Powered by Blogger.

Popular Posts

RSS

Google Chrome အတွက် Download Manager Fruumo



Google Chrome အတွက် Download Manager
==========================================
Browser တွေမှာ Built-In ပါရှိတဲ့ Download Manager တွေဟာ Features တွေနည်းပါးပြီး Pause,Resume လုပ်ပေးနိုင်တဲ့ Feature တွေမပါရှိပါဘူး။ ဖိုင်တွေကို Download လုပ်ဖို့အတွက် တစ်ခြား Third-Party Download Manager တွေကို အသုံးပြုကြရပါတယ်။ အခုတစ်ခါမှာတော့ Fruumo ဆိုတဲ့ Download Manager နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Fruumo က Chrome Extension ဖြစ်ပြီး Chrome မှာပဲ အသုံးပြုလို့ရမှာပါ။
Fruumo ရဲ့ User Interface က ကြည့်ကောင်းပြီး အသုံးပြုရလွယ်ကူစေပါတယ်။ Fruumo ကို အင်စတောလုပ်ပြီးရင် အိုင်ကွန် တစ်ခုကို Chrome မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အိုင်ကွန် ကိုနှိပ်ပြီး Download လုပ်နေတဲ့ ဖိုင်တွေကို Manage လုပ်နိုင်ပါတယ်။
• Fruumo က Pause, Resume, Stop , Remove စတာတွေလုပ်ပေးနိုင်ပါတယ်။
• Settings Page မှာ Filter တွေပြုလုပ်နိုင်ပြီး ဒေါင်းလုပ်လုပ်တဲ့ ဖိုင်အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ဖိုဒါတွေမှာ သိမ်းဖို့ သတ်မှတ်နိုင်ပါတယ်။
• ဒေါင်းလုပ်ပြီးတဲ့ အခါ မှာ Desktop Notifications တွေနဲ့ အချက်ပေးနိုင်ပါတယ်။ Chrome ကို အသုံးပြုနေခြင်း မရှိရင်တောင် Notification တွေကို သိနိုင်ပါတယ်။
• Multi-Download ပါရှိပြီး Web Page တစ်ခုက လင့် တွေ အများအပြားကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
• Search Bar ပါရှိပြီး Download Page က ဖိုင်တွေကို အလွယ်တကူ ရှာနိုင်ပါတယ်။
Fruumo Download Manager ကို အောက်က လင့် ကနေ အင်စတောလုပ်နိုင်ပါတယ်။




ကိုလတ်(ကျွဲဆင်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment