို့ ခေါ်ဆိုကြသလို Stock Rom လို့လဲ ခေါ်ဆိုပါတယ်။
Custom Rom
===========
Custom Rom ဆိုတာကတော့ မူလ ဖုန်းမှာပါတဲ့ ပင်ရင်း Firmware မဟုတ်ပဲ
Dev များစိတ်ကြိုက် ပြင်ဆင်ချယ်သထားသော Theme များ Launcher များနှင့်
အခြားသော အသုံးဝင် App များ ထပ်မံထည့်သွင်းထားသော
Rom များကို Custom Rom ဟု ခေါ်ပါသည်။
ဒီအကြောင်းတွေ နဲ့ ပတ်သက်၍ အကျယ်တ၀င့်လေ့လာချင်တယ်ဆိုရင်ဖြင့်
http://forum.xda-developers.com/
တွင် လေ့လာတာ အကောင်းမွန်ဆုံးဖြစ်မှာပါ။
လေးစားလျက်
သစ်ဆန်းခန့်
09 421016108

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment