Powered by Blogger.

Popular Posts

RSS

Android App စတင်​​ရေးသားခြင်း

Android applicationကို စတင်​ ရေးသားတော့မယ်ဆိုရင် IDEတခု လိုမှာ ဖြစ်​ပါတယ်​။ IDEဆိုတာကတော့ ကျွန်တော်တို့ codingရေးသားဖို့ အတွက် လိုတဲ့ toolတစ်ခုပေါ့။ IDE​တော်​​​တော်​များများ ရှိ​မေပဲ့လည်း Googleကိုယ်တိုင် recommand​ပေးတဲ့ I​​DEက Eclipseပါ။ တကယ်​လို့ ကွန်​ပျူတာမှာ Eclipse IDEရှိပြီးသားဆိုရင်တော့ >>>>>> android sdk extension သွင်းဖို့လိုပါလိမ့်မယ်။ Eclipseရှိပြီးသားဆိုရင် andoird sdkကို downloadဆွဲပြီး eclipseရဲ့ Help > Install New Software ဆိုတာကို ရွေးပေးပြီး addကို clickလုပ်၊ Add Dialog boxပေါ်လာတဲ့အခါ Nameကို ADT Plugin Link URL ကျတော့ ဒါကို (https://dl-ssl.google.com/android/eclipse/) ထည့်ပါ။ ပြီးရင် nextတွေ clickလုပ်၊ နောက်ဆုံး agreeပြီး finish။ ပြီး eclipseကို restartလုပ်၊ use existing sdkဆိုတာကို dialogတက်လာရင် ရွေးပေးလိုက်ပြီး downloadလုပ်ထားတဲ့ sdkရဲ့ loactionကို ရွေးပေးပြီးရင် သုံးလို့ ရပါပြီ။ >>>>> အဲ့IDE မရှိဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ googleက ထုတ်ပေးတဲ့ Android Developer Toolကို သုံးပါ။ ADTကို သုံးချင်ရင်တော့ ဒီကနေ သက်ဆိုင်ရာ OSအလိုက် downloadဆွဲနိုင်ပါတယ်။ ဟုတ်ကဲ့ ADTကို downloadဆွဲပြီးရင် လုပ်ရမှာကတော့ zip fileဖြည်ပြီး သုံးရုံပါပဲ။ ADTဟာ portableဖြစ်ပါတယ်။ zipဖြည်လိုက်ရင် eclipseဆိုတဲ့ folderရယ်၊ sdkဆိုတဲ့ folderရယ် နှစ်ခု ပေါ်လာပါလိမ့်မယ်။ eclipseဆိုတဲ့ folderထဲက eclipse.exeဆိုတာလေးကို ဖွင့်လိုက်ပါ။အာ့ဆို အောက်ကလို Android Developer Toolsဆိုပြီး တက်လာပါလိမ့်မယ်။ image   ကိုယ်ဆောက်လိုက် app projectတွေ သိမ်းဖို့ locationတခု တောင်းပါလိမ့်မယ်။ D:/workspaceပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ သိမ်းလို့ ရပါတယ်။ ကဲ ပထမဆုံး HelloWorld! Applicationရေးကြည့်ရအောင်ဗျာ။ Fileကို clickခေါက် New ထဲက android application projectဆိုတာကို ရွေးလိုက်ပါ။ ပြီးရင် New Android Applicationဆိုပြီး boxလေး ကျလာလိမ့်မယ်။ image Application Name နေရာမှာ HelloWorldလို့ ဖြည့်လိုက်ပါ။ အာ့ဒါက ကျွန်တော့်တို့ applicatinရဲ့ နာမည်ဖြစ်ပါတယ်။ နောက်တခုက project name ကတော့ လက်ရှိ projectကို ဘာနာမည်ပေးမလဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ HelloWorldလို့ပဲ ပေးလိုက်တယ်။ နောက်တခုက package nameဖြစ်ပါတယ်။ ကျွန်တော်တို့ appရဲ့ source codeဖြစ်တဲ့ Java Fileတွေ သိမ်းမဲ့နေရာ ဖြစ်ပါတယ်။ androidမှာ package nameပေးတဲ့အခါ web site လိပ်စာနဲ့ ပေးပါတယ်။ ထုတ်တဲ့၊ရေးတဲ့သူရဲ့ web siteပေါ့ဗျာ။ ဥပမာ ကျွန်တော်က com.blogspot.myandroidian.helloworldလို့ ပေးလိုက်မယ်ဗျာ။ နောက်ပြန် ပြန်ဖတ်ရင် ကျွန်တော့် web addressက mydroidian.blogspot.comပေါ့။ ဘာပဲပေးပေး ကိုယ့်စိတ်ကြိုက်ပေးလို့ ရပါတယ်။ Minimum Required SDKဆိုတာကတော့ appကို android os ဘယ်လောက်versionအနိမ့်ဆုံးထားမှာလဲ ဆိုတာပဲ။ ဒါကလည်း ကိုယ်​​ရေးတဲ့ appရဲ့ feature​ပေါ်မှာ မူတည်​ပါတယ်​။ ဥပမာ actionbarလို့​ခေါ်တဲ့  app ဖွင့်​လိုက်​ရင်​ appနာမည်​​လေးနဲ့ bar ​ပေါ်တာမျိုးဆို Android Version 3.0 အထက်​မှာပဲ ရတယ်​။ အာ့မျိုးဆို minimum required sdkက 3.0 ဖြစ်​ရပါမယ်​။ ခု ကျွန်​​တော်​​ရေးမဲ့ hello worldက​တော့ ဘယ်​deviceမှာ မဆို runရတယ်​။ ဒါ​ကြောင့်​ ခု​ခေတ်​ ဖုန်း၊ တက်​ဘလက်​ တော်တော်များများရဲ့ အနည်းဆုံး versionဖြစ်​တဲ့ gingerbread 2.3.6ကိုပဲ ထားလိုက်​မယ်​။ ဒါမှမဟုတ်​ JeallyBeanမှပဲ runခွင့်ပြုချင်လဲ သဘောပါပဲ။နောက် target sdkကတော့ ဘယ် OSကို အဓိက targetထားချင်လဲပေါ့ဗျာ။ Themeအကြောင်း နောက်မှ သတ်သတ်ပြောပြမယ်ဗျာ။ image အောက်ကပုံကတော့ launcher iconရွေးပေးတာပါ။ ကိုယ့်​ appရဲ့iconကို browseလုပ်ပြီး ရွေးပေးပါ။ image အောက်ကတော့ activityရွေးတာပါ။ ကျွန်တော်တို့ appရဲ့အဓိက လုပ်မည့်အလုပ်ပါ။ ကျွန်တော်က blankပဲထားပါတယ်။ သူရဲ့built in တခြားဟာ​တွေလည်း စမ်းကြည့်ကြပါ။ image activity nameကို Helloလို့ပေး၊ layout nameကိုတော့ helloလို့ ပေးလိုက်ဗျာ။ image ဒါဆိုရင် ကျွန်တော်တို့ရဲ့ android application Hello Worldကို အောင်မြင်စွာ ဆောက်ပြီးပြီဗျ။ project​ဆောက်​လာတာနဲ့ IDEက သူ့အလိုလို hello world appကို ​ဆောက်​​ပေးသွားတာပါ။ ဒါ​ကြောင့်​ ကျွန်​​တော်​ codeတ​ကြောင်းမှ မ​ရေးရပဲ hello world apk​လေး ရပါပြီ။ runကြည့်မလား။ menu barပေါ်က playသင်္ကေတကို နှိပ်လိုက်ရင်​နှိပ်​၊ ဒါမှမဟုတ်​လည်း project folder​ပေါ် right click​ထောက်​၊ ​ပေါ်လာတဲ့ listထဲကမှ Run as android applicationလို့ ​ရွေးပြီး runလို့ ရပါတယ်​။ emulatorလို့ ​ခေါ်တဲ့ android deviceအတု တစ်ခုပေါ်လာပြီး ဒီapkကို runလိမ့်မယ်။ emulatorနဲ့ runပုံကို ဒီကနေ   လေ့လာပါ။ ဒါပေမဲ့ CPUရဲ့ speedကို မူတည်ပြီး emulatorက ကြာတယ်။ ဒါကြောင့် အကောင်းဆုံးက android ဖုန်းတစ်လုံးကို computerမှာ usbသုံး ချိတ်လိုက်ပါ။ settingsထဲက Developer Optionsမှာ အပေါ်ဆုံး USB debuggingဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။ ဒါဆိုတော့ အောက်ကပုံလိုလေးတက်လာပြီး choose a running deviceမှာ ကျနော့်ရဲ့ U8825လေး ချိတ်ထားတာ တွေ့ရမှာပါ။ ကဲ Okပေးလိုက်ရင်တော့ run ပါပြီ။ ဖုန်းမှာ Hello World appလေးကို ခင်ဗျားထည့်ထားတဲ့ iconနဲ့ တိုးလာတာ တွေ့ရပါလိမ့်မည်။ ဖုန်းမရှိရင်တော့ အောက်က Lunch a new Android Virtual Deviceကို ရွေးပြီး သူပေးတဲ့ထဲက ကြိုက်တဲ့ deviceကို cloneလုပ်ပြီး runလည်း ရပါတယ်။ image
http://poepoemyintswe.wordpress.com/2

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment