Powered by Blogger.

Popular Posts

RSS

Facebook Profile Picture ဘယ်ကရသလဲစစ်ဆေးနည်း

မိမိမိတ်ဆွေ သူငယ်ချင်းတွေရဲ့ Facebook Profile Picture ကိုစစ်ဆေးနည်းဖြစ်ပါတယ်..တစ်ချို့ကတော့ ကိုယ့်ပုံကိုယ်တင်ထားကြတယ်..ဒါဆိုရင်တော့ ဒါဟာ ကိုယ့်သူငယ်ချင်းအစစ်ဖြစ်တယ်ဆိုတာသိတာပေါ့...
တစ်ချို့ကျတော့လည်း မင်းသမီးပုံ ၊ မင်းသားပုံ ၊ အရုပ်ပုံလေးတွေ တင်ထားတတ်ကြပြန်ပါတယ်..ဒီတော့ ဒီပုံတွေဘယ်ကရသလဲ..ဘယ်Websiteကရသလဲ..တင်ထားတဲ့ပုံကအတုလားအစစ်လားဆိုတာသိဖို့အတွက် ဒီနည်းဖြင့် စစ်ဆေးလို့ရပါတယ်။95% အသုံးဝင်ပါတယ်။

ကဲ..အခု ကျွန်တော်က ကျွန်တော့်ရဲ့ Wall မှာတင်ထားတဲ့ Profile Picture ဘယ်ကနေယူလာသလဲဆိုတာ
ပြမှာဖြစ်ပါတယ်။ လွယ်လွယ်လေးပါဘဲ... ကျွန်တော်ကတော့ Chrome သုံးပါတယ်။ ဒီတော့ Chrome Windows နှစ်ခုဖွင့်ထားပါတယ်။

ပြီးတာနဲ့ ပထမ Chrome မှာ ကျွန်တော့်ရဲ့ Wall ကိုဖွင့်ပါတယ်။ ဒုတိယ Chrome မှာကျတော့ ဒီ Link ကိုဖွင့်
လိုက်ပါတယ်။ အောက်က ပုံကိုကြည့်ပါ။


ပြီးတာနဲ့ ကျွန်တော့်ရဲ့ Wall မှာတင်ထားတဲ့ ပုံလေးကို မောက်စ်ဖြင့်ဖိဆွဲပြီး ဒုတိယ Chrome မှာရှိနေတဲ့
Search Box ထဲသို့ ဆွဲထည့်လိုက်ပါတယ်။ ဒါဆိုရင် အောက်က ပုံအတိုင်း ကျွန်တော် သည်ပုံလေးကို ဘယ်ကရလာသလဲဆိုတာ အလွယ်တစ်ကူ သိရှိသွားပြီဖြစ်ပါတယ်။ အရမ်းလွယ်ပါတယ်.. Google ရဲ့ Image Search Function ကိုအသုံးချသွားတာပါဘဲ။

အောက်ကပုံကိုကြည့်ပါ။ အဖြေသိပါပြီ။


http://www.mmithelper.com/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment