Powered by Blogger.

Popular Posts

RSS

ဘာသာအမျိုးမျိုးနဲ့ ရေးထားတဲ့ Website တွေကို Eng language ပြောင်းနည်း(မြန်မာဘာသာမပါ)



ခေါင်းစဉ်တပ်ထားတာတော့မိုက်တယ်ဟေ့ မြန်မာဘာသာမပါတဲ့
ကျွန်တော်ဒီအကြောင်းလေးကို ရေးချင်တာကြာပီ ခဏခဏမေးမေးကြတော့
လင့်လေးပဲ ပြန်ပြန်ညွှန်းချင်တယ် အဲဒါကြောင့် ဒီပို့စ်လေးကိုရေးလိုက်တာပါ
အလွယ်လေးပါ ကျွန်တော်တို့တွေ အများစုက Eng ကိုပဲ ဖတ်တတ်ကြတယ်
တရုတ် ၊ ကုလား အခြားဆိုဒ်တွေကိုလည်းကျွန်တော်တို့ယူစရာတွေ
ရှိနေပြန်ရော အဲဒီအခါမျိုးကျတော့ သွားပါပီ မဖတ်တတ်တော့ဘူးလို့
လက်မှိုင်မချလိုက်ပါနဲ့  လုပ်လို့ရတဲ့နည်းလမ်းတွေရပါတယ်
အချို့ဆိုဒ်တွေကျတော့ Translate button လေးတစ်ခါတည်း ထည့်ပေးထားတတ်ပါတယ်
ဥပမာ blogspot ဆိုဒ်မျိုးတွေဆိုရင် ဒါကို အလွယ်လေးလုပ်လို့ရပါတယ်
ဒါပေမယ့် အချို့ဆိုဒ်တွေကျတော့ မလုပ်ထားဘူး ဒီလိုဆို Eng language
ကိုဘယ်လို ပြောင်းဖတ်ကြမလဲ? ကဲစလိုက်ကြမယ်ဘော်ဒါတို့ 
ကျွန်တော်တို့အတွက် ဘာလိုအပ်လဲ Chrome Browser တစ်ခုပဲလိုအပ်ပါတယ်
အများစုက Mozilla Firefox ကို သုံးကြတယ် ဒါပေမယ့် translate လုပ်ဖို့ Add-on တွေကို
သုံးကြရတယ် သိကြတဲ့ အတိုင်း Hacking တွေကို အခုနောက်ပိုင်း Add-on
တွေနဲ့ပဲအလုပ်လုပ်လာကြတော့ မသုံးချင်ကြတော့ဘူး ။။
ဒါကြောင့် Goolge က Translate လုပ်ပေးမယ့် Chrome ကိုသုံးလိုက်ကြတာ
အကောင်းဆုံးပေါ့ Chrome ကလည်း version ထွက်တာ သိပ်မြန်သကိုး
အခုစာရေးနေချိန် 29.0.1521.3 Dev တောင်ထွက်နေပြီ ဒါပေမယ့် version
13 လောက်ထိတောင် အလုပ်လုပ်ပါတယ် ကျွန်တော်အကြံပေးချင်တာက
Stable ဖြစ်တဲ့ version တစ်ခုကိုသုံးပါ beta တွေ မသုံးပါနဲ့ အခုတော့
27 လေးကို သုံးကြပေါ့ မရှိသေးရင် ဒီမှာ သွားဒေါင်းလိုက်ပါ
ညာဘက်က download this version 32.07 MB ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့
Automatically ဒေါင်းမှာပါ ဒေါင်းမရသူများ ပြောထားခဲ့ပါနော်

ဒေါင်းပြီးရင် install လုပ်ပါ လွယ်ကူပါတယ်
အားလုံးပြီးရင်တော့ ဘာသာစပြန်ပါမယ်
တရုတ်ဆိုဒ်တစ်ဆိုဒ်ကို Address bar မှာ ရိုက်ထည့်ကြပါ
ကျွန်တော်ကတော့ 
http://www.romzj.com/search/C8810.html?ordering=&searchphrase=all
အဲဒီလင့်လေးကို ရိုက်ထည့်လိုက်တယ်
 
အဲဒါဆိုရင် သူကမေးပြီ Translate လုပ်မလားတဲ့ အခုရေးထားတာက 
Chinese (Simplified Han) ဘာသာတဲ့ အဲဒါကို Eng ပြောင်းမလားလို့မေးတာပါ
ပြောင်းမယ်ဆိုရင် Translate ကိုနှိပ်လိုက်ပါ
 
ဟောအပုံက ပုံလေးကိုကြည့်လိုက်ဗျာ မျက်လှည့်ပြသလိုမျိုး အင်္ဂလိပ်လိုတွေ ပြောင်းသွားပီ
အခြား ဘာသာပြောင်းချင်ရင်လည်းရသေးတယ် English နေရာမှာနှိပ်ပြီး
ပြောင်းချင်တဲ့ ဘာသာရွေးလိုက် တကယ်လို့ မူလ အတိုင်းပဲပြန်ထား ချင်တယ်ဆိုရင်လည်း
Show Original ပြန်နှိပ်လိုက်။။။။
အလွယ်လေးပါ မသိရင်သာခတ်တာပါ။။။။
 !!!!!!!!!!!!
ကိုသိသလောက် မသိသူတွေအတွက် ကိုသိတာလေးတွေ မျှဝေရင်းကျေနပ်နေသူပါ
အောင်ကျော်ခိုင်(ပုသိမ်) 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment