Powered by Blogger.

Popular Posts

RSS

Squid Proxy ကိုအသုံးပြု၍ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ခြင်း


Proxy ဆိုတာ client နှင့် Server ရဲ့ ကြားမှာ ကြားခံ ဆောင်ရွက်ပေးတဲ့ အရာပါ ဥပမာ ကျတော် တို့ က www.google.comလို့ Browser ကနေဝင်လိုက်တယ်ဆိုပါစို့ ကြားထဲမယ် proxy ရှိမယ်ဆိုရင် google.com အထိ သွားစရာမလိုပဲ သူ့ထဲ မှာရှိတဲ့အတိုင်း တစ်ခါတည်းထုတ်ပေးလိုက်ပါတယ် မိမိရဲ့ ip address ကို web server တွေက မသိအောင်ဖုံးကွယ်တဲ့နေရာမှာလည်း သုံးပါတယ် Proxy တွေက အမျိုး အစားအလိုက်လည်း ကွဲသေးတာကို Transparent proxy ,Anonymous  အစရှိသဖြင့် ပေါ့ ကျနော်လည်းအဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ်တက်နေတဲ့ သူမှမဟုတ်တာ :P ကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင်
ကိုယ်နဲ့ နီးနီးနားနား proxy ကိုသုံးမယ် ပြီးရင် ကိုယ်အသုံးများတဲ့ ဆိုဒ်တွေက proxy မှာ cache တွေရှိရင် proxy ကလည်း update ဖြစ်ရင် အဲ့ကနေ တစ်ခါတည်းယူရင် ဟန်မကျဘူးလား အင်တာနက်ဆိုင်တွေကတော့ အခုလိုဆိုင်တွင်းမှာ proxy သုံးရင် user တစ်ယောက် ချင်းဆီ အတွက် အသုံးပြုမယ် data usage လည်း နည်းမသွားနိုင်ဘူးလား တစ်ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် နောက်တစ်ယောက် ကလည်း ဒီဆိုဒ်ကို ကြည့် ပြန်ပြီး ဒေါင်းနေရရင် မပင်းပန်းဘူးလား အဲ့အတွက် proxy သုံးရင် cache ဖိုင်ကနေ တစ်ခါတည်းထုတ်ပေးရင်အဆင်ပြေနိုင်ပါတယ် ကဲ ကျနော် ရမ်းတုတ် တာနည်းနည်း များသွားပြီဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါမယ့် ကွန်ပြူတာထဲမှပဲ ကိုယ် proxy ထားမယ် cache ဖိုင်တွေထားမယ် ကိုယ်ထက်ခါထက်ခါ ကြည့်မယ့်ဆိုဒ်တွေဆို ကိုယ်စက်မှာ cache ဖိုင်တွေကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ် ဘယ်လောက်ဟန်ကျလဲ

ဘယ်လို့လုပ်ရမလဲဆိုတာဆက်ဖတ်ပေးပါဦး နည်းနည်းရှုပ်တယ်ထင်ရင် သေချာ တစ်ဆင့်ချင်းလုပ်ပါ မ ခက်ပါဘူး
အဆင့် (၅) ဆင့်ခွဲထားပါတယ်
၁.Squid Proxy ကိုရယူခြင်း
၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း
၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း

နံပတ် လေးး အချက်ကို စိတ်ကြိုက် ပြင်ဆင်ပြီးတော့ အသုံးပြုသူတွေအတွက်ပဲ ရည်ရွယ်ပါတယ် ပုံမှန်ကတော့ ကျော်ခဲ့လိုက်ပါ ကျနော်လည်း ဒီအတိုင်း သုံးနေတာပါ

၁.Squid Proxy ကိုရယူခြင်း

အဆင့်တစ်ခုနေနဲ့ရေးရလောက်အောင် ဘာမှမရှိပါဘူး အောက်ကလင့်မှာသွား ဒေါင်းလိုက်ပါ
ဟီးးးးးးးးးးစိတ်မဆိုးနဲ့နော်
Download=>Link1/Link2

၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
ဒေါင်းပြီးလို့ရလာတဲ့ Zip File ထဲက Squid ဆိုတဲ့ Folder ကို C:ထဲကိုကော်ပီကူးထည့်လိုက်ပါ
(လွယ်လွယ်ပြောရင် C ပေါ့ Window Install လုပ်ထားတဲ့ အပိုင်းဆိုရင်လည်းမမှားပါဘူး )
ပြီးရင် C:\squid\etc ကိုသွားလိုက်ပါ



.Default ဆိုတဲ့ Exetnsion ကိုဖြုတ်လိုက်ပါ
အခုလိုပေါ့

.default ဆိုတာလေးကို
ဖျက်လိုက်ပေါ့ဗျာ R-Click=>Rename ရှင်းပါတယ်နော်
မှတ်ချက်။     ။.default ဆိုတဲ့ extension ကိုမမြင် ရဘူးဆိုရင်  Window 7 မှာဆိုရင် folder Option view=>show extension ကနေပြန်ပြီးတော့ ဖော်လို့ရပါတယ် (အတိအကျရှိချင်မှရှိပါမယ် ကျတော်အခု window 8 နဲ့အသားကျတာကြာပြီဆိုတော့) Window 8 အတွက်တော့ အောက်မှာပုံပြထားပါတယ်

Win+R=>inetcpl.cpl ရိုက်ပြီးတော့ internet option ကိုဝင်လိုက်ပါ
connection=>LAN Settings
Address က localhost
Port က 3128 ထည့်လိုက်ပါ 



၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
ဒီနေရာမှာ တစ် ခုမေးစရာရှိတယ် တခြား ဆိုဒ်တွေဝင်လို့ရင် facebook ကောဝင်လို့ မရဘူးလားဆိုတာကို မရပါဘူးခင်ဗျာ Facebook အတွက် ကိုထပ်ပြီးတော့ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ် ဘယ်လိုပြင်ရမှာလဲ ဆိုတာကို ကြည့်ကြရအောင်ပါ
C:\squid\etc  ကိုသွားလိုက်ပါ  squid.conf ကို notepad နှင့်ဖွင့်လိုက်ပါ notepad++ နှင့်ဖွင့်လည်းကိစ္စမရှိပါဘူး

Win+R=>notepad ဆိုပြီး notpad ဖွင့်ပြီးတော့ notepad ထဲ့ကို Drag ဆွဲထည့်လည်းရပါတယ်
Notepad နှင့်ဖွင့်ပြီးသွားပြီဆိုရင် Ctrl+F ကိုနိတ်ပါ
http_access deny all ဆိုပြီးရှာလိုက်ပါ
# http_access deny all ဆိုတဲ့နေရာမှာ အောက်ကစာသားတွေနဲ့အစားသွင်းလိုက်ပါ

http_access allow all
acl fb dstdomain .facebook.com
http_access deny CONNECT fb
http_reply_access deny fb

# မပါတာကို သတိထားပါ ဖြုတ်ထားရပါမယ် ကျနော် အောက်မှာပြထားတဲ့ ပုံကိုသေချာကြည့်ပါ
၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း

ဒီအဆင့်ကို ကျော်ခဲ့လည်း ကိစ္စ မရှိပါဘူးDNS ကို ကိုယ့်စိတ်ကြိုက်ထားသုံးချင်တဲ့ သူတွေအတွက်ပါ
dns_nameservers 8.8.8.8 8.8.4.4
8.8.8.8 ဆိုတာ preferred DNS server ပါ
8.8.4.4 ဆိုတာ Alternate DNS Server ပါ
မိမိစိတ်ကြိုက်လည်း ထည့်သွင်းနိုင်ပါတယ် အကောင်းဆုံးDNS ကိုဘယ်လိုရှာမလဲဆိုတာကို ဒီမှာ ရှုပါ

၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း

Command Prompt ကိုဖွင့်လိုက်ပါ
Win+R=>cmd ပေါ့ဗျာ window 7 ဆိုရင် run box ကရပါတယ် window 8 ဆိုရင် win+X ကိုနိတ်ပါ command prompt(admin) ကိုနိတ်ဝင်ပါ အောက်မှာ ကျနော် ပြထားတဲ့ စာကြောင်းသုံးကြောင်းကို တစ်ကြောင်းချင်းစီရိုက်ပြီးတော့ Enter ခေါက်သွားပါ
squid –i
squid –z
ကျနော်ရိုက်ထားတဲ့ ပုံကိုကြည့်လိုက်ပါ
Failed ဆိုပြီးဖြစ်နေတယ် ကျနော့်မှာ ရှိပြီးသားမို့ပါ ရဲရဲသာ ရိုက်သွား ဘာမှမမှားဘူး စိတ်ချ ကိုယ်ရပြီဆိုမှ ကျတော်တင်ပေးတာ
အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ် ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ
ဘာဖြစ်လို့ဒီအဆင့်ကိုထည့်သွင်းထားတာလဲဆိုတော့ Suqid Service က internet ချိတ်ထားတယ် လိုင်းနည်းနည်းရှိရင် အလိုလိုနေရင် စတင်ပါတယ် ဒါပေမယ့် သုံးလို့မရအောင်ကျသွားးရင်တော့ လိုင်းတက်လာရင်တောင် သူကိုပြန်စောင့်နေရတာအလုပ်တစ်ခုပါ အခုအဆင့်ကိုလုပ်လိုက်ရင်ဘာမှစောင့်စရာမလိုတော့ပါဘူး တစ်ခါစထားရင်းလိုင်ရှိရှိမရှိရှိပွင့်နေပြီသားပါ ကျနော့်အတွက်တော့လုံးဝအဆင်ပြေသွားပါတယ်ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါ
Squid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စီရှင်ရပါမယ်
တွေပြီနော်
ပြီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ  Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါ
OK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး
squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့
win+R=>cmd=>net start squid ဆိုပြီး စရင်ပဲဖြစ်ဖြစ် ကျနော် အောက်မှာပုံပြထားသလို
start ကိုနိတ်ပြီးတော့စ နိုင်ပါတယ်
win+R=>services.msc
squid ကို R-click ထောက် ပြီးရင် start ပေါ့ဗျာ
ဒီတစ်ခါတော့လုံးဝသုံးလို့ရပါပြီ chrome,firefox,internet explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ cache ဖိုင်တွေများလာတာနှင့်အမျှ Data Usage ကသက်သာလာပါလိမ့်မယ် မလို့အပ်တဲ့ Data တွေကို Cache ကနေပဲယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်


             Visit My Blog For More Tech Articles, How To Guides,Computer Tips And Tricks
                                                                                        
                                                                                                                                                                                   

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment