Powered by Blogger.

Popular Posts

RSS

Android ဖုန်းအလွှာခွဲကြည့်ခြင်း


Photo: Android ဖုန်းအလွှာခွဲကြည့်ခြင်း  အထက်က ပုံကတော့ Android phone တစ်လုံး ကို အလွှာခွဲပီး နားလည်လွယ်အောင်ဆွဲပြထားတာပါ၊  Hardware အလွှာ   အထက်က ပုံရဲ့ မြားပြထားတဲ့ အစိတ်အပိုင်းကတော့ ဖုန်း Hardwares တွေကိုဖော်ညွန်းထားပါတယ်၊ အတိအကျတူညီမှာမဟုတ်ပေးမယ့် နားလည်လွယ်အောင် ဆွဲထားပေးတာပါ၊ Hardware အပိုင်းထဲမှာ ဖုန်း မျက်နှာပြင်၊ အသံအနိမ့်အမြင့် Button, Camera, CPU စသဖြင့် ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေအားလုံးပါပါမယ်၊ ဒီလို Hardware ပိုင်းဆိုင်ရာ ရွေးချယ် တည်ဆောက်မှူ က ကုမ္မဏီတစ်ခုနဲ့ တစ်ခု မတူပါဘူး၊ ဒီလိုဘဲ ဖုန်းတစ်လုံးထဲမှာတောင် အသုံးပြုတဲ့ Hardware တွေတစ်ခုနဲ့ တစ်ခု ထုတ်လုပ်တဲ့ ကုမ္မဏီ မတူပါဘူး၊ ဥပမာ CPU မှာ Exynos သုံးတဲ့ ဖုန်းရှိသလို Snapdragon သုံးတဲ့ဖုန်းလဲရှိပါတယ်၊ Radios အတွက် CDMA သုံးတဲ့ဖုန်း GSM သုံးတဲ့ ဖုန်း LTE သုံးတဲ့ဖုန်း နှစ်ခုတွဲသုံးတဲ့ဖုန်း ဆိုပီးရှိပါတယ်၊ Libraries    အကယ်၍ မိတ်ဆွေ Application တစ်ခုရေးချင်တယ်၊ ရေးတဲ့ Application က camera အသုံးပြုပြီး ဓါတ်ပုံရိုက်နိုင်တဲ့ Application ဖြစ်မယ်၊ ဓါတ်ပုံ ရိုက်မယ့် Application ဖြစ်တဲ့ အတွက် LED Flash ကို ဖွင့်နိုင်တဲ့ Function တစ်ခုပါအောင်ရေးရမယ်၊ ရေးတဲ့ အခါလဲ Hardware ဖြစ်တဲ့ Camera component နားလည်အောင် machine code နဲ့ ရေးရမယ်၊ ရေးပီးပီပဲထားပါတော့၊ အားလုံးလဲ အဆင်ပြေပြေအလုပ်လုပ်နေပီပဲထားပါတော့၊  ပြသနာ တစ်ခုက မိတ်ဆွေရေးတဲ့ Application မှာ camera သုံးပီး ဓါတ်ပုံရိုက်နိုင်တဲ့ Function ပါသလို သူများတွေရေးထားတဲ့ Application တွေမှာလဲ Camera သုံးတဲ့ Function တွေပါလာနိုင်ပါတယ်၊ ဒီလို Camera သုံးတဲ့ Application 5 ခုရှိတယ်ဆိုရင် machine code လဲ ငါးခုစာရှိနေမယ်၊ ဒီတော့ camera ဖွင့်တယ် ဆိုတဲ့ အလုပ်တစ်ခုထဲ အတွက် ကုတ်က ငါးခုစာရှိနေမယ်ဆိုတဲ့ သဘောပေါ့၊ ဒီကုတ်တွေများတာက applications တွေ အလုပ်လုပ်တဲ့ အခါ မှာ အရမ်းကိုနှေး သွားစေပါတယ်၊    အထက်ကလို ရည်ရွယ်ချက်တူညီ လုပ်ရပ်တူညီတဲ့ အလုပ်တစ်ခုကို လုပ်တဲ့ Application တစ်ခုစီက machine code တစ်မျိုးစီရေးတဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် Android မှာ Libraries တွေပါလာပါတယ်၊ Libraries တွေထဲမှာ Android Action တစ်ခုစီတိုင်း Intent တစ်ခုစီတိုင်း အတွက် machine code တွေ ကြိုရေးထားပါတယ်၊ သဘောက Application Developer တွေက Camera Application တစ်ခုကိုရေးချင်တယ်ဆိုရင် Camera Hardware ကို အလုပ်ခိုင်းဖို့ machine code တွေကို သီးသန့်ရေးနေစရာ မလိုတော့ပဲနဲ့ Library ထဲမှာရှိတဲ့ သက်ဆိုင်တဲ့ Camera အတွက် Machine code ကို ခေါ်လိုက်ရုံပဲလိုတော့တယ်၊ ဒီလို Library ထဲမှာရှိပီးသား Machine Code ကိုခေါ်သုံးနိုင်ပီဖြစ်တဲ့ အတွက် အတွက် Camera သုံးတဲ့ Applications တွေအားလုံးက Library ထဲက ရှိပီးသား Machine Code ကိုပဲ ခေါ်သုံးရုံ မျှသုံးရုံပဲ၊ တစ်ခု အတွက် သီးသန့် တစ်ခါပြန်ရေးစရာမလိုတော့ဘူး၊ သုံးချင်ရင် ခေါ်သုံးတတ်ဖို့ပဲလိုတယ်၊ ခေါ်သုံးဖို့က Java မှာ Class တွေအများ အများ ကြီးရှိတယ်၊    Windows OS မှာသုံးတဲ့ libraries ဖိုင်တွေကို .dll ( Dynamic Linked Libraries ) တွေ အနေနဲ့ တွေ့ရမှာဖြစ်ပီး Linux OS နဲ့ Android မှာတော့ os ( Shared Object ) ဖိုင်တွေ အနေနဲ့ တွေ့ ရမှာပါ၊ Java မှာ ကုတ်ရေးရင် .jar  libraries တွေကို Class အနေနဲ့ import လုပ်ရပါတယ်၊ Adnroid phone မှာလဲ မဖြစ်မနေ အမြဲသုံးရတဲ့ libraries တွေရှိပါတယ်၊ မဖြစ်မနေဆိုမှာ တကယ့် မဖြစ်မနေပါ၊ သူတို့ကို မသုံးရင် ROM က Boot တက်မှာ မဟုတ်တော့ ပါဘူး၊     Kernel အလွှာ   Kernel အကြောင်းကို အခြား ပိုစ့်တွေမှာရှင်းထားတာ ရှိပါတယ်၊ သွားဖတ်ပေးပါ၊   Dalvik Virtual Machine           Dalvik Virtual Machine က Java ဘာသာရပ်နဲ့ ရေးထားတဲ့ code တွေ application တွေကို Run ပေးပါတယ်၊ Java compiler က text ဖိုင်မှာရေးထားတဲ့ ဖိုင်တွေကို Bytecode အဖြစ်ပြောင်းပေးတယ်၊ ရလာတဲ့ Bytecode တွေကို .dex ဖိုင်တွေဖြစ်အောင် compile လုပ်တယ်၊ Dalvik VM က .dex ဖိုင်တွေကို ဖတ်နိုင်တယ်၊         Eclipe သို့ Java IDE နဲ့ ရေးထားတဲ့ class ဖိုင်တွေကို .dex ဖိုင်တွေဖြစ်အောင် javac (java compiler) နဲ့ compile လုပ်တယ် (.dex ဖိုင်တွေက .jar ဖိုင်တွေနဲ့တူတယ်)၊ .dex ဖိုင်တွေကို Dalvik VM က Run ပီး .obj ဖိုင် အဖြစ်ပြောင်းပေးတယ်၊ ဒီ Object ဖိုင်တွေကိုတော့ Kernel က နားလည်ပီး နောက်ပိုင်း အလုပ်ဆက်လုပ်တယ်၊ (တကယ်တော့ Dalvik VM အကြောင်းကို အသေးစိတ်ပြောရင် စိတ်ဝင်စားစရာ အလွန့်အလွန်ကောင်း သလို Java ကို Sun ကုမ္မဏီ က ၀ယ်လိုက်တဲ့ Oracle နဲ့ Google ကြား Dalvik VM အကြောင်း အငြင်းပွားမူကလဲ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်၊ Java Virtual Machine ကို Mobile နဲ့ သင့်တော်အောင် Develop လုပ်လိုက်ရာမှ ပိုမြန်ပီးပိုကောင်းလားတဲ့ ရလဒ်ဖြစ်တဲ့ Dalvik Virtual Machine ရဲ့ Apache Harmony project က စပီး ကုတ်တွေနဲ့ တည်ဆောက်ပုံကိုပါနောက်ပိုင်း အသေးစိတ်ရေးမယ်၊)  Application Framework   Application Framework ရဲ့ အပေါ်မှာတော့ Applications Layer ပါရှိပါတယ်၊  အချို့ Application တွေကတော့ System Applicatoins တွေဖြစ်ပီး မူတူညီတဲ့ ၀င်ဆောင်မှူ တွေကိုပေးနိုင်ပါတယ်၊ ဥပမာ အားဖြင့် Applications တိုင်းရဲ့ Manifast ထဲမှာ မပါမဖြစ်ပါရတဲ့ Launcher ပါ၊ framework နဲ့ System ui apks တွေလဲရှိပါသေးတယ်၊ System ui apks ကတော့ Icon နဲ့ dialog box style တွေကို ဖန်တီးပေးပါတယ်၊  Applications  အပေါ်ဆုံးက ကျွန်တော်တို့ရဲ့ applications တွေပဲ၊   1. မဖြစ်မနေသုံးရတဲ့ Libraries တွေက ဘာတွေလဲ၊  2. Bootloader ကို ဘယ်လို Develop လုပ်မလဲ၊   3. ဖုန်း ကုမ္မဏီတွေက Android OS ကို ဘယ်လို အဆင့်ဆင့် စိတ်ကြိုက်  Develop လုပ်ကြလဲ၊  4. Java ဖိုင် Run တဲ့ နောက်ကွယ်က အဆင့်ဆင့် ဖြစ်စဉ်၊  5. imei ကို ဘယ်မှာ သိမ်းလဲ၊ imei နံပါတ်ကို ရှာတဲ့ Application ကို ဘယ်လို ရေးလဲ၊   6. System Font တွေအကြောင်း လေ့လာခြင်း ( မြန်မာစာ အတွက် )  7. ဖုန်းတစ်ခုလုံး Hardware အဆင့်ပဲထားပီး sofrware program တွေအားလုံး ဘယ်လို ထည့်သွင်းတည်ဆောက်မလဲ၊  8. low-level ( assambler )၊ mid-level ( Java, C#)၊ Height Level (C,C++) တို့နှင့် Android ဆက်စပ် ပုံ၊  9. embedded Program အကြောင်း၊  10. Microcontroller တွေကို ဘယ်လို ထိန်းချုပ်လဲ၊  ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်      http://goo.gl/KKvV3c  ကျေးဇူးပြု၍  ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊


အထက်က ပုံကတော့ Android phone တစ်လုံး ကို အလွှာခွဲပီး နားလည်လွယ်အောင်ဆွဲပြထားတာပါ၊Hardware အလွှာအထက်က ပုံရဲ့ မြားပြထားတဲ့ အစိတ်အပိုင်းကတော့ ဖုန်း Hardwares တွေကိုဖော်ညွန်းထားပါတယ်၊ အတိအကျတူညီမှာမဟုတ်ပေးမယ့် နားလည်လွယ်အောင် ဆွဲထားပေးတာပါ၊ Hardware အပိုင်းထဲမှာ ဖုန်း မျက်နှာပြင်၊ အသံအနိမ့်အမြင့် Button, Camera, CPU စသဖြင့် ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေအားလုံးပါပါမယ်၊ ဒီလို Hardware ပိုင်းဆိုင်ရာ ရွေးချယ် တည်ဆောက်မှူ က ကုမ္မဏီတစ်ခုနဲ့ တစ်ခု မတူပါဘူး၊ ဒီလိုဘဲ ဖုန်းတစ်လုံးထဲမှာတောင် အသုံးပြုတဲ့ Hardware တွေတစ်ခုနဲ့ တစ်ခု ထုတ်လုပ်တဲ့ ကုမ္မဏီ မတူပါဘူး၊ ဥပမာ CPU မှာ Exynos သုံးတဲ့ ဖုန်းရှိသလို Snapdragon သုံးတဲ့ဖုန်းလဲရှိပါတယ်၊ Radios အတွက် CDMA သုံးတဲ့ဖုန်း GSM သုံးတဲ့ ဖုန်း LTE သုံးတဲ့ဖုန်း နှစ်ခုတွဲသုံးတဲ့ဖုန်း ဆိုပီးရှိပါတယ်၊
Libraries

အကယ်၍ မိတ်ဆွေ Application တစ်ခုရေးချင်တယ်၊ ရေးတဲ့ Application က camera အသုံးပြုပြီး ဓါတ်ပုံရိုက်နိုင်တဲ့ Application ဖြစ်မယ်၊ ဓါတ်ပုံ ရိုက်မယ့် Application ဖြစ်တဲ့ အတွက် LED Flash ကို ဖွင့်နိုင်တဲ့ Function တစ်ခုပါအောင်ရေးရမယ်၊ ရေးတဲ့ အခါလဲ Hardware ဖြစ်တဲ့ Camera component နားလည်အောင် machine code နဲ့ ရေးရမယ်၊ ရေးပီးပီပဲထားပါတော့၊ အားလုံးလဲ အဆင်ပြေပြေအလုပ်လုပ်နေပီပဲထားပါတော့၊ ပြသနာ တစ်ခုက မိတ်ဆွေရေးတဲ့ Application မှာ camera သုံးပီး ဓါတ်ပုံရိုက်နိုင်တဲ့ Function ပါသလို သူများတွေရေးထားတဲ့ Application တွေမှာလဲ Camera သုံးတဲ့ Function တွေပါလာနိုင်ပါတယ်၊ ဒီလို Camera သုံးတဲ့ Application 5 ခုရှိတယ်ဆိုရင် machine code လဲ ငါးခုစာရှိနေမယ်၊ ဒီတော့ camera ဖွင့်တယ် ဆိုတဲ့ အလုပ်တစ်ခုထဲ အတွက် ကုတ်က ငါးခုစာရှိနေမယ်ဆိုတဲ့ သဘောပေါ့၊ ဒီကုတ်တွေများတာက applications တွေ အလုပ်လုပ်တဲ့ အခါ မှာ အရမ်းကိုနှေး သွားစေပါတယ်၊

အထက်ကလို ရည်ရွယ်ချက်တူညီ လုပ်ရပ်တူညီတဲ့ အလုပ်တစ်ခုကို လုပ်တဲ့ Application တစ်ခုစီက machine code တစ်မျိုးစီရေးတဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် Android မှာ Libraries တွေပါလာပါတယ်၊ Libraries တွေထဲမှာ Android Action တစ်ခုစီတိုင်း Intent တစ်ခုစီတိုင်း အတွက် machine code တွေ ကြိုရေးထားပါတယ်၊ သဘောက Application Developer တွေက Camera Application တစ်ခုကိုရေးချင်တယ်ဆိုရင် Camera Hardware ကို အလုပ်ခိုင်းဖို့ machine code တွေကို သီးသန့်ရေးနေစရာ မလိုတော့ပဲနဲ့ Library ထဲမှာရှိတဲ့ သက်ဆိုင်တဲ့ Camera အတွက် Machine code ကို ခေါ်လိုက်ရုံပဲလိုတော့တယ်၊ ဒီလို Library ထဲမှာရှိပီးသား Machine Code ကိုခေါ်သုံးနိုင်ပီဖြစ်တဲ့ အတွက် အတွက် Camera သုံးတဲ့ Applications တွေအားလုံးက Library ထဲက ရှိပီးသား Machine Code ကိုပဲ ခေါ်သုံးရုံ မျှသုံးရုံပဲ၊ တစ်ခု အတွက် သီးသန့် တစ်ခါပြန်ရေးစရာမလိုတော့ဘူး၊ သုံးချင်ရင် ခေါ်သုံးတတ်ဖို့ပဲလိုတယ်၊ ခေါ်သုံးဖို့က Java မှာ Class တွေအများ အများ ကြီးရှိတယ်၊

Windows OS မှာသုံးတဲ့ libraries ဖိုင်တွေကို .dll ( Dynamic Linked Libraries ) တွေ အနေနဲ့ တွေ့ရမှာဖြစ်ပီး Linux OS နဲ့ Android မှာတော့ os ( Shared Object ) ဖိုင်တွေ အနေနဲ့ တွေ့ ရမှာပါ၊ Java မှာ ကုတ်ရေးရင် .jar libraries တွေကို Class အနေနဲ့ import လုပ်ရပါတယ်၊ Adnroid phone မှာလဲ မဖြစ်မနေ အမြဲသုံးရတဲ့ libraries တွေရှိပါတယ်၊ မဖြစ်မနေဆိုမှာ တကယ့် မဖြစ်မနေပါ၊ သူတို့ကို မသုံးရင် ROM က Boot တက်မှာ မဟုတ်တော့ ပါဘူး၊


Kernel အလွှာ

Kernel အကြောင်းကို အခြား ပိုစ့်တွေမှာရှင်းထားတာ ရှိပါတယ်၊ သွားဖတ်ပေးပါ၊

Dalvik Virtual Machine

Dalvik Virtual Machine က Java ဘာသာရပ်နဲ့ ရေးထားတဲ့ code တွေ application တွေကို Run ပေးပါတယ်၊ Java compiler က text ဖိုင်မှာရေးထားတဲ့ ဖိုင်တွေကို Bytecode အဖြစ်ပြောင်းပေးတယ်၊ ရလာတဲ့ Bytecode တွေကို .dex ဖိုင်တွေဖြစ်အောင် compile လုပ်တယ်၊ Dalvik VM က .dex ဖိုင်တွေကို ဖတ်နိုင်တယ်၊

Eclipe သို့ Java IDE နဲ့ ရေးထားတဲ့ class ဖိုင်တွေကို .dex ဖိုင်တွေဖြစ်အောင် javac (java compiler) နဲ့ compile လုပ်တယ် (.dex ဖိုင်တွေက .jar ဖိုင်တွေနဲ့တူတယ်)၊ .dex ဖိုင်တွေကို Dalvik VM က Run ပီး .obj ဖိုင် အဖြစ်ပြောင်းပေးတယ်၊ ဒီ Object ဖိုင်တွေကိုတော့ Kernel က နားလည်ပီး နောက်ပိုင်း အလုပ်ဆက်လုပ်တယ်၊ (တကယ်တော့ Dalvik VM အကြောင်းကို အသေးစိတ်ပြောရင် စိတ်ဝင်စားစရာ အလွန့်အလွန်ကောင်း သလို Java ကို Sun ကုမ္မဏီ က ၀ယ်လိုက်တဲ့ Oracle နဲ့ Google ကြား Dalvik VM အကြောင်း အငြင်းပွားမူကလဲ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်၊ Java Virtual Machine ကို Mobile နဲ့ သင့်တော်အောင် Develop လုပ်လိုက်ရာမှ ပိုမြန်ပီးပိုကောင်းလားတဲ့ ရလဒ်ဖြစ်တဲ့ Dalvik Virtual Machine ရဲ့ Apache Harmony project က စပီး ကုတ်တွေနဲ့ တည်ဆောက်ပုံကိုပါနောက်ပိုင်း အသေးစိတ်ရေးမယ်၊)

Application Framework

Application Framework ရဲ့ အပေါ်မှာတော့ Applications Layer ပါရှိပါတယ်၊ အချို့ Application တွေကတော့ System Applicatoins တွေဖြစ်ပီး မူတူညီတဲ့ ၀င်ဆောင်မှူ တွေကိုပေးနိုင်ပါတယ်၊ ဥပမာ အားဖြင့် Applications တိုင်းရဲ့ Manifast ထဲမှာ မပါမဖြစ်ပါရတဲ့ Launcher ပါ၊ framework နဲ့ System ui apks တွေလဲရှိပါသေးတယ်၊ System ui apks ကတော့ Icon နဲ့ dialog box style တွေကို ဖန်တီးပေးပါတယ်၊

Applications

အပေါ်ဆုံးက ကျွန်တော်တို့ရဲ့ applications တွေပဲ၊

1. မဖြစ်မနေသုံးရတဲ့ Libraries တွေက ဘာတွေလဲ၊

2. Bootloader ကို ဘယ်လို Develop လုပ်မလဲ၊

3. ဖုန်း ကုမ္မဏီတွေက Android OS ကို ဘယ်လို အဆင့်ဆင့် စိတ်ကြိုက်
Develop လုပ်ကြလဲ၊

4. Java ဖိုင် Run တဲ့ နောက်ကွယ်က အဆင့်ဆင့် ဖြစ်စဉ်၊

5. imei ကို ဘယ်မှာ သိမ်းလဲ၊ imei နံပါတ်ကို ရှာတဲ့ Application ကို ဘယ်လို ရေးလဲ၊

6. System Font တွေအကြောင်း လေ့လာခြင်း ( မြန်မာစာ အတွက် )

7. ဖုန်းတစ်ခုလုံး Hardware အဆင့်ပဲထားပီး sofrware program တွေအားလုံး ဘယ်လို ထည့်သွင်းတည်ဆောက်မလဲ၊

8. low-level ( assambler )၊ mid-level ( Java, C#)၊ Height Level (C,C++) တို့နှင့် Android ဆက်စပ် ပုံ၊

9. embedded Program အကြောင်း၊

10. Microcontroller တွေကို ဘယ်လို ထိန်းချုပ်လဲ၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/KKvV3c

ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

Brighter Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment