Powered by Blogger.

Popular Posts

RSS

Huawei U8951(G510-0010) Build Number B165-168 နဲ့စတဲ့ ဖုန်းတွေ Root လုပ်နည်း


minhtet: ကိုပေါက်ရေ..HUAWEI g510 build no168 ကို ဘယ်software နဲ့ root ဖောက်ရင် ရမလား

Huawei U8951(G510-0010) မှာ Build Number တွေ မတူကြပါဘူး.. ခုပြောပြမယ့်နည်းကတော့ Build Number B165, B168 နဲ့စတဲ့ ဖုန်းတွေအတွက်ပါ...
ကဲ စရအောင်
Root မလုပ်ခင် ပြင်ဆင်ခြင်း
1. ပထမဆုံး အောက်ကလင့်တစ်ခုခုမှာ  G510-0010-C17B165_ROOT ဖိုင်ကို ဒေါင်းပြီး ဖြည်လိုက်ပါ.. ရလာတဲ့အထဲမှာ dload ဆိုတဲ့ Folder တစ်ခုလုံးကို ဖုန်း SD Card ထဲကို ထည့်လိုက်ပါ.. သူတစ်ဖိုင်တည်းပဲရှိရမှာဖြစ်ပါတယ်... တစ်ခြားဖိုင်ရှိနေရင် Format ချပြီးမှ ထည့်ပါ.. Card က အနည်းဆုံး 2 GB ရှိသင့်ပါတယ်.. ပြီးရင် ဖုန်းမှာ တပ်လိုက်ပါ...

Dev-Host    Zippyshare   DropBox

2. ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ.. ဖုန်းရဲ့ Vol - Vol+ Power ခလုပ်သုံးခုကို တွဲပြီးနှိပ်ထားလိုက်ပါ.. ပန်းရောင်အပြားသေးသေးလေးတက်လာပြီး ပြည့်သွားပါလိမ့်မယ်.. ပြီးရင် သူ့အလိုလို Restart ကျသွားပြီး ပြန်တက်လာလိမ့်မယ်...

Root လုပ်ဖို့...
1. ကွန်ပျူတာမှာ Phone Driver တင်ထားပါ.. မရှိရင် ဒီမှာ ဒေါင်းပါ...
2. ဖုန်းမှာ Setting > Applications > Development > USB Debugging နဲ့ Setting > Applications> Unknown Source ကို အမှန်ခြစ်ထားပါ.. ပြီးရင် ဖုန်းကို USB ကြိုးသုံးပြီး ကွန်ပျူတာမှာ တပ်လိုက်ပါ..
3. အောက်ကလင့်မှာ Unlock Root 3.1 ကို ဒေါင်း... PC မှာ Install လုပ် Run ပြီး Root နှိပ်ရုံပါပဲ။ Unlock Root က 3.36 ရှိပါတယ်.. ဒါပေမယ့် 3.1 က စမ်းပြီးသားလည်းဖြစ်ပြီး Offline Installer မို့လို့ပါ..

Download Unlock 3.1

အဆင်ပြေပါစေ...

မောင်ပေါက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment