Powered by Blogger.

Popular Posts

RSS

လူသားတိုင်းလိုက်နာကျင့်သုံးသင့်တဲ့ စကားကြီး ၃ ခွန်း

“ စကားကြီး ၃ ခွန်း ”  
•••••••••••••••• 
 ♠ မြစ်ကြီးလည်းမခမ်းပါစေနဲ့..။
 ♠ သစ်ပင် ကြီးလည်း မလဲပါစေနဲ့..။
 ♠ ထုံးအိုးကြီးလည်းမကွဲပါစေနဲ့..။

♦ မြစ်ကြီးမခမ်းပါစေနဲ့ဆိုတာ….အေးမြတဲ့ စမ်းရေလိုကြည်ကြည် လင် လင် တသွင်သွင် စီးဆင်းနေတဲ့..မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ..။ လူလူချင်းမေတ္တာထားကြ ၊မေတ္တာ တရားတွေ ပွားများကြမေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲ..။ 

 ♦ သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။ သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာ နဲ့ အရိပ် အာဝါသကိုပေးတယ်..။ ထို့အတူပဲ..ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့  အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်..။ ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့ လိုသလို..အရိပ် အာဝါသတွေကိုမဖျက် ဆီးမိဘို့ ၊ ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်..။ သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ..။ဒါကြောင့် သစ်ပင် ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ..။ 

♦ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ..။ မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံး လာကြတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေ..။ မပျောက် ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ..။ 
                                                                                    -(ရွှေဥမင်ဆရာတော် ဘုရားကြီး )
ဒီ Software လေးလောက်ကောင်းတာမတွေ့ဖူးသေးဘူးဗျာ ဘယ်လောက်ကောင်းလိုက်လဲ............ကြိုက်ရင် အောက်မှာ ဒေါင်းသွားလိုက်ကြပါ။။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment