Powered by Blogger.

Popular Posts

RSS

ဒီapk လေးနဲ့ GPSကိုဖွင့်ပြီး နက္ခတ် leo ကို ဘယ်လိုဖွဲ့စည်းထားတယ် ဘာတွေနဲ့ ဘွဲ့စည်းထားတယ်ဆိုတာရှာကြည့်မယ်

ဒီ apk နဲ့. ပါတ်သက်ပြီ ကျွန်တော် စကားများများ ပြောပြီးမိတ်ဆက်ရပါလိမ့်မယ် ခင်ဗျာ ။
ကျွန်တော် ရှာတွေ့သမျှapk တွေထဲမှာ ဒီလို apk မျိုး တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။အခုတော့ ကျွန်တော့်ရဲ့ ရှာဖွေမှု့ကြောင့် သူငယ်ချင်းများကို ဂုဏ်ယူစွာshare နိုင်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော့်ဖုန်းက GPS ကို ဖွင်ပြီး ပုံ(၁)အတိုင်း တည်နေရာ ပြုလိုက်တော့ ကျွန်တော်ရှိနေတဲ့ လက်တီကျူ့ လောင်ဂျီကျူ့တွေကို ပုံ၂ မှာ ပြပေးပြီး
ယခုကျွန်တော်ရောက်နေတဲ့ နေရာမှ ဖြစ်ပေါ်နေတဲ နက္ခ ကို ဖော်ပြပါတယ်။
အခုကျွန်ါ်တော်ရောက်တဲ့နေရာမှာပေါ် ထွန်းနေတဲ့ နက္ခကတော့ Water Snake ဆိုတဲ့ နက္ခမှာ ရှိနေတာပါ ပုံ(၃) ကဲ ဒါဆို ဆက်ရအောင် ဒီWater Snake က ဘာကြယ်တာယာနဲ့ဖွဲ့စည်းထားလဲ ကျွန်တော် ကြယ်တစ်လုံးကို သွားကြည့်လိုက်တယ်။ ပုံ ၎
Head of Hydrus ဆိုတဲ့ ကြယ်ဖြစ်ပြီး သူနဲ့ပါတ်သက်တဲ့ သိပ္ပံဆိုင်ရာ နံပါတ်ဘာညာဖော်ပြထားပါတယ်။
ကဲခပ်သုတ်သုတ် ပဲသွားရအောင် menu ကိုဝင်ရင် ပုံ ၅ အတိုင်း ခေါင်စဉ်မျိုးကွဲအများကြီးတွေ့ရမှာပါ ကျွန်တော်တချိုကိုပဲမိတ်ဆက်ပေးပါမယ်။
ကျန်တာတော့ကိုယ့်ဘာကိုယ် စမ်းကြည့်ပါ။
ကဲဒါဆို ပထမဆုံးကျွန်တော်တို့ နေစကြာဝဠာ အဖွဲ့အစည်းဖြစ်တဲ့
Solar System ကိုသွားရအောင်
ကဲဝင်လောက်ရင် ကျွန်တော်တို့ရဲ solar system ထဲက ဂြိုလ်ကြီးများနှင်တကွ နေမင်းကြီးကိုပါတွေ့ရမှာပါ ။ပုံ ၆
ကဲ ဒါဆို တခြားဂြိုလ်တွေခဏထား နေမင်းကြီးကိုအရင်လေ့လာရအောင် SUN
နှိပ်လိုက်ပါ ။
ပုံ ၇ မှာနေမင်းကြီးပေါ်လာပါပြီ ဒါက screen shot ဆိုတော့ ငြိမ်ငြိမ်ကြီးပဲပေါ်ပါတယ် ဖုန်းနဲ့ ဆို လှုပ်ရှားနေတဲ့ HD 3D ပုံရိပ်တွေကိုတွေ့ရမှာပါ။
ကဲနေမင်းကြီနဲ့ပတ်သက်တာတွေကိုကြည့်လိုက်ပါဦး ကမ္ဘာကနေ149.2. Million Km ဝေးသတဲ့
မျက်နှာပြင်ဆွဲငင်အားက 27.94G ဆိုတော့ ကမ္ဘာထက် သုံးဆ နီးနီးဆွဲအားရှိတာပေါ့။
အဝေးကကြည့်တာအားမရရင်အနီးကပ်ဆွဲကြည့်ပါ အသေအခြာ မြင်နေရပါတယ် နေရောင်ချည်ကွင်းတွေဖြာထွက်နေပုံ မျက်နှာပြင်မှာလောင်ကျွမ်းနေပုံ တကယ်မိုက်ပါတယ်။ ပုံ ၈ ပါ ကဲထားတော့။
ဒီတခါ စောစောက ခေါင်းစဉ်တွေထဲက
Constellation ဆိုတဲ့ နက္ခတ်တာယာအပိုင်းကိုလေ့လာရအောင်
ကျွန်တော်က Leo သမားဆိုတော့ ကျွန်တော့် နက္ခ leo ကိုသွားလိုက်ပါမယ်။ ပုံ ၉
ကဲ ပုံ ၁၀ မှာမြင်ရတဲ့အတိုင်းကျွန်တော့်ရဲ့ နက္ခတ် leo ကို ဘယ်လိုဖွဲ့စည်းထားတယ် ဘာတွေနဲ့ ဘွဲ့စည်းထားတယ်ဆိုတာ တွေ့ရပါပြီ။
ကဲဒါတွေကတော့ ဒီ apk ရဲ့လုပ်ဆောင်ချက်တွေထဲက အနဘ်းအကျဉ်းသားထုတ်နှုတ်တင်ပြတာပါ။
အမှန်က များစွာအောင်လေ့လာလို့ရပါသေးတယ်
Galaxy တွေ ကြယ်တွေ နောင်အသစ်တွေ့ရှိထားတဲ့ ဂြိုလ်တွေ ။အစုံပါပဲ။
ကဲဒီတော့ ကျွန်တော့်ရဲ့ ဒီ apk လေးကို အားလုံးအတွက် share လိုက်ပါတော့မယ်ခင်ဗျာ။
သက်ပိုင်ထွန်း (IT လောကထဲက မူကြိုကျောင်းသား)
Download Link
http://pc.cd/Ss4
Dropbox link
https://db.tt/Gjdwvke3










  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment