Powered by Blogger.

Popular Posts

RSS

FIFA က 2014 ခုနှစ် ကမ္ဘာ့ဖလားအမီ Mobile App တစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်








FIFA က Mobile App ပြုလုပ်ပေး
==========================================
FIFA က 2014 ခုနှစ် ကမ္ဘာ့ဖလားအမီ Mobile App တစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ iPhone, iPad, Android ဖုန်းများမှာအသုံးပြုနိုင်ပြီး နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေသာမက League ပြိုင်ပွဲတွေကသတင်းတွေ၊ ရလဒ်တွေ ကိုအချိန်နဲ့ တစ်ပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်။ Bundesliga , the Barclays Premier League, La Liga တို့အပါအ၀င် League ပြိုင်ပွဲပေါင်း (၁၉၇)ပွဲ မှ သတင်းအချက်အလက် တွေကိုသိရှိနိုင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာ က ဒီဇင်ဘာလ ၆ ရက်နေ့မှာကမ္ဘာ့ဖလားအတွက် မဲခွဲဆုံးဖြတ်မယ့် ပွဲကို App ကနေ Live ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ပွဲစဉ်ဇယားတွေ၊ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ ဘရာဇီး နိုင်ငံရဲ့ လမ်းညွှန်မြေပုံတွေ ၊ ဘောလုံးအသင်းတွေရဲ့ အချက်အလက်တွေ ကို App ကနေသိနိုင်ပါတယ်။ FIFA TV Studio နဲ့ FIFA မှ ဗီဒီယိုတွေကိုလည်း App မှာ ကြည့်နိုင်မှာဖြစ်ပါတယ်။
 

Android အတွက်ကတော့ ဒီအောက်က လင့်မှာ အလွယ်တကူဒေါင်းယူနိုင်ပါတယ် ခင်ဗျာ





ကိုလတ်(ကျွဲဆင်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment