Powered by Blogger.

Popular Posts

RSS

" အွန်လိုင်းပေါ် ပိုက်ဆံရှာချင်သူများ အတွက် အပိုင်း (၂ ) "


ပြောကြတဲ့သူတွေကလဲ ပြောကြသလို ကျန်ခဲ့တဲ့ကျနော်ကလဲ ကျန်ခဲ့တာကိုးဗျ ဟဲဟဲ ဒါကြောင့် မေးထားတဲ့သူလေးတွေလဲအဆင်ပြေအောင် နောက်ထပ်ပိုစ်တစ်ခု ထပ်တင်လိုက်ရပါတယ်ဗျာ..
ဟုတ်ပါတယ် တကယ်ပေးတာကတော့ သေချာပါတယ်...ဒါပေမယ့် ဘယ်လိုယူရမလဲ???
နိုင်ငံခြားမှာနေတဲ့သူတွေ အတွက်ကတော့ အရမ်းအဆင်ပြေလွန်းပါတယ် အွန်လိုင်းဘဏ်အကောင့်ဖွင့်ရတာလဲလွယ်ကူသလို ငွေထုတ်ယူရတာကလဲ အဆင်ပြေလွန်းပါတယ်....ခလုတ်လေးတချက်နှိပ်အကောင့်ဖွင့် ခလုပ်လေးတချက်နှိပ် ငွေရောက်...နောက်သွားထုတ်...အိုတေပါပဲ
ဒါပေမယ့်မြန်မာနိုင်ငံကသူငယ်ချင်းများကတော့ အဆင်ပြေသေးမယ်မထင်ပါဘူး ဒါပေမယ့် စိတ်ပျက်စရာမရှိပါဘူး
သူတို့သုံးနေတဲ့ အွန်လိုင်းငွေလွဲစနစ်တွေက paypal payza အစရှိတဲ့ဘဏ်တွေနဲ့ချိတ်ဆက်ထားတဲ့ အွန်လိုင်းငွေလွဲစနစ်တွေကိုပါ အများအားဖြင့်သုံးနေတာက paypal ပဲပေါ့
စိတ်မပျက်ပါနဲ့လိုပြောတာက မြန်မာနိုင်ငံက ရိုးမဘဏ်မှာ paypal ကိုအသုံးပြုလို့ ရနေပါပြီ (အသေးစိတ်ကိုတော့ ဘဏ်မှာစုံစမ်းပါ )
ဒါကြောင့် တကယ်ပေးပါတယ် တကယ်ရပါတယ်
အကောင့်မရှိသေးခင်မှာတော့ ဖြည့်ရမယ့်နေရာလေးတွေနေရာကို ကျော်လို့ရရင် ကျော်သွားလိုက်ပါ ဒါမှမဟုတ် မေးတခုခုကိုဖြည့်ထားလိုက်ပါ အဲ ဖြည့်ထားတဲ့မေးကိုတော့မှတ်ထားပါနော် နောက်အကောင့်လုပ်တဲ့အခါကျရင်အဲမေးနဲ့ပဲလုပ်ပေါ့ အဆင်ပြေပါတယ်...ဘာလိုလဲဆိုတော့ ပိုက်ဆံကချက်ချင်းလဲသူတို့ကထုတ်မပေးသေးပါဘူး..:)
လိုအပ်တဲ့ အမောင့်တခုရောက်မှသူတို့ထုတ်ပေးတာပါ...အဲချိန်ကအနည်းဆုံးတော့ သုံးလလောက်ရှိပါတယ်ဗျာ...အဲချိန်အတောအတွင်းမှာ အကောင့်လုပ်ထားပေါ့ ရပါတယ်....
မေးထားတဲ့သူတွေအတွက်ကတော့ ဒီလောက်ဆိုရပြီထင်ပါတယ်
ကလစ်ချင်ပါတယ် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိတဲ့သူတွေအတွက်ကတော့ ကျနော်ဥပမာ နည်းလမ်းလေးတစ်ခုနဲ့ ပြောပြပါ့မယ်
ပထမဆုံး ဒီလင့်လေးကိုသွားကြမယ်ဗျာ

ပြီးရင် Register လုပ်ပါမယ်..အောက်မှာဖြည့်ပုံဖြည့်နည်းပြထားပါတယ်

Username , Passwords , Email , Birth Year တို့မှာ မိမိအသုံးပြုမယ့်လိပ်စာတွေဖြည့်ပါ..ပြီးတာနဲ့ Referrer မှာUsername ကနာမည်ဘဲပြန်ဖြည့်ပြီး အောက်မယ်ပေးထားတဲ့ လုံခြုံရေးကုဒ်ကိုဖြည့်ကာ Create My Account ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Email အတည်ပြုချက်တောင်းတဲ့ Page ကိုရောက်သွားပါမယ်.. Email ထဲကိုသွားပြီး Verifiedလုပ်လိုက်တာနဲ့ မိမိအကောင့်ဟာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။
ပြီးတာနဲ့ view Advertisements ဆိုတာကိုသွားပြီးတော့ ကလစ်တော့ပါ

အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကိုတွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်.. ကဲ..နည်းနည်းတော့
စိတ်ပျက်မယ်ထင်ပါတယ်…စိတ်မပျက်ရဘူးနော်..ကျနော်အစကတည်းကပြောခဲ့တယ်..ဇွဲရှိဖို့လိုမယ်..လက်ဖက်ကောင်း
စားချင်ရင်ပလောင်တောင်တက်နှေးရတယ် :D အိုကေ..နေ့တိုင်း အင်တာနက်သုံးတိုင်း ကြုံရင်ကြုံသလို Click လုပ်ပေးသွားပါ..ကြော်ငြာတွေကို ကလစ်လုပ်တဲ့နေရာမှာ 24 နာရီပြည့်မှ ကြော်ငြာတွေကို ကလစ်ဖို့ အရေအတွက်အသစ်ထပ်ထုတ်ပေးသွားပါတယ်..ဥပမာ ကနေ့ ကျနော် မနက်ကိုးနာရီက ကလစ် လုပ်လိုက်တယ်ဆိုရင် နောက်နေ့ မနက်ကိုးနာရီ
လောက်မှ ပြန်ကလစ်လုပ်ပါ..ကြော်ငြာအသစ်တွေ အရေအတွက်များများနဲ့ထုတ်ပေးတာတွေ့ရပါတယ်။ အိုကေ..အခုကျနော်တို့ ကလစ်လို့ရလာတဲ့ငွေတွေက Main Balance ထဲကိုဘဲ ၀င်မှာပါ Mail Balance ထဲမှာ အနည်းဆုံး$ 0.8000 လောက်ရလာပြီဆိုတာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်စပါတော့မယ်..မ၀ယ်ခင်အရင်ဆုံး Main Balance ထဲကရတဲ့ငွေတွေကို Rental Balance ထဲသို့ ပြောင်းပါမယ်..ဘယ်လိုပြောင်းမလဲဆိုရင် Rental Balanceရဲ့ညာဘက်ပေါ်နားက [ Add Funds ] ဆိုတာကို နှိပ်လိုက်ပါ …
အောက်ပုံကိုကြည့်ပါ

အဲဒီမှာ ရွေးစရာသုံးခုထဲက Probux MAIN BALANCE ဆိုတာကိုနှိပ်လိုက်ပါ..ပီးရင်အောက်က ပုံကိုဆက်ကြည့်ပါ။

ပုံမှာ $ 0.10 ပြထားတာတွေ့ပါလိမ့်မယ်…အခုကျနော်ရထားတဲ့ ငွေက $ 0.1730 ဆိုတော့ $ 0.10 ထက်တော့ ကျော်နေပါတယ်..ဒီတော့ အဲဒီ $ 0.10 ပမာဏလောက်ကိုဘဲ Rental Balance သို့ရွေ့လိုက်ပါမယ်။ ADD FUNDS ကိုသာနှိပ်လိုက်ပါ.. ဒါဆိုရင်အောက်က ပုံအတိုင်း Main Balance ထဲက ငွေတွေက Rental Balance ထဲသို့ရောက်သွားတာ တွေ့ပါလိမ့်မယ် ။
အစက $ 0.1730 ရှိတာ Main Balance ကနေ 0.10 $ ကို Rental Balance ထဲကိုရွေ့လိုက်တော့
Main Balance မှာ $0.0730 ဘဲကျန်ပါတော့တယ်.. ကျန်တာက Rental Balance ထဲကိုရောက်သွားပါပြီ.. ဒီလိုနည်းနဲ့ ကြော်ငြာတွေကို ကလစ်ရင်း Main Balance ထဲမှာငွေတွေများလာတဲ့အခါ Rental Balance ထဲသို့ ရွေ့ပါ..အဲလိုလုပ်လုပ်ရင်းနဲ့ Rental Balance ထဲမှာ အနည်းဆုံး $0.8000 လောက်ရဘီဆိုရင် ရှယ်ယာ ၀ယ်တဲ့အဆင့် စပါတော့မယ် .
အိုကေ..အောက်မယ်ပြထားတဲ့ ပုံထဲက Rent Referrals ဆိုတဲ့ အရုပ်လေးကို ကလစ်လိုက်ပါ။

ကလစ်လိုက်တာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်..
အဲဒီမှာ Rental Balance ထဲကကိုယ်ပိုက်ဆံနဲ့ လောက်တဲ့ ရှယ်ယာကိုဝယ်လိုက်ပါ
ခုနကပိုက်ဆံနဲ့ဆို သုံးခုပေါ့နော်
ကဲ အကြမ်းဖျင်းအားကတော့ ဒီလောက်ပါပဲ နောက်မှ ကျန်တဲ့အပိုင်းတွေဆက်တင်သွားပါ့မယ် ကျန်တဲ့ဆိုက်တွေကလဲ လုပ်ပုံလုပ်နည်းကတော့ အလားတူပါပဲ
ကဲ
ကလစ်ပုံကလစ်နည်းမသိတဲ့သူတွေကိုလည်း ပြောပြချင်ပါသေးတယ်
ကလစ်တဲ့နေရာမှာလဲ တဆိုက်နဲ့တဆိုက်မတူပါဘူး အကွက်လေးကိုနှိပ်ရင်နှိပ် ခေါင်းစီးလေးကိုနှိပ်ရင်နှိပ် တချို့ကတော့ အကွက်လေးကို နှိပ်ပီးတာတောင်မှ အနီစက်လေးကိုထပ်နှိပ်ရတာရှိပါသေးတယ် ဒါကတော့ သူအထာနဲ့သူပေါ့ နှိပ်သာကြည့်ပေါ့ အိုတေ...
ကြော်ငြာတခုဖွင့်ပြီးလို့ အချိန်စေ့ရင် ဘယ်ဘက်ထောင့်လေးမှာ ပုံလေးဖြစ်ဖြစ်စာလေးဖြစ်ဖြစ်ပေါ်လာပါလိမ့်မယ် ဒါကလဲ တဆိုက်နဲ့ တဆိုက်မတူပြန်ပါဘူး တချို့ကနှိပ်ထားပြီးရင် လွှတ်ထားလို့ရပါတယ် တချို့ကမရပါဘူး
ကြည့်လုပ်ကြပေါ့ဗျာ
အခုတော့ နောက်ထပ်ကလစ်ချင်တဲ့သူတွေအတွက် ဆိုက်လေးတွေကို ထပ်ရှာထားပြန်ပါတယ်ဗျို့
မန်ဘာဝင်ပြီး ကလစ်ကြရင် ပိုက်ဆံရှာကြပါအုံး....












အားလုံးအဆင်ပြေကြပါစေဗျာ.....
You might also like: 
http://sunredsky.blogspot.com/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment