Powered by Blogger.

Popular Posts

RSS

Pattern Lock အား Root Access, USB Debugging မဖွင့် ထားပဲ ဘယ်လိုဖြုတ်မလည်း……





 
ကျွန်တော်တို့ ဖုန်း Services သမားအများစုက Pattern Lock ဆိုရင်
၎င်း Pattern ကိုဖြုတ်ဖို့အတွက် ၄င်းဖုန်းအတွင်းမှာ Root Access ရှိ
ရမယ်။ USB Debugging ဖွင့်ထားရမယ်ဆိုတာတွေပဲများပါတယ်။ အခု
ကျွန်တော်ပြောမယ့်အကြောင်းရာလေးကတော့ Pattern Lock ဖြည်လို့
မရတဲ့ ဖုန်းကိုဘာ Root Access မှလည်းမလိုဘူး။ ဘာ Usb Debugging
ဖွင့်ထားစရာလည်းမလိုပဲလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်လေးဖြစ်ပါတယ်။

စတင်လုပ်ဆောင်ချက်…..
အရင်ဆုံး သင်ဒေါင်းလုပ်ဆွဲထားတဲ့ Zip ကိုဖြည်လိုက်ပါ အထဲမှာ ပါလာတဲ့ csm.zip နဲ့ delete_password.zip နှစ်ဖိုင်ကို သင့် ဖုန်း Memory Card အတွင်းသို့ထည့်လိုက်ပါ။
ထို့နောက် သင့်ဖုန်းအား ပါဝါပြန်ဖွင့်ရမှာဖြစ်ပါတယ်။ ပါဝါဖွင့်တဲ့နေရာမှာ
နှိပ်ရမယ့်ခလုပ်တွေက Volume Up+ Power+ Home Button တို့ကို
တစ်ပြိုင်တည်းနှိပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက
Volume Up နေရာမှာ Down ကိုနှိပ်လိုက်တာနဲ့ Downloading
Mode ထဲကိုဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့် မှားမနှိပ်မိဖို့ သတိပြုပါ။
ကဲဆက်လိုက်ရအောင်လားဗျာ… ဒီနောက် သင့်ဖုန်းအတွင်းမှာပေါ်လာမယ့်
Screen Message တွေကတော့
-reboot system now
-apply update from sdcard
-wipe data/factory reset
-wipe cache partition
စသဖြင့် Recovery Mode အတွင်းတွင်ရွေးချယ်စရာလေးမျိုးကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ဒီနောက်တော့ကျွန်တောတို့က  ဒုတိယ ရွေးချယ်စရာဖြစ်သော
“apply update from sdcard” ဆိုတာအပေါ်အောက် အသံအတိုးအကျယ်
လုပ်တဲ့ လခုတ်နဲ့ သွားပီး ရွေးချယ်မယ်ဆိုပါက Home Button ကို နှိပ်ပေးလိုက်
ရပါမယ်။ဒီနောက်တော့စောနက သင်ထည့်ထားသော zip File နှစ်မျိုးထဲမှ ပထမတစ်
ခုအနေနဲ့ cwm.zip ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒီအခါမှာ အ၀ါရောင်အဖြစ်မြင်ရမှာ
ဖြစ်ပါတယ်။ ထို့နောက် “install zip from sd card” ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်
ပါတယ်။ထို့နောက်တဆက်တည်းမှာပဲ “choose zip from sd card” ဆိုတာကိုရွေး
ချယ်ပေးပီး “delete_password.zip” ကိုရွေးချယ်ပေးရဦးမှာဖြစ်ပါတယ် ပီးရင်တော့
Yes ကိုနှိပ်ပေးလိုက်ပါ။ထို့နောက်တော့ System ကို သူ့အလိုအလျောက်လုပ်
ဆောင်သွားပီး Reboot ကျသွားပါလိမ့်မယ်။ System Reboot ကျသွားပီးသွားပီ
ဆိုရင်တော့ ပြန်တက်လာတဲ့အခါမှာ Pattern Lock ပြုတ်သွားပီး System Setting
ထဲမှာ Default အတိုင်း Without Security ဖြစ်နေတာကိုပျော်ရွှင်စွာတွေ့မြင်ရမှာ
ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

 
အာရှသားနည်းပညာ မှ  ပြန်လည်ဖြည့်စွက် တင်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

Unknown said...

ဒေါင်းလုပ်linkကသေနေပါတယ်ဆရာရေပြန်တင်ပေးပါလား

Unknown said...

linkကသေနေတယ်အချိန်ရရင်ပြန်တင်ပေးပါလာ

Post a Comment