Powered by Blogger.

Popular Posts

RSS

Java Code တွေကို ဘယ်လို Compile လုပ်လဲ



ဒီပို့စ်ကိုဖတ်တဲ့ အခါ ပုံကိုသေချာတွဲပြီးကြည့်စေချင်ပါတယ်၊ ဒါမှနားလည်မှူတကယ်ရှိပီး ပို့စ်ရဲ့ ဆိုလိုရင်းကိုသဘောပေါက်မှာမိုပါ၊

Developer တွေ တည်ဆောက်သမျှ Java Code တွေကို .java ဖိုင် တွေအနေနဲ့ သိမ်းပါတယ်၊ ပုံမှာပြထားတဲ့ အနီရောင်ပုံတွေထဲက Start.java ဖိုင်ကတော့ main() method ရှိတဲ့ဖိုင်ပါ (main function လို့လဲယူစနိုင်သလို အများစုလဲ function လို့ပဲခေါ်ပါတယ်၊ တကယ်တော့ Java မှာ Method တွေနဲ့ အလုပ်လုပ်ပါတယ်၊ C++ ဘာသာရပ်မှာတော့ main function လို့ ခေါ်ပီး Program စတင်တဲ့ Initialize function ဖြစ်ပါတယ်၊

အထက်က main method ထဲမှာ နောက်ထပ် method နှစ်ခုကိုခေါ်ထားပါတယ်၊ f1() နဲ့ f2() တို့ပါ၊ အောက်က ဖိုင်နှစ်ခုဖြစ် ကတော့ f1() method ပါတဲ့ fun1.java ဖိုင်နဲ့ အောက်ဆုံးတစ်ခုက f2() method ပါတဲ့ fun2.java ဖိုင်တို့ပါ၊

ပုံမှာပါတဲ့ Start.java ဖိုင်ကိုစ Run ပီဆိုတာနဲ့ javac (Java Compiler) က Start.java , fun1.java နဲ့ fun2.java တို့ကို compile (စီကုံးပေးတယ်၊ တည်ဆောက်ပေးတယ်)၊ Java Compiler က တည်ဆောက်လိုက်ရင် .java ဖိုင်တွေကနေ .class ဖိုင်တွေအဖြစ်ပြောင်းသွားပါတယ်၊ .class ဖိုင်ဖြစ်သွားတဲ့ အခါ Start.java , fun1.java နဲ့ fun2.java တို့အားလုံး Start.class, fun1.class နဲ့ fun2.class ဖိုင်အဖြစ်ပြောင်းတယ်၊ .class ဖိုင်အဖြစ်ပြောင်းသွားတဲ့ အဆင့်ရောက်ရင် Developer ရေးထားတဲ့ Java ကုတ်တွေ မဟုတ်တော့ပဲနဲ့ Byte Code တွေပါတဲ့ ဖိုင်တွေဖြစ်သွားမှာပါ၊

Byte Code တွေပါဝင်တဲ့ .class ဖိုင်တွေကို Class Loader component က RAM ထဲကို ၀န်တင်ပါတယ်၊ Class Loader Component က JVM (Java Virtual Machine) ထဲ မှာရှိတာပါ၊ JVM က RAM ထဲမှာရှိနေတယ်၊ JVM ထဲမှာ Class Loader တစ်ခုထည်းတာပါဝင်တာမဟုတ်ပဲနဲ့ Byte Code Verifier, Execution Engine နဲ့ JIT Compiler တို့လဲ ရှိနေပါတယ်၊

JVM ထဲမှာရှိနေတဲ့ Class Loader က Byte Code တွေပါဝင်တဲ့ Class ဖိုင်တွေကို ၀န်တင်မယ်၊ Byte Code Verifier က Class Loader ၀န်တင်ပေးတဲ့ Class ဖိုင်တွေကို Operant Stack Under flow ဖြစ်လား Operation Stack Overflow ဖြစ်လား Access Restriction Violation ဖြစ်လားကို စစ်ဆေးပါတယ်၊ ဒါက Java ကို လုံခြုံရေးစိတ်ချရတဲ့ ဘာသာရပ်တစ်ခုဖြစ်စေတဲ့ အကြောင်းအရင်းပါ၊ ဒီလို Byte Code Verifier ကလိုအပ်တဲ့ စစ်ဆေးမှူတွေပြုလုပ်ပီးသွားရင်တော့ Execution Engine က JIT (Just in time code Generator) ကိုသုံးပီး .class ဖိုင်က ရလာတဲ့ Byte Code တွေကို စက်တွေနားလည်တဲ့ Machine Code တွေအဖြစ်ပြောင်းပေးပါတယ်၊ Machine Code တွေဖြစ်သွားရင်တော့ Operation System က ယူပီး Run ပါတော့တယ်၊ ဒါကတော့ JVM Architecture ပါပဲ၊

ဘာ့ကြောင့် Java ကို mid-level language လို့ခေါ်သလဲ
programming ဘာသာရပ်ဖြစ်တဲ့ Java ကို ဘာလို့ mid-level လို့သတ်မှတ်တာလဲ၊ အဓိက အကြောင်းအရင်းက Java မှာ JVM လို့ခေါ်တဲ့ ကြားခံ Compiler ပါဝင်နေလို့ပါ၊ အခြားဘာသာရပ်တွေဖြစ်တဲ့ C program နဲ့ C++ ဖိုင်တွေကို Compile လုပ်လိုက်ရင် Machine Code တွေပါဝင်တဲ့ .obj ဖိုင်တွေချက်ခြင်း ရပါတယ်၊ ဒီဖိုင်တွေကို Linker တွေက ချိတ်ဆက်ပီး .exe ဖိုင်ကို အဖြေထုတ်ပေးတယ်၊ Java ဘာသာက JVM လို့ ကြားခံ Machine Code Generate လုပ်မယ့် Components ကို RAM ထဲမှာ တင်ထားစရာမလိုဘူး၊ Java ကတော့ လိုတယ်၊ ဒီလိုပဲ C# ကလဲ .Net ကို ကြားခံ Machine Code Generator လိုတယ်၊ ဒီ့ အတွက်ကြောင့် Java နဲ့ C# ကို mid-level programming လို့ခေါ်တာပါ၊

နေ့စဉ်ပို့စ်တွေတင်ပေးသွားပါမယ်၊ မနက်ဖြန် phone imei နဲ့ ပက်သက်တဲ့ imei နံပါတ်ရှာတဲ့ Application တည်ဆောက်ပေးပါမယ် လိုအပ်တာတွေအားလုံးလဲရှင်းပြပါမယ်၊ မေးထားတဲ့ မေးခွန်းတွေကိုလဲ ပြန်မဖြေတော့ဘူး၊ ပို့စ်အနေနဲ့ ပဲရေးပေးလိုက်ပါမယ်၊ မျှော်လင့်ထားတဲ့ အချိန် အကြောင်းမပြန်ဖြစ်ရင် ကျေးဇူးပြုပြီးသည်းခံပေးပါ၊ တစ်ချို့မေးခွန်းတွေက ပို့စ်တွေမှာ ပါပီးသား ဖြေဖို့မလိုလို့ မဖြေပါဘူး၊ တစ်ချို့ Phone Service နဲ့ ပက်သက်ရင်တော့ ကျွန်တော်တို့ ဖြေပေးမဖြေပေး မသေချာပါဘူး၊ ကျွန်တော်တို့မှာ Phone ၀န်ဆောင်မှူ ကျွမ်းကျင်တဲ့ မိတ်ဆွေတွေရှိပါတယ်၊ မိတ်ဆက်ပေးပါမယ်၊ သင်တန်းနဲ့ ပက်သက်ရင်တော့ ၁၁ ရက်နေ့မှာ သင်ကြားပေးမယ့် သင်ခန်းစာ အားလုံး ကော သင်တန်း အမျိုး အစားအားလုံးပါ ကြေငြာပေးပါမယ်၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/hUyi4t

ကျေးဇူးပြု၍
ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment