Powered by Blogger.

Popular Posts

RSS

Viber က ဖြေရှင်းပေးသော Viber ပြဿ နာ

ဒါကတော့ မှတ်သားထာားသင့်သော viber ရဲ့ ပြဿ   နာ နှင့် အဖြေများ Viber မှ ဖြေရှင်းပေးလိုက်သော Viber ပြဿ     နာများ ===============================  မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။ A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။ A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။  Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။ A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်  (၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။ (၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။ (၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။ (၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။ (၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။ (၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။ (၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။  Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင် ကောင်းမှာပဲနော်။ A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ ခေါ်ဆိုနိုင်ပါလိမ့်မယ်။  Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။ A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။ http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။  (၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။  (၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။  (၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။  Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။ A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။  Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။ A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။  Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။ A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။  Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။ A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။  Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။ A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။  -------------------------------------------------  May Thazin (TSJ Team)
-------------------------------------------------
မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး
တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့
ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။
A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။

ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။
A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။

Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။
A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်

(၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။
(၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။
(၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။
(၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။
(၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။
(၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။
(၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။

Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင်
ကောင်းမှာပဲနော်။
A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ
ခေါ်ဆိုနိုင်ပါလိမ့်မယ်။

Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။
A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။
http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message
တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။

(၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။

(၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။

(၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။

Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။
A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။

Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။
A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။

Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။
A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။

Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။
A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။

Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။
A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment