Powered by Blogger.

Popular Posts

RSS

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း



                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။
                         အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

                                 53 KB သာရှိတဲ့ Latest CookieSwap Add-on ကို Firefox Browswer တွင် အသုံးပြုရန် ဤနေရာတွင် Download ရယူပါ။ Latest CookieSwap Add-on ကို Firefox Browser Version 4 မှ နောက်ဆုံးထွက် Version 9 ထိအောင်အသုံးပြုနိုင်ပါတယ်။
                     Firefox 1.5 မှ 3.6 ထိ Version များအတွက် ဤနေရာတွင် ရယူပါ။ ပြီးနောက် Install ပြုလုပ်၍ လက်ရှိအသုံးပြုနေသော Firefox Browser ကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးရပါမယ်။
       Firefox Browser ပြန်တက်လာသောအချိန်တွင် Browser Window ၏အောက်ခြေရှိ Add-on Bar ၏ညာဘက်စွန်းတွင် CookieSwap icon သင်္ကေတကိုမြင်ရပါလိမ့်မယ်။ လိုအပ်သည့် Setting များကို ချိန်ညှိုပေးနိုင်ရန် ၎င်းသင်္ကေတပေါ်တွင် Click တစ်ချက်နှိပ်ပေးပြီး Options ကိုရွေးပါ။ အောက်တွင်ပြထားသကဲ့သို့ CookieSwap Control Panel Window တက်လာပါလိမ့်မယ်။
                              ၎င်းနောက် Options Tab အောက်ရှိ၊ After switching to a new profile: Menu တွင် Don't reload any pages ကို Click နှိပ်၍ Select လုပ်ပေးပါ။ Default Setting အတိုင်းပါရှိသော Reload the current page နေရာတွင် Select လုပ်ထားပါက နောက်ပိုင်းတွင် Profile Account တစ်ခုကို ချိန်တိုင်း လက်ရှိ Web Page က Automatic Reload ပြုလုပ်သည့်အတွက် အချိန်ကြာမြင့်နိုင်သလို၊ လက်ရှိအသုံးပြုနေသည့် Account ကိုလည်း Sign Out ဖြစ်သွားနိုင်ပါတယ်။
                    ပြီးနောက် Status bar options: အောက်ရှိ Delay display of CookieSwap menu on left-click ကို Select လုပ်ပေးပါ။ အသုံးပြုချိန်တွင် Double Click လုပ်ပြီး အခြား Profile Account တစ်ခုကို ပြောင်းချိန်မှာ ပိုမို အဆင်ပြေနိုင်ရန်ဖြစ်ပါတယ်။
                             ထို့နောက် Manage Profiles Tab ကိုပြောင်းပါ။ လက်ရှိ အသုံးပြုနေသော Account Profile ၏နောက်တွင် (active) ဟူ၍ပေါ်နေမည်ဖြစ်ပြီး၊ အမည်ပြောင်းလဲ သတ်မှတ်လိုပါက Rename ကို နှိပ်၍ မိမိနှစ်သက်ရာ နာမည်ကို ရေးခါ Ok ကိုနှိပ်ပါ။ ထို့နောက် CookieSwap Control Panel မှ OK ကိုနှိပ်ပါ။
                        CookieSwap ကိုအသုံးပြု၍ လက်ရှိအသုံးပြုနေသော Site များကို အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။ လက်ရှိအသုံးပြုနေသော Account များမှ User Name များနှင့် Password များသည် လက်ရှိ Active ဖြစ်နေသော Profile တွင် Save ပြုလုပ်ထားမည်ဖြစ်ပြီး၊ ၎င်းအကောင့်များကို အသုံးပြုလိုသည့်အခါတိုင်း ယခု Profile ကို Add-on Bar မှ CookieSwap Icon ကို Click နှိပ်ခါ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

                            နောက်အကောင့်တစ်ခုကို အသုံးပြု၍ Sign In ပြုလုပ်နိုင်ရန် Firefox Browser မှ New Tab Button ကို Click နှိပ်ပါ။ Add-on Bar မှ CookieSwap Icon ပေါ်တွင် Click နှိပ်၍ အထက်တွင် အသုံးပြုခဲ့သော Profile မဟုတ်သည့် အခြား Profile တစ်ခု (ဥပမာ- Profile 2) ကိုရွေးပါ။ ထို့နောက် အသုံးပြုလိုသည့် Site သို့သွား၍ User Name နှင့် Password များကို ထည့်ခါ Sign In ပြုလုပ်ပါ။
                  မိမိအသုံးပြုနေသော Browser ၏ Password Manager မှာ Activate ဖြစ်နေရန်လိုအပ်ပါတယ်။ သို့မဟုတ် Remember Password ကို Tick လုပ်ပေးပြီးမှ Sign In ဝင်ပါ။  Browser တစ်ခုမှနေ၍ အကောင့် ၂ ခုကိုတပြိုင်တည်း အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။
                      ၂ ခုထက်ပို၍ အသုံးပြုလိုပါကလည်း၊ အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း CookieSwap မှ Profile အသစ်တစ်ခုကို ရွေးချယ်ခါ Sign In လုပ်ပေးခြင်းဖြင့် အသုံးပြုနိုင် ပါတယ်။ မိမိသတ်မှတ်ထားသော Account များနှင့် CookieSwap Profile ကိုတွဲ၍ မှတ်ထားပါ။
                  Account နောက်တစ်ခုကိုအသုံးပြုလိုတိုင်း Firefox Broswr မှ New Tab ကို Click နှိပ်ခါ သတ်မှတ်ထားသော CookieSwap Profile ကိုရွေးချယ် ပေးခြင်းဖြင့် အခြား Account တစ်ခုကို အဆင်ပြေလွယ်ကူစွာ တပြိုင်နက်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။


မှတ်ချက်။    ။Public Internet ဆိုင်ကဲ့သို့သော နေရာများတွင် Cookie Swap ကိုအသုံးပြုပြီးလျှင် မိမိအသုံးပြုထားသော User Name များ၊ Password များကို ပြန်လည်ရှင်းလင်းခဲ့ရန် လိုအပ်ပါမယ်။ Add-on Bar မှ CookieSwap Icon ကို Click နှိပ်ပြီး၊ Remove Cookies (all profiles) ကိုရွေးချယ်ခါ မိမိအသုံးပြုခဲ့သော User Name များ၊ Password များကို ဖယ်ရှား နိုင်ခဲ့မှာဖြစ်ပါတယ်။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment