Powered by Blogger.

Popular Posts

RSS

APK တွေကို ကွန်ပျုတာ မသုံးပဲ Android Phone ဖြင့်မြန်မာမှုပြုနည်း












====================

APK Editor ဆိုတဲ့ App တစ်ခုတော့တွေ့တယ် User Interface ဖြစ်ပေမယ့် အရမ်းဟမ်းပြီး အလုပ်လုပ်ရတာ အဆင်မပြေဘူး ဒါကြောင့် Apk tool ဆိုတဲ့ Software ဖြင့် ပြုလုပ်ပုံကိုပြောပြပါမယ် ပြီးတော့ ဒီ Software နဲ့ Crack တာတို့ ဘာတို့ ကိုယ်နိုင်ရင်နိုင်သလောက် Modify လုပ်လို့ရပါတယ်
End User Software တွေ Copyright နဲ့ငြိရင်တော့ ဘာဘီနဲ့ ဘာမှမဆိုင်ဘူးနော်

File size ကတော့ 40MB ကျော်တယ်နော်

 Or




ဟုတ် ဒေါင်းပြီးရင် Zip ဖြည်လိုက်ပါ အဲဒီFolder ထဲမှာ APK tool.apk ဆိုတာ ပါပါတယ် အဲဒီ software ကို Install လုပ်လိုက်ပါ
ပြီးရင် စကြတော့မယ်နော်

၁ ။ APK tool Software ထဲကိုဝင်လိုက်ပါ ပြီးရင် ခုနကဖြည်လိုက်တဲ့ Apktool ဆိုတဲ့ Folder ထိရောက်အောင်သွားပါ အဲဒီ Folder ကို တွေ့ရင် လက်နဲ့ ခဏဖိထားပီး Pop up massage box ပေါ်လာရင် set as apktool data folder လို့ပေးလိုက်ပါ

၂ ။ ပြီးရင် back ဖြင့် မိမိ Modify လုပ်ချင်တဲ့ Software ရှိတဲ့နေရာထိသွားလိုက်ပါ Apk ကိုတွေ့ပါက တစ်ချက်နှိပ်လိုက်ပါ
pop up box တစ်ခုပေါ်လာပါမယ် အဲဒီထဲက Decompile all ကို နှိပ်လိုက်ပြီး ခဏစောင့်ပါ

၃ ။ ပြီးရင် Log massage တစ် ခုပေါ်လာပါမယ် အဲ ထဲမှာ Error ကင်းကြောင်းပါရင် ဆက် လက်လုပ်ဆောင်လို့ ရပါပြီ (error တက်ရင်တော့ အဲကောင်ကို ဒီနည်းနဲ့ မရဘူဆိုတဲ့ သဘောပါ) ပြီးတာနဲ့ Ok ပေးပြီး Apk Tool ကနေထွက်လိုက်ပါ

၎ ။ ပြီးရင် File mananger ထဲမှ ခုနက Modify လုပ်ခဲ့တဲ့ Software ရှိတဲ့ နေရာကိုသွားလိုက်ပါ Filename_src ဆိုပြီးတွေ့ပါမယ်

၅ ။ အဲ Folder ထဲဝင်လိုက်ရင် res ဆိုတဲ့ Folder တစ်ခုရှိပါမယ် ထပ်ဝင်လိုက်ပါ values ဆိုတဲ့ Folder တစ်ခုတွေ့ပါမယ် အဲထဲက strings.xml ဆိုတဲ့ ဖိုင်ကိုဖွင့့် လိုက်ပါ

၆ ။ Code တွေနဲ့ စာတွေကို တွေ့ပါမယ် အဲထဲက code တွေကိုမပြင်ပါနဲ့ ကွင်းစနဲ့ > < ကွင်းပိတ်ကြားထဲကစာတွေကိုဘာသာပြန်လိုက်ပါ

(ဥပမာ -

<string name="app_name">APK Name</string>

ဆိုရင် APK Name ဆိုတဲ့ တစ်ခုတည်းကို ဘာသာပြန်ရပါမယ် ကျန်တာတွေကို ပြင်လို့မရပါဘူး

<string name="app_name">အေပီကေ နီး</string>

အဲလိုဖြစ်ရပါမယ် )

အဲလိုပြင်ပြီးရင် Save လုပ်လိုက်ပါပြီး File Manager ထဲကထွက်လိုက်ပါ

၇ ။ Apk tool Software ထဲကိုပြန်ဝင်ပြီး Filename_src ဆိုတဲ့ Folder ရှိတဲ့နေရာကို အဆင့်ဆင့်သွားလိုက်ပါ Filename_scr ကိုတွေရင် တစ်ချက်ထောက်လိုပါ pop up box တစ်ခုပေါ်လာပါမယ်

၈ ။ ပေါ်လာသော pop up box ထဲမှ recompile လုပ်လိုက်ပြီး နည်းနည်းစောင့်လိုက်ပါ

၉ ။ ပြီးသွားပါက filename_src.apk ဆိုတဲ့ တစ်ခုထပ်တိုးလာပါမယ် ထိုsoftware ကို ထပ်ပြီး တစ်ချက်ဖိလိုက်ပါ Pop up box တစ်ခု ထပ်ကျလာပါမယ် sign ကိုနှိပ်လိုက်ပါ
Filename_src_sign.apk တစ်ခုထပ်တိုးလာပါမယ်
ဒါဆို Apk တစ်ခု မြန်မာမှုပြုပြီးပါပြီ
ဒါပေမယ့် Inatall လုပ်ဖို့ အတွက် ယခင်ရှိပြီးသား apk ကို uninstall ပြုလုပ်ပေးရပါမည်
ပြီးမှ မြန်မာမှုပြုထားသော APK ကို Install လုပ်၍ ရပါမည်

Icon ချိန်းခြင်း ပုံတွေချိန်းခြင်းကိုလဲ လွယ်ကူစွာပြုလုပ်နိုင်ပါသေးတယ်

B4rb3 (Darli Myat Shuu)



 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Girls Photo said...

TZလိုမျိုးapkလိုမျိုးဆော့ဝလ်ကိုဘယ်လိုပ်ကပါလည်းဆရာ

Post a Comment