Powered by Blogger.

Popular Posts

RSS

Android Device အတွက် ကိုယ်တိုင် Live Wallpaper လေး လုပ်ကြမယ်


Live Wallpaper ကို ကိုယ်တိုင် ပြုလုပ်နိုင်ဖို့အတွက် ကွန်ပျူတာထဲမှာ Java ထည့်ထားရပါမယ်။ Java ထည့်ရန် အတွက်ကတော့ >>> ဒီနေရာ <<< မှာ သွားဒေါင်းပြီး Install ထားလိုက်ပါ။

 ပြီးရင် Live Wallpaper ပြုလုပ်ပေးမယ့် Live Wallpaper Script  ဖိုင်ကို ဒေါင်းလိုက်ပါ။

Mediafire မှ ဒေါင်းရန် (Link 1)  >>> Download <<<
Mediafire မှ ဒေါင်းရန် (Link 2)  >>> Download <<<
4Shared မှ ဒေါင်းရန်                >>> Download <<<

ဒေါင်းလို့ရလာတဲ့ Custom Live Wallpapers.2.6.Zip ဖိုင်ကို ခွဲထားလိုက်ပါ။ ကိုယ် Live Wallpaper လုပ်ချင်တဲ့ ပုံလေးတွေကို .png format နဲ့ သိမ်းထားလိုက်ပါ။

ပြီးရင် ခုနက Zip ဖိုင်ကိုခွဲထားလို့ရလာတဲ့ Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ placeimages ဖိုဒါထဲကိုဝင်ပါ။ အဲ့ဒိ ဖိုဒါထဲက ပုံလေးတွေရဲ့ နာမည် အတိုင်း ကိုယ် Wallpaper လုပ်ချင်တဲ့ ပုံလေးတွေရဲ့
နာမည်ကို (n01, n02, n03, n04, n05, ............. , n34, n35, n36, .........) အစရှိသဖြင့် Rename
ပြောင်းပြီး အစားထိုးထည့်ပေးလိုက်ပါ။ ပုံနည်းရင် နည်းသလို ထွက်လာမယ့် apk ဖိုင်ကလည်း ဆိုဒ်သေး
ပါလိမ့်မယ်။

အစမ်းသဘောပြုလုပ်ချင်သူတို့အတွက် Animation ပုံများ ပါဝင်တဲ့ Rar ဖိုင် ကို အောက်မှာ Download
ရယူလိုက်ပါ။ အဲ့ဒိ Rar ဖိုင်ကို ခွဲလိုက်ရင် အောက်ပါပုံအတိုင်း ကြောင်စုံတွဲပုံလေးတွေ (ပုံပေါင်း ၃၈ ပုံ) ပါလာပါလိမ့်မယ်။
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန်  >>> Download <<<




ကိုယ်လုပ်တဲ့ Live Wallpaper.apk ဖိုင်ရဲ့ icon ကိုလည်း placeimages ဖိုဒါထဲက icon ဆိုတဲ့ ပုံလေး နေရာ မှာ အစားထိုး ထည့်လို့လည်း ရပါတယ်။













ပြီးသွားရင် Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ Run.bat ဖိုင်လေးကို Double click နှိပ်ပြီး run ပေး
လိုက်ပါ။ ပုံအရေအတွက် ဘယ်နှပုံရှိသလဲလို့ မေးပါလိမ့်မယ်။ ဒါဆိုရင် ကြောင်စုံတွဲပုံ ၃၈ပုံရှိပါတယ်လို့
ဖြေပေးလို့မရပါဘူး။ haxadecimal အနေနဲ့ ဖြေပေးရမှာပါ။ ပုံ အရေအတွက် ၂၀ ဆိုရင် ၁၄လို့ဖြေပေးရ
မှာပါ။ အခု ပုံအရေအတွက်က (icon ပုံပါ အပါအ၀င်) ၃၉ ပုံဆိုတော့ ၂၇ လို့ဖြေပေး ရမှာ ဖြစ်ပါတယ်။ ပုံ အရေအတွက် ကို haxadecimal အနေနဲ့ သိချင်တယ်ဆိုရင်တော့  >>> ဒီဆိုက် <<< မှာ သွားချိန်လို့ရပါတယ်။ 

Decimal မှ Hexadecimal ချိန်းပုံ

27 လို့ ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ ပြီးရင် apk ရဲ့ နာမည် ကို ရိုက် Enter ခေါက်၊ apk ရဲ့ description ကို ရိုက် Enter ခေါက်၊ apk ရဲ့ package name ကိုရိုက် Enter ခေါက် (ဒါတွေကတော့ ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါတယ်။) အားလုံးပြီးသွားရင်တော့ ကိုယ်လုပ်လိုက်တဲ့ Live Wallpaper
ဟာ ဖိုဒါ ထဲမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကောင်းထက်ထွန်း
မူရင်း ဆိုဒ်လင့်ခ် >>> http://theunlockr.com/2010/08/03/how-to-create-a-live-wallpaper/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment