Powered by Blogger.

Popular Posts

RSS

CB Bank APK & CB Bank Mobile Banking Apk(17/12/2013)


2
သမ၀ါယဘဏ်နဲ့ပက်သက်တဲ့အချက်အလက်တွေကိုသိရှီစေနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့APP လေး ဖြစ်ပါတယ်။သမ၀ါယမဘဏ်လီမိတက်မှ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဝန်ထမ်းတွေအစုရှယ်ယာရှင်တွေနဲ့ နိုင်ငံအတွင်းမှာ နေထိုင်သူတွေအတွက် စိတ်ကျေနပ်ချမ်းမြေ့ မှုများရရှိစေရန်အတွက် ၀န်ဆောင်မှုပေးတဲ့ ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။APP ကိုသုံးစွဲ
ခြင်းအားဖြင့်အချိန်နှင့်တစ်ပြေးညီပြုလုပ်လျက်ရှိတဲ့ဘဏ်ရဲ့ဝန်ဆောင်မှုတွေကိုသိရှိနိုင်မှာဖြစ်သလိုဘဏ်ရဲ့နေစဉ်သတင်းထုတ်ပြန်ချက်တွေကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ဒါ့အပြင်အချိန်နဲ့ပြောင်းလဲနေတဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေရဲ့ပြောင်းလဲမှု့ကိုလည်း သိရှိနိုင်စေမှာပါ။ Application ကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် သုံးစွဲနိုင်မှာဖြစ်ပြီး ပြည်တွင်းမှာ
ရှိတဲ့သမ၀ါယမဘဏ်ရဲ့ဘဏ်ခွဲတွေကိုလည်းသွားရောက်ကြည့်ရှူစရာမလိုဘဲနဲ့ သိရှိနိုင်မှာပါ။ဒါ့အပြင် ATM စက်များရဲ့ တည်နေရာတွေကိုလည်း မြေပုံနှင့်တကွ ဖော်ပြပေးထားမှာဖြစ်
သောကြောင့် အချိန်ဒေသမရွှေး ငွေးသွားရောက်ထုတ်ယူ ချင်တဲ့အခါကျရင် အလွယ်တကူသိရှိနိုင်ပါလိမ့်မည်။နောက်တစ်ခုကတော့
CB Bank Mobile Banking APP ဖြစ်ပါတယ်
———————————–
ဒီစနစ်မှာဆိုရင်တော့ ငွေလဲနှုန်းများ ကြည့်ရှူနိုင်ခြင်း၊အပ်ငွေအတိုးနှုန်းကြည့်ရှုခြင်း၊ငွေပေး
ချေမှုအနေဖြင့် မိမိကိုယ်ပိုင်စာရင်းမှ ငွေလွှဲပို့ခြင်း၊ငွေလဲပြောင်းခြင်း၊မိမိနှင့် အကျိုးတူဆောင်
ရွက်မှုသူအား မှတ်ပုံတင်ခြင်း၊ပေးဆောင်ရန် မှတ်ပုံတင်ခြင်း၊မိမိနှင့် အကျိုးတူဆောင်ရွက်သူ
ထံ စာရင်းလွှဲပြောင်း ငွေပေးချေခြင်း၊မိမိနှင့် အကျိုးတူဆောင်ရွက်သူစာရင်းမှ ပယ်ဖျက်ခြင်း
တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊တောင်းဆိုမှုများအနေဖြင့် ငွေပေးရန် ရပ်ဆိုင်းခြင်း၊
ချက်လက်မှတ်အား စစ်ဆေးခြင်း၊ချက်စာအုပ် အသစ်တောင်းဆိုခြင်း၊ငွေပေးအမိန့်များဆောင်
ရွက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုမယ်ဆိုရင် အင်္ဂလိပ် မြန်မာ နှစ်
ဘာသာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်
CB Bank APK အား ဒေါင်းရန်>>http://d-h.st/49L
CB Bank Mobile banking အား ဒေါင်းရန်>>http://d-h.st/R5q
Aung Min Han
http://www.myanmarmobilesoftwaredeveloper.com/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment