Powered by Blogger.

Popular Posts

RSS

Android AIO-X

                 


ကျနော်စဉ်းစားတယ် နောက်၈လလောက်နေရင် sim card တွေအလကားချပေးမယ်တဲ့ ( သူတို့အပြောပေါ့ ) ဘာပဲပြောပြောကျနော် ကြိုတင်ပြင်ဆင်ထားမှရမယ် ကျနော်စိတ်ဓာတ်ပိုင်းရော အလုပ်အတွက်ရောပေါ့ အဲဒီတော့ Java Handset ကအစ ဟိုးအမြင့်ဖုန်းတွေအထိ လူတိုင်းဖုန်းကိုင်လာတဲ့အချိန်ကျရင် SERVICES သမားတယောက် ဖုန်းဆိုင်ဖွင့်ထားတဲ့လူတယောက်အတွက် Software ရော Hardware ရောတီးမိခေါက်မိရှိသင့်တယ် ကျနော် Hardware ကျောက်လှည့်တောင်မကိုင်ဘူးပါ မှန်ရာကိုပြောတာပါ မှန်လဲ စပီကာလဲတာတာင်ဟိုတခါမြင်းခြံသွားတုန်းက Ko Naing ပထမလက်ဦးဆရာ လုပ်ဆိုလို့ ကျနော်လဲစိတ်ဝင်စားနေတာနဲ့လုပ်လိုက်တာပါ ကျနော် Hardware တတ်ဖို့အခွင့်အရေးရှိနေတယ် လက်တကမ်းအလိုမှာ အချိန်မပေးနိုင်တဲ့အတွက် ကျနော် Hardware ဘက်ကိုမလိုက်ဖြစ်ဘူး အဲဒီတော့ ကျနော် Hardware သွားသင်မယ် MPPGPhyo Nyi Nyi Zayar Aung Ye Lin Aung Kse Skipper Bobo ကျနော်ညီအကိုလိုခင်နေတဲ့အကိုတွေလက်တကမ်းမှာရှိနေပီးကျနော်မတတ်ဘူးဆို ကျနော်လူမိုက်ဖြစ်သွားပီ ကြိုတင်ပြင်ဆင်မယ်ဆိုတော့ ကျနော်ဆိုင်ကိုပစ်ထားရတော့မယ် အလုပ်တခုကိုလုပ်ရင် စူးစူးစိုက်စိုက် အခြေခံနားလည်အောင်သင်ချင်တဲ့စိတ်ကြောင့် ကျနော်အချိန်ပေးရတော့မယ် အဲဒီတော့ကျနော်ဆိုင်အတွက် အဆင်ပြေအောင်ဆိုပီးဒီရက်ပိုင်းကျနော် အသည်းအသန် ALL IN ONE TOOL တခုထုပ်မယ်ဆိုပီး ကြံတယ် ၁ရက် စလုပ်တော့ ဆိုင်က Design ကျွမ်းတဲ့ညီကိုအကူအညီတောင်းတယ် သူတခါမှအဲလို Design မလုပ်ဘူးဖူးတဲ့ မော်ဒယ်ပုံတွေပဲပြင်တတ်တယ် လုပ်ထားပီးသားကို ပြန် modify တတ်တယ်တဲ့ အဲဒီတော့ ကျနော် PHOTOSHOP ပြန်လေ့လာရတယ် 2 ရက် ပီးတော့ SOURCE CODE တွေ ပတ်တောင်းတယ် 2 ရက် အကုန်ရလာတော့ Design foundation စလုပ်တယ် မလှမပမသပ်မရပ်နဲ့ 3 ရက်လောက်လုပ်လိုက်ရတယ် ပီးတော့ မဟမ်းရဘူး ပြသာနာမရှိအောင်ဆိုပီး အလွယ်ဆုံး BAT FILES ထုပ်တယ် ပီးတော့ Virtual EXE BUILDER တခုနဲ့ ကျနော် စလုပ်တယ် ၃ ရက်လောက်ကြာတယ် မှားလိုက် ပြန်ပြင်လိုက် Error တတ်လိုက်နဲ့ ချာလပတ်ရမ်းနေတယ် အဲဒီခြားထဲ #Zeekwat ကိုလဲဂရုမစိုက်နိုင်လို့ အချစ်ရဆုံးသူကိုလဲပစ်ထားနဲ့ စိတ်နှစ်ပီးလုပ်နေလိုက်တယ် ပီးသွားတော့ တချို့အရာလေးတွေကျနော် ကန့်သတ်ထားခဲ့တယ် ၅၀၀ ၁၀၀၀ ဈေးကွက်ဖျက်ချင်လဲဖျက်ကျပါစေ ကျနော်ဆိုင်အတွက်ထုပ်ထားတာပါအဆင်မပြေဖြစ်ခဲ့ရင်လဲကျနော်ညံလို့ပါ
အိပ်ရေးတွေလဲပျက် နှပ်ချေးတွေလဲထွက် လူလဲမျော့မျော့ပဲရှိပါတော့တယ်

ကျေးဇူးတင်ပါတယ် ကူညီပေးကျတဲ့ မိုးကုတ်သား စိုးထွန်းဦး တို့ကို
အဆင်ပြေမပြေမသိပါဘူးကျနော်ကိုယ်တိုင်ကိုမသုံးကြည့်ရသေးပါ ဆိုင်ကညီလေးတွေသုံးနေတာပါ အားလုံးအဆင်ပြေကျပါစေ ကျနော်လဲ Hardware မြန်မြန်တတ်ပါစေ

FONT DEVELOPER တွေကို Credit ပေးပါတယ် ကျော်စွာသွင် ( Smart Zawgyi ) ယူသုံးထားပါတယ်

SOURCE CODE တချို့ Credit ပေးပါတယ် မိုးကုတ်သား

ADB CLEANER PRO အခြေခံ Credit ပေးပါတယ် စိုးထွန်းဦး ( ဗားရှင်းထက်မြင့်ထားပါတယ် )

Frozen KeyBoard Credit ပေးပါတယ် သီဟအေးကျော် V1.1.3 ပါ

FOND Render ကျော်ဇောနိုင် ( fepfz V2.1 ) Credit ပေးပါတယ်

ကျန်တဲ့လူတွေရှိရင်လဲ ဆောရီးပါ Credit ပေးပါတယ် 


အဆင်ပြေကြပါစေ........
လေလွင့်မိုးတိမ် နည်းပညာမှတ်စု မှာ ကူးယူတင်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment