Powered by Blogger.

Popular Posts

RSS

BOOTLOADER,KERNEL,FASTBOOT များအကြောင်း သိကောင်းစရာ




Bootloader

bootloader ဆိုတာ low-level coding program တစ်ခုပါ။

Phone Power on လိုက်တာနဲ့  bootloader က စပြီးအလုပ်လုပ်ပါတယ်။

bootloader ထဲမှာ Android OS ကိုဘယ်လို startup လုပ်ရမယ်၊

System kernel ကိုဘယ်လို load လုပ်ရမယ်ဆိုတဲ့ instructions တွေပါပါတယ်။

bootloader ရဲ့ အလုပ်က Android OS ကိုစက်နိုးပေးတာပေါ့ ဗျာ။

Android OS က အင်ဂျင်ဆိုရင် bootloader က အင်ဂျင်ကိုနှိုးပေးတဲ့ မော်တာလေးပေါ့ ။

bootloader မှာ locked နဲ့  unlocked ဆိုပြီးနှစ်မျိုးရှိပါတယ်။

Android phone တိုင်းမှာ bootloader ကို locked လုပ်ထားပါတယ်။



Kernel

kernel ဆိုတာ hardware နဲ့  software ကိုဆက်စပ်ပေးတဲ့ ကောင်ပါ။

hardware resource တွေကိုထိန်းချုပ်ပေးတဲ့ ကောင်ပေါ့ ။

ခင်ဗျား Phone မှာ music player ဖွင့် ထားမယ်၊Angry birds လည်းဆော့ နေမယ်၊

facebook ကိုလည်းဖွင့် ထားမယ်ဆိုပါစို့ ။

အဲ့ ဒီအချိန်မှာ CPU ကို music player ကဘယ်လောက် % (precent) သုံးရမယ်၊

Angry birds ကဘယ်လောက်သုံးရမယ်၊facebook ကဘယ်လောက်သုံးရမယ်ဆိုတာကို

kernel ကဆုံးဖြတ်ပေးတယ်။Kernel ဆိုတာ hardware မန်နေဂျာပေါ့ ဗျာ။

kernel က CPU အပြင် RAM နဲ့  I/O(input output) တွေကိုပါထိန်းချုပ်ပါတယ်။

Android သာမက Windows နဲ့ Mac မှာလည်း kernel ရှိပါတယ်။


Locked bootloader Vs Unlocked bootloader


Bootloader ကို locked လုပ်ထားရင် kernel ကို flash လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

kernel ကို flash မလုပ်နိုင်ရင် Custom ROM တင်လို့ မရပါဘူး။

stock kernel ကို support လုပ်နိုင်တဲ့  Custom ROM ပဲတင်လို့ ရပါတယ်။

["flash" လုပ်တယ်ဆိုတာ "install" လုပ်တယ်လို့ ပဲမှတ်ယူပါ။

"stock" ဆိုတာ "original" ကိုပြောတာပါ။

"ROM" ဆိုတာ "firmware" ကိုပြောတာပါပဲ။]

ဥပမာ..Xperia play မှာ locked bootloader ပါပါတယ်။

သူ့ ကို CM7 (custom ROM) တင်ချင်တယ်ဆိုရင်

stock kernel နေရာမှာ CM7 က support လုပ်တဲ့  kernel ကိုအစားထိုး (flash) ပေးရပါမယ်။

CM 7 က stock kernel ပေါ်မှာ မ run နိုင်လို့ ပါ။

kernel ကို flash လုပ်ရမယ်ဆိုရင် bootloader ကို unlock အရင်လုပ်ကိုလုပ်ရပါမယ်။


Motorola Droid RAZR မှာလည်း locked bootloader ပါတာပါပဲ။

သို့ သော် MIUI (custom ROM) တင်ချင်တယ်ဆိုရင်

bootloader ကို unlock လုပ်ပေးစရာမလိုပါဘူး။

MIUI က stock kernel ကို support လုပ်နိုင်လို့ ပါ။

stock kernel ပေါ်မှာ run နိုင်လို့ ပါ။

ဒီတော့  bootloader locked ဖြစ်နေရင် custom ROM တင်လို့ မရဘူးဆိုတာ

မှားပါတယ်။ Stock kernel ကို Support လုပ်နိုင်တဲ့  Custom ROM ကိုတင်နိုင်ပါတယ်။
Root Vs Bootloader

Samsung ဖုန်းတွေမှာ bootloader ကို unlock လုပ်ချင်တယ်ဆိုရင် root လုပ်ထားဖို့ လိုပါတယ်။(eg. S3)

HTC ဖုန်းတွေမှာတော့  root လုပ်ဖို့ အတွက် bootloader unlock (S-off) အရင်လုပ်ထားရပါတယ်။(eg. One X)

(ပြောင်းပြန်နော်...)

Fastboot

Fastboot ဆိုတာ USB data input တွေကိုလက်ခံနိုင်တဲ့  mode တစ်ခုပါ။

သူ့ ကိုသုံးပြီး CWM recovery flash၊ stock ROM flash လုပ်နိုင်ပါတယ်။

(custom ROM ကိုတော့  CWM recovery ကနေ flash လုပ်ပေးရုံပါပဲ၊

stock ROM ကိုတော့  fastboot ကနေပဲ flash လုပ်နိုင်တာပါ)

kernel flash လုပ်ရင်လည်း fastboot ကနေပဲလုပ်ရမှာပါ။

သို့ သော် bootloader locked ဖြစ်နေရင် Fastboot က kernel flash လုပ်ခွင့် မပေးပါဘူး..CWM recovery နဲ့  stock ROM flash ပဲရမှာပါ။

(HTC model မြင့် ဖုန်းတွေမှာတော့  bootloader locked ဖြစ်နေရင် recovery တောင် flash လုပ်ခွင့် မပေးတော့ ပါဘူး

အရင် model တွေတုန်းကတော့ bootloader unlocked မလုပ်ဘဲ root လုပ်လို့ ရခဲ့ ဖူးပါတယ်)။

Recovery နဲ့  fastboot ဆိုတာလုံးဝမတူပါဘူး။နှစ်ကောင်စလုံးကတော့  bootloader ထဲမှာရှိတာပါပဲ။

bootloader ကနေ recovery ထဲကိုသွားနိုင်သလို fastboot ထဲကိုလည်းသွားနိုင်ပါတယ်။

recovery နဲ့  fastboot နဲ့ မှာ fastboot ကဆရာပိုကျပါတယ်။

fastboot ကိုသုံးပြီးမှ stock recovery ကို CWM recovery နဲ့ အစားထိုးနိုင်မှာကိုး။

ဗဟုသုတအနေနဲ့ ပြောရရင် Droid Razr မှာ bootloader locked လုပ်ထားတဲ့ အတွက်

ICS ကို မြှင့် ပြီးရင် GB ကို ပြန်ဆင်းလို့ မရပါဘူး။

ICS ကိုမြှင့် လိုက်တာနဲ့  RAZR bootloader version ပါ upgrade ဖြစ်သွားလို့ ပါ။

ဒီပို့စ်ကို ဘယ်သူရေးမှန်းတော့မသိတော့ပါဘူး။  ရေးတဲ့သူကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ M3Group Mobile Care မှပြန်လည်ဝေမျှလိုက်ပါတယ်။

http://www.winkabarkyaw.net/
MTTG

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment