Powered by Blogger.

Popular Posts

RSS

fire fox နဲ.အင်တာနတ်ကိုခပ်မြန်မြန်လေးသုံးကြစို.

စမ်းကြည့်တာ မြန်တော့ တော်တော်ကို မြန်သွားတယ် ။ ခါတိုင်းညဆို ကွန်မကောင်းလို့ စိတ်ညစ်ရတဲ့ ကျွန်တော် ဒီည ပိုစ့် သုံးပုဒ်လောက်တောင် ရေးနိုင်တာ စာဖတ်သူတို့ အတွေ့ပဲနော်း)
ဘာမှလည်း မခက်ပါဘူး ။ ဘာမှလည်း မကောင်းရပါဘူး ။ တက်လာတဲ့ Error ကို ရှင်းပေးလိုက်ရုံပဲ ။ ကျွန်တော်တော့ ဒီနည်းလေးကို တော်တော်လေးကြိုက်နေပြီဗျ ။ စာဖတ်သူတွေလည်း စမ်းနိုင်အောင် ပြန်မျှလိုက်ကြောင်းပါ ။ ဆိုဒ်တွေမှာ ရေးထားတာကို မတွေ့ရသေးတာ မို့ ။ မတွေ့တာလည်း ဖြစ်မှာပါ ။

     ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။
Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။
Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။
box တစ်ခုတက်လာမယ်ဗျာ ။
အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။
ဒါပါပဲဗျာ ။
အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt  + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။ သိသာမြန်ဆန်ကြောင်း ကျွန်တော် အာမခံပါသည် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment